ရှောလမုန်သီချင်း ၂:၁-၁၇
၂ “ကျွန်မဟာ ကမ်းရိုးတန်း လွင်ပြင်မှာ ပေါက်တဲ့ အရိုင်းပန်းလေးပါ။*
ချိုင့်ဝှမ်းတွေမှာ ပေါက်တဲ့ နှင်းပန်းလေးပါ။”+
၂ “မိန်းကလေးတွေထဲမှာ မောင့်ချစ်သူဟာဆူးပင်တွေအလယ်က နှင်းပန်းလေးလိုပဲ။”
၃ “ယောက်ျားလေးတွေထဲမှာ ကျွန်မချစ်သူဟာတောသစ်ပင်တွေ အလယ်က ပန်းသီးပင်လိုပဲ။
အဲဒီအပင်ရိပ်မှာ ကျွန်မ ခိုနားချင်လိုက်တာ။
အသီးတွေဟာ သိပ်ချိုမြိန်တာပဲ။
၄ ချစ်သူက ကျွန်မကို စားသောက်ပွဲကျင်းပတဲ့အိမ်ထဲ ခေါ်သွားတယ်။
သူ့မေတ္တာဟာ ကျွန်မအတွက်ပဲဆိုတာ လူတကာသိနိုင်တယ်။
၅ လွမ်းနာကျနေတဲ့ ကျွန်မကိုလန်းဆန်းသွားအောင် စပျစ်သီးပျဉ်တွေ ကျွေးကြပါဦး။+
အားပြည့်သွားအောင် ပန်းသီးတွေ ကျွေးကြပါဦး။
၆ ချစ်သူရဲ့ ဘယ်လက်ဟာ ကျွန်မခေါင်းအုံးပဲ။
ညာလက်နဲ့ ကျွန်မကို ပွေ့ဖက်ထားတယ်။+
၇ အို ဂျေရုဆလင် သမီးပျိုတို့၊ကျွန်မရင်ထဲမှာ အချစ်စိတ် ပေါ်မလာတဲ့အတွက် ပေါ်အောင် အတင်းမလုပ်ပါဘူးလို့+လယ်ပြင်က ဒရယ်တွေ၊+ သမင်မတွေကို တိုင်တည်ပြီး သစ္စာဆိုကြပါ။
၈ ချစ်သူရဲ့ အသံပါလား။
ကြည့်စမ်း၊ တောင်တန်း တောင်ကုန်းတွေကို ဖြတ်ကျော်ပြီးသူအပြေးအလွှား လာနေပြီ။
၉ ကျွန်မချစ်သူဟာ ဒရယ်နဲ့တူတယ်။ သမင်ပျိုနဲ့လည်း တူတယ်။+
ဟော ဟိုမှာ၊ ကျွန်မတို့အိမ်နံရံနောက်မှာ သူရပ်နေတယ်။
ပြတင်းပေါက်ကနေ ငေးကြည့်နေတယ်။
မှန်ကူကွက်တွေကြားကနေ လှမ်းကြည့်နေတယ်။
၁၀ ကျွန်မချစ်သူက ပြောတယ်–
‘မောင့်ချစ်သူရေ၊ ထပါတော့။
မောင့်ရဲ့ အလှဆုံးလေး၊ အတူလိုက်ခဲ့ပါတော့။
၁၁ ဆောင်းရာသီ ကုန်ပြီ။
မိုးတွေလည်း နှုတ်ဆက်ထွက်ခွာသွားပြီ။
၁၂ ရွာမှာ ပန်းတွေပွင့်လာပြီ။+
အပင်တွေချိုင်ရမယ့်အချိန် ရောက်ပြီ။+
မောင်တို့မြေမှာ ချိုးကူသံ ကြားရပြီ။+
၁၃ သီးဦးသီးဖျား သဖန်းသီးတွေ ဝင်းမှည့်လာပြီ။+
စပျစ်ပင်တွေ ဖူးပွင့်ပြီး ရနံ့သင်းထုံလာပြီ။
မောင့်ချစ်သူရေ၊ ထလာခဲ့ပါတော့။
အလှဆုံးလေး၊ အတူလိုက်ခဲ့ပါတော့။
၁၄ ကျောက်ဆောင်တွေ၊ ကျောက်ကမ်းပါးတွေကြားမှာ ခိုအောင်းနေတဲ့ မောင့်ချိုးငှက်လေးရေ၊+မင်းကို တွေ့ပါရစေ။ အသံလေး ကြားပါရစေ။+
မင်းအသံဟာ ချိုသာလို့ပါ။
မင်းမျက်နှာဟာ ချစ်စရာကောင်းလို့ပါ။’”+
၁၅ “ငါတို့စပျစ်ခြံတွေ ဖူးပွင့်နေပြီ။
စပျစ်ခြံတွေကို ဖျက်ဆီးနေတဲ့ မြေခွေးတွေ၊ မြေခွေးလေးတွေကို ဖမ်းကြပါ။”
၁၆ “ချစ်သူဟာ ကျွန်မရဲ့ မူပိုင်ရှင်ပါ။ ကျွန်မကလည်း ချစ်သူရဲ့ မူပိုင်ရှင်ပါ။+
နှင်းပန်းတောထဲမှာ+ သူသိုးထိန်းနေတယ်။+
၁၇ အို ချစ်ရတဲ့မောင်၊လေပြည် မသွေးခင်၊ အရိပ်တွေ မကွယ်ပျောက်ခင် အပြေးလှမ်းလာခဲ့ပါတော့။
စည်းခြားထားတဲ့ တောင်တန်းပေါ်က* ဒရယ်လို၊+ သမင်ပျိုလို+ အရောက်လှမ်းလာခဲ့ပါတော့။