ရှောလမုန်သီချင်း ၃:၁-၁၁

  • မိန်း​မပျို (၁-၅)

    • ‘ည​ယံ​တွေ​မှာ ချစ်​ရ​တဲ့​မောင့်​ကို လိုက်​ရှာ​နေ​တယ်’ ()

  • ဇိ​အုန်​သမီး​ပျို (၆-၁၁)

    • ရှော​လ​မုန် တိုင်း​ခန်း​လှည့်​လည်

 “ည​ယံ​တွေ​မှာ အိပ်​ရာ​ပေါ် လှဲ​နေ​ရင်းချစ်​ရ​တဲ့ မောင့်​အကြောင်း တွေး​နေ​မိ​တယ်။+ သူ့​ကို လိုက်​ရှာ​ကြည့်​ပေမဲ့ မတွေ့​ဘူး။+  ၂  အခု ထ​ပြီး မြို့​ထဲ​သွား​မယ်။ လမ်း​တ​ကာ​မှာ၊ လူ​ထု​ရင်​ပြင်​တွေ​မှာကျွန်​မချစ်​ရ​တဲ့​သူ​ကို လိုက်​ရှာ​ကြည့်​မယ်။ ရှာ​ကြည့်​တော့​လည်း မတွေ့​ပါ​လား။  ၃  မြို့​ထဲ​မှာ ကင်း​လှည့်​နေ​တဲ့ ကင်းစောင့်​တွေ​ကို တွေ့​တဲ့​အခါ+‘ကျွန်​မရဲ့​ချစ်​သူ​ကို တွေ့​မိ​လား’ လို့ မေး​ကြည့်​တယ်။  ၄  ကင်း​စောင့်​တွေ​ကို ကျော်သွား​တာ​နဲ့ချစ်​ရ​တဲ့​သူ​ကို တွေ့​လိုက်​ရ​တယ်။ ဒါ​နဲ့​ သူ့​ကို​ မလွှတ်​တမ်း​ဆုပ်​ကိုင်​ပြီးအမေ့​အိမ်​ဆီ၊ မွေး​မိ​ခင်​ရဲ့ အတွင်း​ခန်း​ဆီ ခေါ်​သွား​လိုက်​တယ်။+  ၅  အို ဂျေရု​ဆ​လင် သမီး​ပျို​တို့၊ကျွန်​မရင်​ထဲ​မှာ အချစ်​စိတ် ပေါ်​မလာ​တဲ့​အတွက် ပေါ်​အောင် အတင်း​မလုပ်​ပါ​ဘူး​လို့လယ်​ပြင်​က ဒ​ရယ်တွေ၊ သမင်​မ​တွေ​ကို တိုင်​တည်​ပြီး သစ္စာ​ဆို​ကြ​ပါ။”+  ၆  “မု​ရန်​သစ်​စေး၊ လော​ဗန်၊*ကုန်​သည်​ရောင်း​တဲ့ နံ့​သာ​မှုန့်​အမျိုး​မျိုး​ရဲ့ ရ​နံ့​တွေ သင်း​ထုံ​နေ​တဲ့မီး​ခိုး​လုံး​ကြီး​တွေ​လို တော​ကန္တာရ​က​နေ တက်​လာ​တာ ဘာ​များ​ပါလိမ့်။”+  ၇  “ရှော​လ​မုန်​မင်း​ကြီး​ရဲ့ ဝေါ​ယာဉ်​ပဲ​ပေါ့။ ခွန်​အား​ကြီး​တဲ့ အစ္စရေး​သူ​ရဲ​ကောင်း ခြောက်​ဆယ်​ကဝေါ​ယာဉ်​ကို ခြံ​ရံ​ထား​တယ်။+  ၈  သူတို့​အားလုံး ဓား​ကိုယ်​စီ ဆောင်​ထား​တယ်။ စစ်​ရေး​ကျွမ်း​ကျင်​တယ်။ ည​ရေး​ည​တာ​ကြုံ​ရ​မယ့် အန္တရာယ်တွေ​က​နေ ကာ​ကွယ်​ဖို့ခါး​မှာ ဓား​ကိုယ်​စီ ချိတ်​ထား​တယ်။”  ၉  “ရှော​လ​မုန်​မင်း​ကြီး​က အဲဒီ​ဝေါယာဉ်​ကိုလက်​ဘ​နွန်​သစ်​တွေ​နဲ့ လုပ်​ထား​တယ်။+ ၁၀  တိုင်​တွေ​ကို ငွေ​နဲ့၊နောက်​မှီ​ကို ရွှေ​နဲ့ မွမ်း​မံ​ထား​တယ်။ ခုံ​ကို ခ​ရမ်းရောင်​သိုး​မွေး ခင်း​ထား​တယ်။ အတွင်း​ပိုင်း​ကို​တော့ ဂျေရု​ဆ​လင် သမီး​ပျို​တွေ​ကအလှ​ဆုံး​ဖြစ်​အောင် ဆင်​ယင်​ပေး​ထား​တယ်။” ၁၁  “အို ဇိ​အုန်​သမီး​ပျို​တို့၊ရှော​လ​မုန်​မင်း​ကြီး​ကို ထွက်​ကြည့်​ကြ​ပါ​ဦး။ မင်း​ကြီး​က ထိမ်း​မြား​တဲ့​နေ့၊ပျော်​ရွှင်​ရ​တဲ့​နေ့​မှာ ဆင်​မြန်း​ဖို့မယ်​တော်+ လုပ်​ပေး​ထား​တဲ့ ပန်း​ဦးရစ်​ကို ဆောင်း​ထား​တယ်။”

အောက်ခြေမှတ်ချက်များ

မီး​ရှို့​တဲ့​အခါ မွှေး​ကြိုင်​တဲ့ အဖြူ​ရောင် သစ်​စေး​တစ်​မျိုး။