ရှောလမုန်သီချင်း ၆:၁-၁၃
၆ “အို အလှဆုံး မိန်းကလေး၊နင့်ချစ်သူ ဘယ်ကို ထွက်သွားတာလဲ။
ဘယ်ဘက်ကို ထွက်သွားတာလဲ။
ပြောပြလေ။ ငါတို့ ဝိုင်းရှာပေးမှာပေါ့။”
၂ “ကျွန်မရဲ့ ချစ်သူက ဥယျာဉ်ထဲ၊အမွှေးနံ့သာခင်းထဲ ဆင်းသွားတယ်။
ဥယျာဉ်တွေထဲမှာ သိုးထိန်းရင်းနှင်းပန်းတွေ ဆွတ်ခူးဖို့ ဆင်းသွားတာ။+
၃ ချစ်သူဟာ ကျွန်မရဲ့ မူပိုင်ရှင်ပါ။
ကျွန်မကလည်း ချစ်သူရဲ့ မူပိုင်ရှင်ပါ။+
နှင်းပန်းတောထဲမှာ သူသိုးထိန်းနေတယ်။”+
၄ “အို ချစ်ရတဲ့သူ၊+ မင်းဟာ တိရဇာမြို့လို လှတယ်။+
ဂျေရုဆလင်မြို့လို တင့်တယ်တယ်။+
အလံကိုင်ပြီး ရပ်နေတဲ့ တပ်မဟာကြီးလို အသက်ရှူမှားလောက်အောင် လှပါပေတယ်။+
၅ မင်းရဲ့အကြည့်ကို+ လွှဲပေးပါ။
ငါ့ကို သိပ်စိုးမိုးနေလို့ပါ။
မင်းရဲ့ ဆံပင်တွေဟာ ဂိလဒ်တောင်စောင်းပေါ်ကနေ ပြေးဆင်းလာတဲ့ဆိတ်အုပ်နဲ့ တူတယ်။+
၆ မင်းရဲ့ သွားလေးတွေဟာ ရေချိုးပြီး တက်လာတဲ့ သိုးအုပ်နဲ့တူတယ်။
အားလုံး ညီညာသွယ်တန်းနေတာပဲ။
တစ်ချောင်းမှ မလျော့ဘူး။
၇ ဇာပဝါနဲ့ ကွယ်ထားတဲ့ မင်းရဲ့ ပါးပြင်လေးဟာသလဲသီးစိတ်လိုပါပဲ။
၈ ငါ့အနားမှာ မိဖုရား ၆၀၊မောင်းမ ၈၀ ရှိတယ်။
မိန်းမပျိုလေးတွေလည်း အတိုင်းမသိများတယ်။+
၉ ဒါပေမဲ့ ငါ့ရဲ့ ချိုးငှက်လေး၊+ ခြောက်ပြစ်ကင်းသူလေးကတော့ တစ်ယောက်တည်းပါ။
မိခင်ရဲ့ အချစ်ဆုံး သမီးလေးပါ။
မွေးမိခင်ရဲ့ အမြတ်နိုးဆုံးလေးပါ။
မိန်းမပျိုတွေက သူ့ကိုတွေ့တဲ့အခါ ပျော်ရွှင်ချမ်းမြေ့သူလို့ ခေါ်ကြတယ်။
မိဖုရားတွေ၊ မောင်းမတွေလည်း သူ့ကို ချီးမွမ်းကြတယ်။
၁၀ ‘ဒီမိန်းကလေးဟာ ဘယ်သူများပါလိမ့်။
အရုဏ်ဦးလို တောက်ပတဲ့သူ၊လပြည့်ဝန်းလို လှပတဲ့သူ၊နေခြည်လို ကြည်လင်တဲ့သူ၊အလံကိုင်ပြီး ရပ်နေတဲ့ တပ်မဟာကြီးလို အသက်ရှူမှားလောက်အောင် လှတဲ့သူပါလား။’”+
၁၁ “ချိုင့်ဝှမ်းထဲက အပင်ပေါက်လေးတွေကို ကြည့်ဖို့၊စပျစ်ပင်တွေ အညွန့်ထွက်မထွက်၊သလဲပင်တွေ ပွင့်မပွင့်ကြည့်ဖို့သစ်သီးခြံထဲ ကျွန်မ ဆင်းသွားတယ်။+
၁၂ အဲဒီလို ကြည့်ချင်ဇောကြောင့်စိတ်ထားမြင့်မြတ်တဲ့ ကျွန်မလူမျိုးရဲ့ မြင်းရထားတွေဆီမထင်မှတ်ဘဲ ရောက်သွားတယ်။”
၁၃ “အို ရှုလမိုက်။ ပြန်လာခဲ့ပါ။ ပြန်ခဲ့ပါ။
မင်းကို ကြည့်ပါရစေ။
ပြန်လာခဲ့ပါ။ ပြန်ခဲ့ပါ။”
“ကျွန်မရှုလမိုက်ကို ဘာလို့ ငေးကြည့်နေကြတာလဲ။”+
“မဟာနိမ်အကကို* ကြည့်နေရသလို ဖြစ်လို့ပါ။”
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “အဖွဲ့နှစ်ဖွဲ့အကကို။”