လုကာ ၁၇:၁-၃၇

  • တိုက်မိလဲခြင်း၊ ခွင့်လွှတ်ခြင်း၊ ယုံကြည်ခြင်း (၁-၆)

  • အကျိုးမပေးတဲ့ ကျွန်တွေ (၇-၁၀)

  • အနာကြီးရောဂါသည် ဆယ်ယောက် ပြန်ကောင်းသွား (၁၁-၁၉)

  • ဘုရားသခင့်နိုင်ငံတော် လာပြီ (၂၀-၃၇)

    • ဘုရားသခင်ရဲ့ နိုင်ငံတော်က “ခင်ဗျားတို့အလယ်မှာ” ရှိ (၂၁)

    • “လောတရဲ့ဇနီးကို သတိရကြပါ” (၃၂)

၁၇  ယေရှုက “တိုက်မိလဲစရာတွေကိုတော့  ရှောင်လွှဲလို့ရမှာမဟုတ်ဘူး။ ဒါပေမဲ့ သူတစ်ပါးကို တိုက်မိလဲစေသူဟာ အဖြစ်ဆိုးကြုံရလိမ့်မယ်။ ၂  ကလေးငယ်နဲ့တူတဲ့ ဟောဒီလူတွေကို လဲကျအောင် လုပ်တာထက် ကြိတ်ဆုံကျောက်ကို လည်မှာဆွဲပြီး ပင်လယ်ထဲ ပစ်ချခံရတာကမှ ခံသာဦးမယ်။+ ၃  ခင်ဗျားတို့လည်း သတိထားကြ။ ညီအစ်ကိုတစ်ယောက် အပြစ်တစ်ခုခုလုပ်ရင် သူ့ကို ဆုံးမပါ။+ သူနောင်တရရင် ခွင့်လွှတ်လိုက်ပါ။+ ၄  တစ်နေ့တည်းမှာ ကိုယ့်ကို ခုနစ်ကြိမ် ပြစ်မှားပေမဲ့ ‘ကျွန်တော့်ကို ခွင့်လွှတ်ပါ’ ဆိုပြီး ခုနစ်ကြိမ် လာတောင်းပန်ရင် သူ့ကို ခွင့်လွှတ်လိုက်ပါ”+ လို့ တပည့်တွေကို မှာတယ်။ ၅  တမန်တော်တွေက “ကျွန်တော်တို့ကို ယုံကြည်ခြင်း တိုးများအောင် လုပ်ပေးပါ”+  လို့ ပြောတော့၊ ၆  သခင်ယေရှုက “ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းသာ မုန်ညင်းစေ့လောက်ရှိရင် ဒီပိုးစာပင်ကို ‘အမြစ်ပါ ကျွတ်ထွက်ပြီး ပင်လယ်မှာ ပေါက်ပါစေ’ လို့ပြောရင် အဲဒီအတိုင်း ဖြစ်လိမ့်မယ်။+ ၇  “လယ်ထွန်ရာကဖြစ်စေ၊  သိုးကျောင်းရာကဖြစ်စေ ပြန်ရောက်လာတဲ့ ကျွန်ကို ‘လာခဲ့၊ စားပွဲမှာ တစ်ခါတည်းသာ ဝင်စားလိုက်’ လို့ပြောမယ့်သူ ခင်ဗျားတို့ထဲမှာ ရှိသလား။ ၈  တကယ်တော့ ‘ငါ့အတွက် ညစာပြင်ပေးစမ်း။ ငါစားသောက်ပြီးတဲ့အထိ ခါးစည်းစည်းပြီး လိုသမျှ လုပ်ပေး။ ပြီးမှပဲ မင်း စားတော့’ လို့ပြောတတ်ကြတယ် မဟုတ်လား။ ၉  ခိုင်းတဲ့အတိုင်းလုပ်တဲ့ ကျွန်ကို သခင်က ကျေးဇူးတင်စရာအကြောင်း ဘာမှမရှိဘူး။ ၁၀  အဲဒီလိုပဲ၊ ခင်ဗျားတို့လည်း ခိုင်းထားသမျှ လုပ်ပြီးသွားတဲ့အခါ ‘ကျွန်တော်တို့ဟာ ဘာမှအကျိုးမပေးတဲ့ ကျွန်တွေပါ။ လုပ်ရမယ့် ဝတ္တရားကို လုပ်ခဲ့ရုံလေးပါပဲ’ လို့ပြောကြပါ” ဆိုပြီး သင်ပေးတယ်။+ ၁၁  ယေရှုက  ဂျေရုဆလင်မြို့ကို သွားတဲ့အခါ  ရှမာရိပြည်နဲ့  ဂါလိလဲပြည်တွေကိုလည်း  ဖြတ်သွားတယ်။ ၁၂  ရွာတစ်ရွာကို  ရောက်တဲ့အခါ အနာကြီးရောဂါသည် ဆယ်ယောက်က ယေရှုကိုမြင်ပြီး  ခပ်လှမ်းလှမ်းမှာ   ရပ်နေတယ်။+ ၁၃  ပြီးတော့“ဆရာယေရှု၊ ကျွန်တော်တို့ကို သနားပါဦး” လို့အော်ပြောကြတယ်။ ၁၄  ယေရှုက သူတို့ကို လှမ်းကြည့်ပြီး “ပုရောဟိတ်တွေဆီ ကိုယ်ကို သွားပြကြပါ”+ လို့ပြောတယ်။ သူတို့  သွားနေတုန်းမှာပဲ  ရောဂါပျောက်သွားတယ်။+ ၁၅  သူတို့ထဲက  တစ်ယောက်က  ရောဂါပျောက်သွားမှန်းလည်း  သိရော ပြန်လှည့်လာပြီး ဘုရားသခင်ကို အကျယ်ကြီး ဂုဏ်တင်ချီးမွမ်းတယ်။ ၁၆  ပြီးတော့ ယေရှုရဲ့ခြေရင်းမှာ ဒူးထောက်ပြီး ကျေးဇူးတင်စကားပြောတယ်။ တကယ်တော့ သူဟာ ရှမာရိလူပါ။+ ၁၇  ယေရှုက “ဆယ်ယောက်စလုံး ရောဂါပျောက်သွားတာ မဟုတ်လား။ ကျန်တဲ့ကိုးယောက်က ဘယ်မှာလဲ။ ၁၈  ဒီလူမျိုးခြားတစ်ယောက်ပဲ ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းဖို့  ပြန်လာတာလား” ဆိုပြီး၊ ၁၉  အဲဒီလူကို “ကဲ၊ ထပြီး အိမ်ပြန်ပါ။ ခင်ဗျားရဲ့ယုံကြည်ခြင်းက ပြန်ကျန်းမာစေပြီ”+ လို့ပြောလိုက်တယ်။ ၂၀  ဘုရားသခင်ရဲ့ နိုင်ငံတော် ဘယ်အချိန်မှာ လာမလဲဆိုပြီး+ ဖာရိရှဲတွေ မေးတဲ့အခါ ယေရှုက “ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ ထင်ရှားမြင်သာတဲ့နည်းနဲ့ လာမှာမဟုတ်ဘူး။ ၂၁  ‘ဒီမှာ’ ‘ဟိုမှာ’ ဆိုပြီး လူတွေပြောကြမှာ မဟုတ်ဘူး။ တကယ်တော့ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ ခင်ဗျားတို့အလယ်မှာ ရှိနေတယ်” လို့ဖြေတယ်။+ ၂၂  ယေရှုက တပည့်တွေကို ပြောတယ်– “လူသားကို ခင်ဗျားတို့နဲ့အတူ ရှိစေချင်တဲ့နေ့တွေ ရောက်လာလိမ့်မယ်။ ဒါပေမဲ့  အဲဒီနေ့တွေကို ကြုံရမှာမဟုတ်ဘူး။ ၂၃  လူတွေက ‘ဒီမှာရှိတယ်’ ‘ဟိုမှာရှိတယ်’  လို့ပြောရင် သူတို့နောက် လိုက်မသွားပါနဲ့။+ ၂၄  လျှပ်စီးလက်တဲ့အခါ ကောင်းကင် ဒီဘက်စွန်းကနေ ဟိုဘက်စွန်းအထိ လင်းလက်သွားသလို လူသား+  ပေါ်ထွန်းတဲ့အခါ  ဖြစ်လိမ့်မယ်။+ ၂၅  အရင်ဆုံး၊  လူသားဟာ ဝေဒနာအများကြီး ခံစားရမယ်။ ဒီလူမျိုးဆက်  ငြင်းပယ်တာကိုလည်း  ခံရမယ်။+ ၂၆  အဲဒီအပြင် နောဧလက်ထက်မှာ ဖြစ်သလို+ လူသားပေါ်ထွန်းချိန်မှာ ဖြစ်လိမ့်မယ်။+ ၂၇  လူတွေဟာ နောဧ သင်္ဘောထဲ ဝင်တဲ့နေ့အထိ+  စားသောက်လိုက်၊ ထိမ်းမြားပေးစားလိုက် လုပ်နေကြတယ်။  ရေလွှမ်းမိုးဘေးလည်း ရောက်လာရော သူတို့အားလုံး ပျက်စီးသွားတယ်။+ ၂၈  လောတလက်ထက်မှာလည်း+ လူတွေက စားသောက်လိုက်၊ ရောင်းဝယ်လိုက်၊ စိုက်ပျိုးလိုက်၊  အိမ်ဆောက်လိုက် လုပ်နေကြတယ်။ ၂၉  သောဒုံမြို့ကနေ လောတထွက်သွားတဲ့နေ့မှာ ကောင်းကင်ကနေ ကန့်နဲ့မီး ရွာကျပြီး သူတို့အားလုံး  ပျက်စီးသွားတယ်။+ ၃၀  လူသားပေါ်ထွန်းချိန်မှာလည်း အဲဒီလိုပဲ ဖြစ်လိမ့်မယ်။+ ၃၁  “အဲဒီအချိန်ရောက်ရင် အိမ်မိုးပေါ်မှာရှိတဲ့သူက အိမ်ထဲကပစ္စည်းတွေယူဖို့ မဆင်းလာနဲ့။ လယ်ထဲရောက်နေတဲ့သူလည်း ပစ္စည်းတွေယူဖို့ အိမ်မပြန်နဲ့။ ၃၂  လောတရဲ့ဇနီးကို သတိရကြပါ။+ ၃၃  ကိုယ့်အသက်ကိုကယ်ဖို့ ကြိုးစားသူဟာ အသက်ဆုံးရလိမ့်မယ်။ အသက်ဆုံးတဲ့သူကတော့ အသက်ပြန်ရှင်ရလိမ့်မယ်။+ ၃၄  ကျွန်တော်ပြောမယ်။ အဲဒီညမှာ အိပ်ရာထဲ နှစ်ယောက်အတူ အိပ်နေရင် တစ်ယောက်ကို ခေါ်သွားပြီး တစ်ယောက်ကို ထားရစ်ခဲ့လိမ့်မယ်။+ ၃၅  အမျိုးသမီးနှစ်ယောက် ကြိတ်ဆုံကြိတ်နေရင် တစ်ယောက်ကို ခေါ်သွားပြီး တစ်ယောက်ကိုတော့ ထားခဲ့လိမ့်မယ်။” ၃၆  * ၃၇  အဲဒီအခါ တပည့်တွေက “သခင်၊ ဘယ်နေရာမှာ အဲဒီလိုဖြစ်မှာလဲ” လို့မေးတော့ ယေရှုက “အသေကောင်ရှိတဲ့နေရာမှာ လင်းယုန်ငှက်တွေ စုဝေးကြလိမ့်မယ်”+ လို့ဖြေတယ်။

အောက်ခြေမှတ်ချက်များ