ရောမ ၆:၁-၂၃

  • နှစ်​ခြင်း​ခံ​ပြီး ခ​ရစ်​တော်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း ဖြစ်​လာ​သူ​များ ဘ​ဝ​လမ်း​စဉ်​အသစ်​မှာ လျှောက်​လှမ်း (၁-၁၁)

  • ခ​န္ဓာ​ကိုယ်​ရဲ့ အလို​ဆန္ဒ​နောက် လိုက်​ပြီး အပြစ်​ကို ကြီး​စိုး​ခွင့်​မပြု​ပါ​နဲ့ (၁၂-၁၄)

  • အပြစ်​ရဲ့​ကျွန်​က​နေ ဘု​ရား​သခင်​ရဲ့​ကျွန်​ဖြစ်​လာ (၁၅-၂၃)

    • အပြစ်​ရဲ့​အခ​ဟာ သေခြင်း။ ဘု​ရား​သခင်​ပေး​တဲ့ ဆု​ကျေး​ဇူး​ဟာ အသက် (၂၃)

 ဒါ​ဆို​ရင်  ဘယ်​လို​ပြော​ရ​မလဲ။ မဟာ​က​ရု​ဏာ​တော် ကြီး​မား​လှ​တယ်​ဆို​တိုင်း အပြစ်​တွေ ဆက်​ကျူး​လွန်​နေ​ရ​မှာ​လား။ ၂  လုံး​ဝ မဟုတ်​ပါ​ဘူး။ ကျွန်​တော်​တို့​က အပြစ်​လမ်း​စဉ်​မှာ သေဆုံး​ခဲ့​ပြီး​မှ​တော့+ အဲ​ဒီ​လမ်း​စဉ်​မှာ ဘယ်​လို ဆက်​ရှင်​သန်​လို့ရ​မှာ​လဲ။+ ၃  ကျွန်​တော်​တို့​အား​လုံး နှစ်​ခြင်း​ခံ​ပြီး ခရစ်​တော်​ယေရှု​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း ဖြစ်​ပြီဆို​တော့+ ခ​ရစ်​တော်​နဲ့​အတူ သေခြင်း​မှာ နှစ်​ခြင်း​ခံ​ရ​မယ်​ဆို​တာ  မသိ​ကြ​ဘူး​လား။+ ၄  ကျွန်​တော်​တို့​က ခ​ရစ်​တော်ရဲ့​သေခြင်း​မှာ နှစ်​ခြင်း​ခံ​ထား​တဲ့​အတွက်  ခ​ရစ်​တော်​နဲ့​အတူ သင်္ဂြိုဟ်​ခံ​ရ​တယ်။+ အဖဘုရား​ရဲ့ ဘုန်း​တော်​ကြောင့်  ခ​ရစ်​တော်​ဟာ သေရာ​က​နေ အသက်​ပြန်​ရှင်​လာ​သလို ကျွန်​တော်​တို့​လည်း ဘ​ဝ​လမ်း​စဉ်​သစ်​မှာ လျှောက်​လှမ်း​ရ​မယ်။+ ၅  ခ​ရစ်​တော်​လို သေဆုံး​တယ်​ဆို​ရင်+ ခ​ရစ်​တော်​လို ရှင်​ပြန်​ထ​မြောက်​လာ​မှာ သေချာ​တယ်။+ ဒီ​နည်း​နဲ့ ကျွန်​တော်​တို့​ဟာ ခရစ်​တော်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း ဖြစ်​ကြ​တယ်။ ၆  အပြစ်​ရှိ​တဲ့​ခ​န္ဓာ​ကိုယ်​ရဲ့ ထိန်း​ချုပ်​မှု မခံ​ရ​တော့​အောင်၊+ အပြစ်​ရဲ့​ကျေး​ကျွန် မဖြစ်​တော့​အောင်+ ကိုယ့်​ရဲ့ ပင်​ကို​စ​ရိုက်​ဟောင်း​ကို ခ​ရစ်​တော်​နဲ့​အတူ သစ်​တိုင်​မှာ ရိုက်​ထား​လိုက်​ပြီဆို​တာ+ ကျွန်​တော်​တို့ သိ​ပါ​တယ်။ ၇  လူ​တစ်​ယောက် သေဆုံး​ပြီဆို​ရင်  အပြစ်​ရဲ့​လက်​အောက်​က​နေ လွတ်​မြောက်​သွား​ပြီ။ ၈  အဲ​ဒီ​အပြင် ခ​ရစ်​တော်​နဲ့​အတူ သေဆုံး​ပြီဆို​ရင် ခ​ရစ်​တော်​နဲ့​အတူ အသက်​ရှင်​မယ်​ဆို​တာ ကျွန်​တော်​တို့ ယုံ​ကြည်​တယ်။ ၉  သေရာ​က​နေ အသက်​ပြန်​ရှင်​လာ​တဲ့ ခ​ရစ်​တော်​ဟာ+ ဘယ်​တော့​မှ မသေရ​တော့​ဘူး​ဆို​တာ+ ကျွန်​တော်​တို့ သိ​ပါ​တယ်။ သေခြင်း​က သူ့​ကို​ သခင်​တစ်​ယောက်​လို  မကြီး​စိုးတော့​ဘူး။ ၁၀  ခ​ရစ်​တော်​က​ အသေ​ခံ​တဲ့​အခါ အပြစ်​ကို​ ဖယ်​ရှား​ဖို့ တစ်​ကြိမ်​တည်း​အပြီး  အသေခံ​ခဲ့​တယ်။+  အ​သက်​ရှင်​တဲ့​အခါ  ဘု​ရား​သခင်​အလို​တော် ဆောင်​ဖို့​ပဲ အသက်​ရှင်​လာ​တယ်။ ၁၁  အလား​တူ၊ ခင်​ဗျား​တို့​လည်း အပြစ်​လမ်း​စဉ်​မှာ သေဆုံး​ခဲ့​ပြီ၊ ဘု​ရား​သခင်​အလို​တော် ဆောင်​ဖို့ ခ​ရစ်​တော်​ယေရှု​အား​ဖြင့် အသက်​ရှင်​နေ​ပြီလို့ ကိုယ့်​ကိုယ်​ကိုယ် ယူ​မှတ်​ကြ​ပါ။+ ၁၂  ဒါ​ကြောင့် သေတတ်​တဲ့ ခ​န္ဓာ​ကိုယ်​ရဲ့ အလို​ဆန္ဒ​နောက်​ကို လိုက်​ပြီး အပြစ်​ကို ဘု​ရင်​တစ်​ပါး​လို စိုး​မိုး​ခွင့်​မပြု​ပါ​နဲ့။+ ၁၃  ခင်​ဗျား​တို့​ရဲ့ ခ​န္ဓာ​ကိုယ်​ကို မတ​ရား​မှု​ရဲ့ လက်​နက်​အဖြစ် အပြစ်​ဆီ မဆက်​သပါ​နဲ့​တော့။ အဲ​ဒီ​အစား သေရာ​က​နေ အသက်​ပြန်​ရှင်​လာ​သူ​တွေ​အဖြစ် ဘု​ရား​သခင်​ဆီ ကိုယ့်​ကိုယ်​ကိုယ် ဆက်​သပါ။ ခ​န္ဓာ​ကိုယ်​ကို​လည်း ဖြောင့်​မတ်​ခြင်း​ရဲ့ လက်​နက်​အဖြစ် ဘု​ရား​သခင်​ဆီ ဆက်​သပါ။+ ၁၄  ခင်​ဗျား​တို့​ဟာ ပညတ်​အောက်​မှာ မရှိ​တော့​ဘဲ+ မဟာ​က​ရု​ဏာ​တော်အောက်​မှာ  ရှိ​နေ​တဲ့​အတွက်+ အပြစ်​ကို သခင်​တစ်​ယောက်​လို ကြီး​စိုး​ခွင့် မပြု​ပါ​နဲ့​တော့။ ၁၅  အဲ​ဒီ​တော့ ဘယ်​လို​ပြော​ရ​မလဲ။ ကျွန်​တော်​တို့​က ပညတ်​အောက်​မှာ မရှိ​တော့​ဘဲ မဟာ​က​ရု​ဏာ​တော်​အောက်​မှာ ရှိ​နေ​ပြီဆို​တိုင်း အပြစ်​ကျူး​လွန်​ရမှာလား။+  လုံး​ဝ  