ရှောလမုန်သီချင်း ၄:၁-၁၆

  • သိုးထိန်း (၁-၅)

    • “မောင့်ချစ်သူ၊ မင်းလေး လှလိုက်တာ” ()

  • မိန်းမပျို ()

  • သိုးထိန်း (၇-၁၆က)

    • ‘မောင့်သတို့သမီး၊ မောင့်နှလုံးသားကို မင်းသိမ်းပိုက်လိုက်ပြီ’ ()

  • မိန်းမပျို (၁၆ခ)

 “အို မောင့်ချစ်သူ၊ မင်းလေး လှလိုက်တာ။ တကယ်လှတယ်ဗျာ။ ဇာပဝါနဲ့ ကွယ်ထားတဲ့ မင်းရဲ့မျက်လုံးတွေဟာချိုးငှက်ရဲ့ မျက်လုံးလေးတွေလိုပဲ။ မင်းရဲ့ဆံပင်တွေဟာ ဂိလဒ်တောင်တန်းတွေကနေ ဆင်းလာတဲ့ဆိတ်အုပ်လိုပါပဲ။+  ၂  မင်းရဲ့ သွားလေးတွေဟာရေချိုးပြီး တက်လာတဲ့ အမွေးညှပ်ပြီးစ သိုးအုပ်နဲ့တူတယ်။ အားလုံး ညီညာသွယ်တန်းနေတယ်။ တစ်ချောင်းမှ မလျော့ဘူး။  ၃  မင်းရဲ့နှုတ်ခမ်းလေးတွေဟာ ကြက်သွေးရောင် ဖဲကြိုးလေးလိုပဲ။ မင်းပြောတဲ့ စကားတွေ ချိုသာလှတယ်။ ဇာပဝါနဲ့ ကွယ်ထားတဲ့ ပါးပြင်ဟာသလဲသီးစိတ်နဲ့ တူတယ်။  ၄  မင်းရဲ့လည်တိုင်ဟာ+ ဒါဝိဒ်မျှော်စင်နဲ့ တူတယ်။+ ကျောက်တွေစီတန်းပြီး ဆောက်ထားတဲ့ အဲဒီမျှော်စင်မှာစစ်သူရဲတွေရဲ့ ဒိုင်းဝိုင်းတစ်ထောင် ချိတ်ဆွဲထားတယ်။+  ၅  မင်းရဲ့ရင်သားဟာနှင်းပန်းတွေကြားမှာ ကျက်စားနေတဲ့ဒရယ်အမြွှာလေး နှစ်ကောင်နဲ့ တူတယ်။”+  ၆  “လေပြည် မသွေးခင်၊ အရိပ်တွေ မကွယ်ပျောက်ခင်မုရန်တောင်တန်းနဲ့ လောဗန်တောင်ကုန်းဆီကျွန်မသွားမယ်။”+  ၇  “မောင့်ချစ်သူ၊ မင်းဟာ သိပ်လှတာပဲ။+ ပြစ်မျိုးမှဲ့မထင်လေးပါပဲ။  ၈  အို မောင့်သတို့သမီး၊ လက်ဘနွန်ကို ထားရစ်ပြီး မောင်ခေါ်ရာ လိုက်ခဲ့ပါ။ လက်ဘနွန်ကို ထားရစ်ပြီး မောင်နဲ့အတူ လိုက်ခဲ့ပါတော့။+ အာမန* တောင်ထိပ်၊ စိနဲတောင်ထိပ်၊ဟေရမုန်တောင်ထိပ်၊+ ခြင်္သေ့ခိုအောင်းတဲ့ ဂူတွေ၊ကျားသစ်ကျက်စားရာ တောင်တန်းတွေပေါ်ကနေ ဆင်းလာခဲ့ပါတော့။  ၉  အို မောင့်နှမ၊ မောင့်သတို့သမီး၊ မင်းက မောင့်နှလုံးသားကို သိမ်းပိုက်လိုက်ပြီပဲ။+ အကြည့်တစ်ချက်လေးနဲ့၊ လည်ဆွဲတစ်စွန်းတစ်စလေးနဲ့မောင့်နှလုံးသားကို သိမ်းပိုက်လိုက်ပြီပဲ။ ၁၀  အို မောင့်နှမ၊ မောင့်သတို့သမီး၊ မင်းရဲ့ ချစ်ခင်ယုယမှုတွေဟာ ကြည်နူးစရာ ကောင်းလိုက်တာ။+ မင်းရဲ့ ချစ်ခင်ယုယမှုတွေဟာ စပျစ်ဝိုင်ထက် အဆမတန် ကောင်းတယ်။+ မင်းဆွတ်ထားတဲ့ ဆီမွှေးဟာ အမွှေးနံ့သာ အားလုံးထက် ပိုမွှေးတယ်။+ ၁၁  အို မောင့်သတို့သမီး၊ မင်းရဲ့ နှုတ်ခမ်းကနေ ပျားရည်တွေ တစက်စက် ယိုကျနေတယ်။+ မင်းရဲ့လျှာအောက်မှာ နို့ရည်နဲ့ပျားရည် ရှိတယ်။+ မင်းရဲ့အဝတ်အစားတွေဟာ လက်ဘနွန်တောင်ရဲ့ရနံ့လို သင်းပျံ့နေတယ်။ ၁၂  မောင့်နှမ၊ မောင့်သတို့သမီး၊ မင်းဟာ တံတိုင်းခတ်ထားတဲ့ ဥယျာဉ်နဲ့တူတယ်။ မင်းဟာ တံတိုင်းခတ်ထားတဲ့ ဥယျာဉ်ပါ။ ချိပ်ပိတ်ထားတဲ့ ရေတွင်းပါ။ ၁၃  မင်းရဲ့ အညွန့်လေးတွေဟာ* သလဲသီး ဥယျာဉ်ပဲ။* အဲဒီဥယျာဉ်ထဲမှာ အကောင်းဆုံးအသီးတွေ၊ ဒန်းပင်တွေ၊ နာဒုဆီမွှေးပင်တွေ ဝေဆာနေတယ်။ ၁၄  နာဒုဆီမွှေးပင်၊+ ကုံကုမံပင်၊ ကြံမွှေးပင်၊+သစ်ကြံပိုးပင်၊+ လောဗန်ပင်အမျိုးမျိုး၊ မုရန်သစ်စေးပင်၊အကျော်ပင်၊+ အကောင်းဆုံး အမွှေးနံ့သာပင် အမျိုးမျိုး ဝေဆာနေတယ်။+ ၁၅  မင်းဟာ ဥယျာဉ်ထဲက စမ်းရေတွင်း၊ သောက်ရေတွင်းပဲ။ လက်ဘနွန်ကနေ စီးဆင်းလာတဲ့ စမ်းချောင်းလေးပဲ။+ ၁၆  အို မြောက်လေ၊ နိုးထပါတော့။ အို တောင်လေ၊ တိုက်ခတ်ပါတော့။ ငါ့ဥယျာဉ်မှာ လေပြည်သွေးပါတော့။ ဥယျာဉ်ထဲက မွှေးရနံ့တွေ သင်းပျံ့ပါစေ။” “ကျွန်မရဲ့ချစ်သူက သူ့ဥယျာဉ်ထဲ ဝင်လာပြီးအကောင်းဆုံး သစ်သီးတွေ စားသုံးပါစေ။”

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “လက်ဘနွန်အရှေ့ရိုးမ။”
“မင်းရဲ့ အသားအရေဟာ” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “ပရဒိသုပဲ။”