ဝတ်ပြုရာ ၁:၁-၁၇

  • မီးရှို့ရာအလှူ (၁-၁၇)

 ယေဟောဝါက  တွေ့ဆုံရာတဲတော်ကနေ+ မောရှေကိုခေါ်ပြီး မိန့်မှာတယ်– ၂  “အစ္စရေးတွေကို ပြောပါ၊ ‘ခြံမွေးတိရစ္ဆာန်တွေထဲကနေ ယေဟောဝါဆီ ပေးလှူမယ်ဆိုရင် နွား၊ သိုး၊ ဆိတ်တွေကို လှူရမယ်။+ ၃  “‘လူတစ်ယောက်က နွားအုပ်ထဲကနေ မီးရှို့ရာအလှူကို ပေးလှူမယ်ဆိုရင် အနာအဆာမရှိတဲ့ နွားထီး ဖြစ်ရမယ်။+ တွေ့ဆုံရာ တဲတော်ဝင်ပေါက်မှာ ယေဟောဝါရှေ့ စိတ်လိုကိုယ်လျောက် ပေးလှူရမယ်။+ ၄  သူက မီးရှို့ရာအလှူဖြစ်တဲ့ နွားထီးရဲ့ခေါင်းပေါ် လက်တင်ရမယ်။ သူ့အပြစ်တွေကို ခွင့်လွှတ်တဲ့အနေနဲ့ အဲဒီနွားထီးကို လက်ခံမယ်။ ၅  “‘ပြီးရင် နွားထီးကို ယေဟောဝါရှေ့မှာ သတ်ရမယ်။ အာရုန်ရဲ့သား ပုရောဟိတ်တွေက+ သွေးကို ယူလာပြီး တွေ့ဆုံရာတဲတော် ဝင်ပေါက်မှာရှိတဲ့ ပူဇော်ရာပလ္လင် ဘေးပတ်လည်မှာ ဖျန်းရမယ်။+ ၆  မီးရှို့ရာအလှူဖြစ်တဲ့ နွားထီးကို အရေခွံဆုတ်ပြီး အပိုင်းပိုင်း ဖြတ်ရမယ်။+ ၇  အာရုန်ရဲ့သား ပုရောဟိတ်တွေက ပူဇော်ရာပလ္လင်မှာ မီးထည့်ရမယ်။+ ထင်းတွေကိုလည်း စီပြီးထည့်ရမယ်။ ၈  ပြီးတော့ နွားထီးရဲ့ခေါင်း၊ အဆီဖတ်၊ အသားတစ်တွေကို ပူဇော်ရာပလ္လင်ပေါ်က ထင်းမီးပေါ် စီထားရမယ်။+ ၉  အူနဲ့ ခြေထောက်တွေကို ရေဆေးရမယ်။ ပုရောဟိတ်က တစ်ကောင်လုံးကို ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ရမယ်။* ဒါဟာ မွှေးကြိုင်တဲ့* ရနံ့အဖြစ် ယေဟောဝါဆီ ဆက်သတဲ့ မီးရှို့ရာအလှူပဲ။+ ၁၀  “‘သိုး+ ဒါမှမဟုတ် ဆိတ်ကို မီးရှို့ရာအလှူအဖြစ် ပေးလှူမယ်ဆိုရင် အနာအဆာမရှိတဲ့ အထီး ဖြစ်ရမယ်။+ ၁၁  အဲဒီအကောင်ကို ပူဇော်ရာပလ္လင် မြောက်ဘက် ယေဟောဝါရှေ့မှာ သတ်ရမယ်။ အာရုန်ရဲ့သား ပုရောဟိတ်တွေက သွေးကို ပူဇော်ရာပလ္လင် ဘေးပတ်လည်မှာ  ဖျန်းရမယ်။+ ၁၂  အဲဒီအကောင်ကို အပိုင်းပိုင်းဖြတ်ပြီး ခေါင်း၊ အဆီဖတ်တွေနဲ့အတူ ပူဇော်ရာပလ္လင်ပေါ်က  ထင်းမီးပေါ်   စီထားရမယ်။ ၁၃  အူနဲ့ခြေထောက်တွေကို ရေဆေးရမယ်။ ပုရောဟိတ်က တစ်ကောင်လုံးကို ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ရမယ်။ ဒါဟာ မွှေးကြိုင်တဲ့ရနံ့အဖြစ် ယေဟောဝါဆီ ဆက်သတဲ့ မီးရှို့ရာအလှူပဲ။ ၁၄  “‘ငှက်တွေကို  မီးရှို့ရာအလှူအဖြစ် ယေဟောဝါဆီ ပေးလှူမယ်ဆိုရင်တော့ ချိုး ဒါမှမဟုတ် ခိုကလေးဖြစ်ရမယ်။+ ၁၅  ပုရောဟိတ်က ငှက်ကို ယူလာပြီး ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ရမယ်။ ငှက်လည်ပင်းကို လက်သည်းနဲ့ဆိတ်ပြီး သွေးကို ပူဇော်ရာပလ္လင်နံရံပေါ်မှာ  ညှစ်ချရမယ်။ ၁၆  ငှက်စလုတ်နဲ့ အမွေးကို နုတ်ယူပြီး ပူဇော်ရာပလ္လင်ရဲ့ အရှေ့ဘက်ခြမ်း ပြာတွေပုံထားတဲ့ နေရာမှာ ပစ်ရမယ်။+ ၁၇  ငှက်ကို အတောင်ပံကနေ ကိုင်ပြီး ရင်အုံကို ဆွဲဖွင့်ရမယ်။ နှစ်ပိုင်းတော့ မပြတ်စေရဘူး။ ပူဇော်ရာပလ္လင်ပေါ်က ထင်းမီးပေါ်မှာ ငှက်ကို မီးရှို့ရမယ်။ ဒါဟာ မွှေးကြိုင်တဲ့ ရနံ့အဖြစ် ယေဟောဝါဆီ ဆက်သတဲ့ မီးရှို့ရာအလှူပဲ။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “မီးခိုးငွေ့တက်စေရမယ်။”
မူရင်း၊ “စိတ်ပြေငြိမ်းစေတဲ့။”