မဟုတ်​ပါ​ဘူး။ ၁၆  သေခြင်း​ကို ဦး​တည်​တဲ့+ အပြစ်​ဆီ+ ဒါ​မှ​မဟုတ်  ဖြောင့်​မတ်​ခြင်း​ကို  ဦး​တည်​တဲ့  နာ​ခံ​ခြင်း​ဆီ  ကျွန်​တစ်​ယောက်​အဖြစ် နာ​ခံ​ဖို့ ကိုယ့်​ကိုယ်​ကိုယ် ဆက်​သလိုက်​ပြီဆို​ရင် အဲ​ဒီ​အရာရဲ့ ကျွန်​ဖြစ်​သွား​ပြီဆို​တာ+ မသိ​ကြ​ဘူး​လား။ ၁၇  ခင်​ဗျား​တို့​ဟာ အပြစ်​ရဲ့​ကျွန် ဖြစ်​ခဲ့​ဖူး​ပေမဲ့ ရ​ရှိ​တဲ့​သွန်​သင်​ချက်​ကို  စိတ်​ရော​ကိုယ်​ပါ  နာခံတဲ့​အတွက် ဘုရား​သခင်​ရဲ့ ကျေး​ဇူး​တော် ကြီး​လှ​ပါ​တယ်။ ၁၈  ခင်​ဗျား​တို့​ဟာ အပြစ်​ရဲ့​လက်​က​နေ  လွတ်​မြောက်​ပြီဖြစ်​လို့+ ဖြောင့်​မတ်​ခြင်း​ရဲ့​ကျွန်​တွေ ဖြစ်​လာ​ကြ​ပြီ။+ ၁၉  အပြစ်​ကြောင့် ခင်​ဗျား​တို့ အား​နည်း​နေ​လို့ လူ​တွေ​နား​လည်​တဲ့ စ​ကား​လုံး​တွေ​သုံး​ပြီး ကျွန်​တော်​ပြော​နေ​တာ။ အရင်​တုန်း​က ခ​န္ဓာ​ကိုယ်​ကို ညစ်​ညူး​ခြင်း​နဲ့ တ​ရား​မဲ့​ခြင်း​ရဲ့ ကျွန်​အဖြစ် ဆက်​သပြီး တ​ရား​မဲ့​ခဲ့​သလို အခု ဖြောင့်​မတ်​ခြင်း​ရဲ့ ကျွန်​အဖြစ် ခ​န္ဓာ​ကိုယ်​ကို ဆက်​သပြီး သန့်​ရှင်း​တဲ့​အဖြစ်​ကို ရောက်​ကြ​ပါ။+ ၂၀  ဘာ​လို့​လဲ​ဆို​တော့ ခင်ဗျား​တို့ အပြစ်​ရဲ့​ကျွန်​ဖြစ်​တုန်း​က ဖြောင့်​မတ်​ရာ​ကို လုပ်ဆောင်​ရ​မယ့်​တာ​ဝန် မရှိ​ခဲ့လို့​ပဲ။ ၂၁  အဲ​ဒီ​တုန်း​က ဘယ်​လို​လုပ်​ရပ်တွေ ခင်​ဗျား​တို့ လုပ်​ခဲ့​သလဲ။ အခု​အချိန်​မှာ အဲ​ဒီ​လုပ်​ရပ်တွေ​ဟာ ရှက်​စ​ရာ​ပဲ။ အဲ​ဒီ​လုပ်​ရပ်တွေရဲ့ လမ်း​ဆုံး​ဟာ သေခြင်း​ပဲ။+ ၂၂  အခု​တော့ ခင်​ဗျား​တို့​ဟာ အပြစ်​ရဲ့​လက်​အောက်​က​နေ  လွတ်​မြောက်​ပြီး  ဘု​ရား​သခင်​ရဲ့​ကျွန်​တွေ ဖြစ်​လာ​ပြီဆို​တော့  သန့်​ရှင်း​ခြင်း​နဲ့​ဆိုင်တဲ့​ လုပ်​ရပ်တွေ လုပ်​နေ​ကြ​ပြီ။+ အဆုံး​မှာ ထာ​ဝ​ရ​အသက် ရ​လိမ့်​မယ်။+ ၂၃  အပြစ်​က​ပေး​တဲ့ အခ​ဟာ သေခြင်း​ပဲ။+ ဘု​ရား​သခင်​ပေး​တဲ့ ဆု​ကျေး​ဇူး​က​တော့ သခင်​ခ​ရစ်​တော် ယေရှု​အား​ဖြင့်+ ထာ​ဝ​ရ​အသက်​ပဲ။+

အောက်ခြေမှတ်ချက်များ