ရှောလမုန်သီချင်း ၇:၁-၁၃
၇ “အို မွန်မြတ်တဲ့ မိန်းကလေး၊ဖိနပ်စီးထားတဲ့ မင်းရဲ့ခြေထောက်တွေ လှလိုက်တာ။
ပေါင်တံတွေကလည်းလက်မှုပညာသည် လုပ်ထားတဲ့ အလှတန်ဆာတွေလိုပဲ။
၂ မင်းရဲ့ချက်ဟာ လုံးဝိုင်းတဲ့ ဖလားလေးနဲ့ တူတယ်။
ဖလားထဲမှာ စပ်ထားတဲ့ စပျစ်ဝိုင်တွေ အမြဲရှိနေပါစေ။
ဝမ်းဗိုက်ဟာ နှင်းပန်းတွေခြံရံထားတဲ့ဂျုံစပါးပုံနဲ့ တူတယ်။
၃ မင်းရဲ့ရင်သားဟာဒရယ်အမြွှာလေး နှစ်ကောင်နဲ့ တူတယ်။+
၄ မင်းရဲ့လည်တိုင်ဟာ+ ဆင်စွယ်မျှော်စင်နဲ့ တူတယ်။+
မျက်လုံးလေးတွေဟာ+ ဟေရှဘုန်မြို့ရဲ့ ဗာရဗိမ်တံခါးနားကရေကန်တွေနဲ့ တူတယ်။+
နှာတံလေးဟာ ဒမတ်စကတ်မြို့ကို မျက်နှာမူထားတဲ့လက်ဘနွန်မျှော်စင်နဲ့ တူတယ်။
၅ မင်းရဲ့ခေါင်းဟာ ကရမေလတောင်လို တင့်တယ်တယ်။+
ဆံသားဟာ+ ခရမ်းရောင် သိုးမွေးလိုပဲ။+
ခွေကျနေတဲ့ ဆံကေသာအလှကြောင့် ငါအရှင်မင်းကြီးတောင် ရုန်းမထွက်နိုင်တော့ပါလား။
၆ အို ချစ်ရတဲ့ မိန်းကလေး၊ မင်းဟာ သိပ်လှတာပဲ။ ချစ်စရာ သိပ်ကောင်းတာပဲ။
စွဲမက်စရာတွေထဲမှာ မင်းဟာ စွဲမက်စရာ အကောင်းဆုံးပဲ။
၇ မင်းရဲ့ အရပ်အမောင်းဟာ စွန်ပလွံပင်နဲ့တူတယ်။
မင်းရဲ့ရင်သားဟာ စွန်ပလွံသီးပြွတ်တွေနဲ့ တူတယ်။+
၈ ‘စွန်ပလွံပင်ပေါ် တက်ပြီးစွန်ပလွံခိုင်တွေကို ကိုင်မယ်’ လို့ ငါပြောတယ်။
မင်းရဲ့ရင်သားဟာ စပျစ်ခိုင်တွေလို၊ခံတွင်းရနံ့ဟာ ပန်းသီးရနံ့လို ဖြစ်ပါစေ။
၉ မင်းရဲ့ခံတွင်းဟာ အကောင်းဆုံး စပျစ်ဝိုင်လို ဖြစ်ပါစေ။”
“အဲဒီစပျစ်ဝိုင်ဟာ ကျွန်မချစ်သူအတွက် စီးဆင်းပါစေ။
အိပ်မောကျနေသူရဲ့ နှုတ်ခမ်းပေါ် အသာအယာ စီးဆင်း သွားပါစေ။
၁၀ ချစ်သူက ကျွန်မကိုပိုင်တယ်။+
ကျွန်မကိုပဲ တမ်းတနေတယ်။
၁၁ အို ကျွန်မချစ်ရတဲ့မောင်၊ လှမ်းလာခဲ့ပါ။
ကွင်းပြင်တွေဆီ သွားရအောင်။
ဒန်းပန်းတောထဲမှာ နေရအောင်။+
၁၂ စောစောထပြီး စပျစ်ခြံတွေဆီ သွားရအောင်။
စပျစ်ပင်တွေ အညွန့်ထွက်မထွက်၊ပန်းတွေ ပွင့်မပွင့်၊+
သလဲပင်တွေ ပွင့်မပွင့် သွားကြည့်ရအောင်။+
အဲဒီကိုရောက်ရင် မောင့်ကို ချစ်ခင်ယုယပါ့မယ်။+
၁၃ အနုဆေးသီး*+ ရနံ့တွေ မွှေးကြိုင်နေပြီ။
ကျွန်မတို့ရဲ့ အိမ်ပေါက်ဝမှာ အကောင်းဆုံး သစ်သီးမျိုးစုံရှိတယ်။+
အို ကျွန်မချစ်ရတဲ့မောင်၊ အခုမှ ခူးထားတဲ့ အသီးတွေရောခူးပြီးသား အသီးတွေကိုပါ မောင့်အတွက် သိမ်းထားပါတယ်။
အောက်ခြေမှတ်ချက်များ
^ သန္ဓေအောင်စေနိုင်တဲ့အသီးလို့ ထင်ကြပေမဲ့ တိကျတဲ့အထောက်အထား မရှိ။