ရှောလမုန်သီချင်း ၈:၁-၁၄
-
မိန်းမပျို (၁-၄)
-
“အစ်ကိုအရင်းလို ဖြစ်စေချင်စမ်းပါဘိ” (၁)
-
-
မိန်းမပျိုရဲ့အစ်ကိုများ (၅က)
-
‘ချစ်သူကို မှီနွဲ့နေတာ ဘယ်သူများလဲ’
-
-
မိန်းမပျို (၅ခ-၇)
-
“ချစ်ခြင်းဟာ သေခြင်းတမျှ အင်အားကြီး” (၆)
-
-
မိန်းမပျိုရဲ့အစ်ကိုများ (၈၊ ၉)
-
“သူဟာ မြို့ရိုးဖြစ်ရင် . . . တံခါးဖြစ်ရင်တော့ . . .” (၉)
-
-
မိန်းမပျို (၁၀-၁၂)
-
“ကျွန်မဟာ မြို့ရိုးပါ” (၁၀)
-
-
သိုးထိန်း (၁၃)
-
‘မင်းရဲ့အသံကို ကြားပါရစေ’
-
-
မိန်းမပျို (၁၄)
-
‘ဒရယ်လို အပြေးလေး လှမ်းလာခဲ့ပါ’
-
၈ “မောင့်ကို ကျွန်မမိခင်ဆီမှာ နို့ချိုသောက်စို့ခဲ့တဲ့အစ်ကိုအရင်းလို ဖြစ်စေချင်စမ်းပါဘိ။
အဲဒီလိုသာဆိုရင် မောင့်ကို အပြင်မှာတွေ့လို့ နမ်းတဲ့အခါ+ဘယ်သူမှ ကျွန်မကို အထင်သေးမှာ မဟုတ်ဘူး။
၂ ကျွန်မကို သင်ကြားပေးခဲ့တဲ့ အမေ့အိမ်ဆီမောင့်ကို ခေါ်သွားမယ်။+
အမွှေးအကြိုင် ရောစပ်ထားတဲ့ စပျစ်ဝိုင်၊လတ်ဆတ်တဲ့ သလဲသီးဖျော်ရည်တိုက်ပါ့မယ်။
၃ ချစ်သူရဲ့ ဘယ်လက်ဟာ ကျွန်မခေါင်းအုံးပဲ။
ညာလက်နဲ့ ကျွန်မကို ပွေ့ဖက်ထားတယ်။+
၄ အို ဂျေရုဆလင် သမီးပျိုတို့၊ ကျွန်မရင်ထဲမှာ အချစ်စိတ် ပေါ်မလာတဲ့အတွက်ပေါ်အောင် အတင်းမလုပ်ပါဘူးလို့ သစ္စာဆိုကြပါ။”+
၅ “ချစ်သူကို မှီနွဲ့ပြီးတောထဲကနေ တက်လာနေတာ ဘယ်သူများပါလိမ့်။”
“ပန်းသီးပင်အောက်မှာ မောင့်ကို ကျွန်မ နှိုးခဲ့တယ်။
အဲဒီမှာ မောင့်မိခင်က မောင့်ကို မွေးဖွားခဲ့တာ။
အဲဒီမှာ ဝေဒနာခံစားပြီး မွေးဖွားခဲ့တာ။
၆ ကျွန်မကို မောင့်နှလုံးသားပေါ်မှာ တံဆိပ်ခတ်ထားပါ။
လက်မောင်းပေါ်မှာ တံဆိပ်ခတ်ထားပါ။
ဘာကြောင့်လဲဆိုတော့ ချစ်ခြင်းဟာ သေခြင်းတမျှ အင်အားကြီးသလို+သစ္စာရှိမှုကိုလည်း သင်္ချိုင်းလို မရမက တောင်းဆိုတတ်လို့ပါ။
အချစ်မီးလျှံတွေဟာ တောက်လောင်နေတဲ့မီး၊ ယေဟောဝါရဲ့ မီးလျှံပဲ။+
၇ ချစ်ခြင်းကို လှိုင်းလုံးကြီးတွေ မငြိမ်းသတ်နိုင်ဘူး။+
မြစ်ချောင်းတွေကလည်း မျောပါသွားအောင် မလုပ်နိုင်ဘူး။+
လူတစ်ယောက်က အချစ်ကိုရဖို့ သူ့အိမ်မှာရှိတဲ့ ပစ္စည်းဥစ္စာအားလုံး ပေးရင်တောင်ဘယ်သူမှ အရေးလုပ်မှာ မဟုတ်ဘူး။”*
၈ “ငါတို့မှာ ရင်သားမပေါ်သေးတဲ့နှမလေးတစ်ယောက် ရှိတယ်။+
သူ့ကို လာတောင်းရမ်းတဲ့အခါငါတို့ ဘယ်လိုလုပ်ကြမလဲ။”
၉ “သူဟာ မြို့ရိုးဖြစ်ရင်သူ့အပေါ်မှာ ငွေသူရဲခိုကို ငါတို့ ဆောက်ပေးမယ်။
တံခါးဖြစ်ရင်တော့သူ့ကို သစ်ကတိုးပျဉ်ချပ်နဲ့ ပိတ်ထားမယ်။”
၁၀ “ကျွန်မဟာ မြို့ရိုးပါ။
ကျွန်မရင်ဟာ မြို့ရိုးပေါ်က ပြအိုးပါ။
ဒါကြောင့် သူ့အမြင်မှာ ကျွန်မဟာအေးချမ်းတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေတာပေါ့။
၁၁ ဗာလဟာမုန်အရပ်မှာ ရှောလမုန်မင်းကြီးရဲ့ စပျစ်ခြံရှိတယ်။+
မင်းကြီးက အဲဒီခြံကို ခြံလုပ်သားတွေလက်ထဲ အပ်ထားတယ်။
လုပ်သားတွေက သီးစားခ အနေနဲ့ ငွေစတစ်ထောင်စီ ဆက်သရတယ်။
၁၂ ကျွန်မပိုင်တဲ့ စပျစ်ခြံကတော့ ကျွန်မရဲ့လက်ထဲမှာပဲ။
အို ရှောလမုန်မင်းကြီး၊ မင်းကြီးက ငွေစတစ်ထောင် ရတယ်။
ခြံလုပ်သားတွေက နှစ်ရာရတယ်။”
၁၃ “ဥယျာဉ်တွေမှာ နေထိုင်တဲ့ ချစ်သူလေးရေ၊+အပေါင်းအသင်းတွေက မင်းအသံကို နားဆင်နေကြတယ်။
မောင်လည်း မင်းရဲ့အသံကို ကြားပါရစေ။”+
၁၄ “အို ကျွန်မချစ်သူ၊အမွှေးနံ့သာ တောင်တန်းတွေပေါ်ကဒရယ်လို၊+ သမင်ပျိုလိုအပြေးလေး လှမ်းလာခဲ့ပါ။”
အောက်ခြေမှတ်ချက်များ
^ “သူ့ကို အရေးလုပ်မှာ မဟုတ်ဘူး” လည်းဖြစ်နိုင်။