ရှောလမုန်သီချင်း ၁:၁-၁၇
၁ ရှောလမုန် ရေးစပ်ခဲ့တဲ့ အကောင်းတကာ့ အကောင်းဆုံးသီချင်း–+
၂ “ကျွန်မကို မောင် နမ်းပါစေ။
မောင့်ရဲ့ ချစ်ခင်ယုယမှုတွေဟာ စပျစ်ဝိုင်ထက် ကောင်းလို့ပါ။+
၃ မောင်ဆွတ်ထားတဲ့ ဆီဟာ မွှေးလိုက်တာ။+
မောင့်နာမည်ဟာ ခေါင်းပေါ်လောင်းချတဲ့ ဆီမွှေးလိုပဲ။+
ဒါကြောင့် မိန်းမပျိုလေးတွေ မောင့်ကိုချစ်ကြတာ။
၄ ကျွန်မကို ခေါ်သွားပါတော့။ မင်းကြီးက ကျွန်မကို အတွင်းခန်းတွေထဲ ခေါ်နေလို့ပါ။
ကျွန်မတို့ ပြေးကြစို့။
ဒို့နှစ်ယောက် အတူပျော်ကြရအောင်။
စပျစ်ဝိုင်ထက် ချိုမြိန်တဲ့ မောင့်ရဲ့ ချစ်ခင်ယုယမှုအကြောင်း ပြောကြရအောင်။
မိန်းမပျိုလေးတွေ မောင့်ကိုချစ်ကြတာ မဆန်းပါဘူး။
၅ အို ဂျေရုဆလင် သမီးပျိုတို့၊ ကျွန်မက ကေဒါရွက်ထည်တွေလို+ အသားညိုပေမဲ့ရှောလမုန်မင်းကြီးရဲ့ ရွက်ထည်တွေလို+ လှပါတယ်။
၆ ကျွန်မရဲ့အသားဟာ နေလောင်ပြီး ညိုနေလို့စိုက်မကြည့်ကြပါနဲ့။
အစ်ကိုတွေက ကျွန်မကို စိတ်ဆိုးပြီးစပျစ်ခြံစောင့်ခိုင်းတယ်။
ကျွန်မမှာ ကိုယ့်စပျစ်ခြံကိုတောင် ဂရုမစိုက်အားဘူး။
၇ မြတ်နိုးရတဲ့မောင်၊မောင် ဘယ်မှာ သိုးထိန်းနေတယ်၊+မွန်းတည့်ချိန်မှာ သိုးတွေကို ဘယ်မှာ နားခိုင်းမယ်ဆိုတာ ပြောပြပါဦး။
နို့မို့ဆို ကျွန်မဟာ ပဝါခြုံထားတဲ့ မိန်းမလိုမောင့်အပေါင်းအဖော်တွေရဲ့ သိုးအုပ်တွေကြားမှာ မောင့်ကို လိုက်ရှာနေရမှာပေါ့။”
၈ “အို အလှဆုံးမိန်းကလေး၊ နင် မသိဘူးဆိုရင်သိုးတွေနောက် ခြေရာခံလိုက် သွားပါလား။
သိုးထိန်းတဲတွေနားမှာ ဆိတ်ကလေးတွေကို ကျောင်းနေလိုက်ပေါ့။”
၉ “အို ချစ်ရတဲ့သူ၊ ဖာရောမင်းရဲ့ ရထားတွေကိုဆွဲတဲ့ မြင်းမလေးနဲ့ မင်းကို တင်စားပါရစေ။+
၁၀ အလှတန်ဆာ ဆင်မြန်းထားတဲ့* မင်းရဲ့ပါးပြင်လေးဟာ ချစ်စရာကောင်းလိုက်တာ။
လည်တိုင်ကလည်း ပုတီးကုံးလေးတွေနဲ့ လှလိုက်တာ။
၁၁ ရွှေအလှတန်ဆာတွေ၊ ငွေအလှတန်ဆာတွေမင်းအတွက် လုပ်ပေးမယ်လေ။”
၁၂ “မင်းကြီးက စားပွဲဝိုင်းမှာထိုင်ပြီး စကားပြောနေချိန်မှာကျွန်မရဲ့ဆီမွှေးရနံ့+ သင်းပျံ့နေတယ်။
၁၃ ချစ်သူဟာ ကျွန်မရင်ခွင်မှာ တစ်ညလုံးရှိနေတဲ့မုရန်အိတ်လိုပါပဲ။+
၁၄ ကျွန်မအတွက်တော့ ချစ်သူဟာအင်ဂေဒိ စပျစ်ခြံတွေအလယ်က+ ဒန်းပန်းတစ်ခိုင်လိုပါပဲ။”+
၁၅ “အို မောင့်ချစ်သူ၊ မင်းလေး လှလိုက်တာ။
တကယ်လှတယ်ဗျာ။ မင်းရဲ့ မျက်လုံးလေးတွေဟာ ချိုးငှက်မျက်လုံးတွေလိုပါပဲ။”+
၁၆ “အို ချစ်ရတဲ့မောင်၊ မောင်လည်း ချောပါတယ်။ မြတ်နိုးစရာကောင်းပါတယ်။+
သစ်ရွက်လေးတွေဟာ ကျွန်မတို့အိပ်ရာပေါ့။
၁၇ သစ်ကတိုးပင်တွေဟာ အိမ်ရဲ့ထုပ်တန်းတွေ၊ဂျူနီပါထင်းရှူးပင်တွေဟာ အိမ်ရဲ့ဒိုင်းတွေပေါ့။
အောက်ခြေမှတ်ချက်များ
^ “ကျစ်ဆံမြီး နှစ်ဖက်ကြားက” လည်းဖြစ်နိုင်။