ဝတ်ပြုရာ ၁၂:၁-၈

  • မီးဖွားပြီးနောက် သန့်စင်ခြင်း (၁-၈)

၁၂  ယေဟောဝါက  မောရှေကို မိန့်မှာတယ်– ၂  “အစ္စရေးတွေကို ပြောပါ။ ‘မိန်းမတစ်ယောက် ကိုယ်ဝန်ဆောင်ပြီး  သားလေးမွေးတဲ့အခါ ရာသီလာချိန်  မသန့်ရှင်းတဲ့ နေ့တွေမှာလိုပဲ  ခုနစ်ရက်လုံး မသန့်ရှင်းဘူး။+ ၃  ရှစ်ရက်မြောက်နေ့ကျရင် ကလေးကို အရေဖျားဖြတ် ပေးရမယ်။+ ၄  မိခင်ဟာ သွေးဆင်းပြီး သန့်ရှင်းသွားတဲ့အထိ နောက်ထပ် ၃၃ ရက်လုံး အိမ်မှာပဲ နေရမယ်။ သန့်စင်သွားတဲ့နေ့ရက်တွေ မစေ့မချင်း သန့်ရှင်းမြင့်မြတ်တဲ့အရာကို မကိုင်ရဘူး။ သန့်ရှင်းရာဌာနတော်ကိုလည်း မသွားရဘူး။ ၅  “‘သမီးမွေးလာတဲ့အခါ ၁၄ ရက်လုံး မသန့်ရှင်းဘူး။ ရာသီလာချိန်မှာလိုပဲ မသန့်ရှင်းဘူး။ သွေးဆင်းပြီး သန့်ရှင်းသွားတဲ့အထိ နောက်ထပ် ၆၆ ရက်လုံး အိမ်မှာပဲ နေရမယ်။ ၆  သား ဒါမှမဟုတ် သမီးမွေးပြီးလို့ သန့်စင်သွားတဲ့ နေ့ရက်တွေ စေ့တဲ့အခါ မီးရှို့ရာအလှူအတွက် တစ်နှစ်သားအရွယ် သိုးထီးလေးတစ်ကောင်၊+ အပြစ်ဖြေရာအလှူအတွက် ခိုကလေး ဒါမှမဟုတ် ချိုးတစ်ကောင်ကို တွေ့ဆုံရာတဲတော် ဝင်ပေါက်ဆီ ယူလာပြီး ပုရောဟိတ်ကို ပေးရမယ်။ ၇  ပုရောဟိတ်က  အဲဒီအကောင်ကို ယေဟောဝါရှေ့  ဆက်သပြီး   မိခင်အတွက် အပြစ်ဖြေပေးရမယ်။ မိခင်လည်း သွေးမဆင်းတော့လို့ သန့်ရှင်းသွားလိမ့်မယ်။ ဒါဟာ သား ဒါမှမဟုတ် သမီးကို မွေးဖွားတဲ့ မိခင်တိုင်း လိုက်နာရမယ့် ပညတ်ပဲ။ ၈  သိုးကို မတတ်နိုင်ဘူးဆိုရင် ချိုးနှစ်ကောင် ဒါမှမဟုတ် ခိုကလေးနှစ်ကောင် ယူလာရမယ်။+ မီးရှို့ရာအလှူအတွက် တစ်ကောင်၊ အပြစ်ဖြေရာအလှူအတွက် တစ်ကောင်ဖြစ်တယ်။ ပုရောဟိတ်က မိခင်အတွက် အပြစ်ဖြေပေးရမယ်။ အဲဒီအခါ မိခင်လည်း သန့်ရှင်းသွားလိမ့်မယ်။’”

အောက်ခြေမှတ်ချက်များ