ဝတ်ပြုရာ ၁၅:၁-၃၃

  • မသန့်ရှင်းတဲ့ လိင်အင်္ဂါအရည်များ (၁-၃၃)

၁၅  ယေဟောဝါက  မောရှေနဲ့ အာရုန်ကို မိန့်မှာတယ်– ၂  “အစ္စရေးတွေကို ပြောပါ။  ‘ယောက်ျား တစ်ယောက်က လိင်အင်္ဂါကနေ အရိအရွဲ ထွက်နေရင်  မသန့်ရှင်းဘူး။+ ၃  အရိအရွဲ ထွက်နေတာဖြစ်စေ၊ အရိအရွဲကြောင့် လိင်အင်္ဂါ ပိတ်ဆို့နေတာဖြစ်စေ မသန့်ရှင်းဘူး။ ၄  “‘အရိအရွဲ  ထွက်နေသူအိပ်တဲ့ အိပ်ရာဟာ မသန့်ရှင်းဘူး။ သူထိုင်တဲ့ နေရာလည်း မသန့်ရှင်းဘူး။ ၅  သူ့အိပ်ရာကို ထိမိကိုင်မိသူဟာ ကိုယ့်အဝတ်တွေကို  လျှော်ပြီး ရေချိုးရမယ်။ ညဦးပိုင်းအထိ မသန့်ရှင်းဘူး။+ ၆  အရိအရွဲထွက်နေသူ ထိုင်တဲ့နေရာမှာ ထိုင်မိသူဟာ ကိုယ့်အဝတ်တွေကို လျှော်ပြီး ရေချိုးရမယ်။ ညဦးပိုင်းအထိ မသန့်ရှင်းဘူး။ ၇  အရိအရွဲထွက်နေသူကို ထိမိကိုင်မိသူဟာ ကိုယ့်အဝတ်တွေကို လျှော်ပြီး  ရေချိုးရမယ်။  ညဦးပိုင်းအထိ  မသန့်ရှင်းဘူး။ ၈  အရိအရွဲထွက်နေသူက   သန့်ရှင်းသူတစ်ယောက်ကို  တံတွေးထွေးမိရင် အဲဒီလူဟာ ကိုယ့်အဝတ်တွေကို လျှော်ပြီး ရေချိုးရမယ်။ ညဦးပိုင်းအထိ မသန့်ရှင်းဘူး။ ၉  အရိအရွဲထွက်နေသူထိုင်တဲ့ ကုန်းနှီးကလည်း မသန့်ရှင်းဘူး။ ၁၀  သူထိုင်တဲ့နေရာကို ထိမိကိုင်မိသူဟာ ညဦးပိုင်းအထိ မသန့်ရှင်းဘူး။ သူထိုင်ထားတဲ့ ပစ္စည်းတွေကို သယ်တဲ့သူကလည်း ကိုယ့်အဝတ်တွေကိုလျှော်ပြီး ရေချိုးရမယ်။ ညဦးပိုင်းအထိ မသန့်ရှင်းဘူး။ ၁၁  အရိအရွဲထွက်နေသူက+ လက်မဆေးဘဲ လူတစ်ယောက်ကို ထိမိကိုင်မိရင် အဲဒီလူဟာ ကိုယ့်အဝတ်တွေကိုလျှော်ပြီး ရေချိုးရမယ်။ ညဦးပိုင်းအထိ မသန့်ရှင်းဘူး။ ၁၂  အရိအရွဲ ထွက်နေသူကိုင်တဲ့ မြေအိုးကို ခွဲပစ်ရမယ်။ သစ်သားအိုးခွက်ဆိုရင် ဆေးကြောရမယ်။+ ၁၃  “‘သူက အရိအရွဲထွက်တာ ရပ်ပြီးနောက် ခုနစ်ရက်အကြာမှာ အဝတ်တွေကိုလျှော်ပြီး စမ်းချောင်းမှာ ရေချိုးရမယ်။  ပြီးရင် သန့်ရှင်းသွားပြီ။+ ၁၄  ရှစ်ရက်မြောက်နေ့မှာ  ချိုးနှစ်ကောင်  ဒါမှမဟုတ်  ခိုကလေးနှစ်ကောင်ကို+ ယေဟောဝါရှေ့၊ တွေ့ဆုံရာတဲတော်ဝင်ပေါက်ဆီ ယူလာပြီး ပုရောဟိတ်ကို  ပေးရမယ်။ ၁၅  ပုရောဟိတ်က တစ်ကောင်ကို အပြစ်ဖြေရာအလှူအဖြစ်၊ နောက်တစ်ကောင်ကို မီးရှို့ရာအလှူအဖြစ် ပူဇော်ရမယ်။ သူသန့်ရှင်းသွားအောင် ယေဟောဝါရှေ့မှာ အပြစ်ဖြေပေးရမယ်။ ၁၆  “‘ယောက်ျားတစ်ယောက်ဟာ  သုက်ရည်ထွက်ရင်  ရေချိုးရမယ်။ ညဦးပိုင်းအထိ မသန့်ရှင်းဘူး။+ ၁၇  သုက်ရည်ထိတဲ့ အဝတ်တွေ၊ သားရေပစ္စည်းတွေကို လျှော်ဖွပ်ရမယ်။ ညဦးပိုင်းအထိ မသန့်ရှင်းဘူး။ ၁၈  “‘ယောက်ျားတစ်ယောက်က မိန်းမနဲ့အိပ်ပြီး သုက်ရည်ထွက်တယ်ဆိုရင် နှစ်ယောက်စလုံး ရေချိုးရမယ်။ ညဦးပိုင်းအထိ မသန့်ရှင်းဘူး။+ ၁၉  “‘မိန်းမတစ်ယောက်ဟာ ရာသီသွေးဆင်းရင်  ခုနစ်ရက်လုံး  မစင်ကြယ်ဘူး။+ သူ့ကို ထိမိကိုင်မိသူက ညဦးပိုင်းအထိ  မသန့်ရှင်းဘူး။+ ၂၀  ရာသီလာချိန်အတွင်း သူအိပ်တဲ့နေရာ၊ သူထိုင်တဲ့နေရာက မသန့်ရှင်းဘူး။+ ၂၁  သူ့အိပ်ရာကို  ထိမိကိုင်မိသူဟာ ကိုယ့်အဝတ်တွေကို လျှော်ပြီး  ရေချိုးရမယ်။ ညဦးပိုင်းအထိ မသန့်ရှင်းဘူး။ ၂၂  သူထိုင်တဲ့နေရာကို ထိမိသူဟာ ကိုယ့်အဝတ်တွေကို လျှော်ပြီး  ရေချိုးရမယ်။ ညဦးပိုင်းအထိ မသန့်ရှင်းဘူး။ ၂၃  သူ့အိပ်ရာကိုဖြစ်စေ၊ သူထိုင်တဲ့နေရာကိုဖြစ်စေ ထိမိကိုင်မိသူဟာ ညဦးပိုင်းအထိ မသန့်ရှင်းဘူး။+ ၂၄  သူနဲ့ဆက်ဆံပြီး  သူ့ရာသီသွေးကြောင့် မသန့်မရှင်းဖြစ်သွားသူဟာ+ ခုနစ်ရက် မသန့်ရှင်းဘူး။ အဲဒီလူရဲ့  အိပ်ရာလည်း မသန့်ရှင်းဘူး။ ၂၅  “‘မိန်းမတစ်ယောက်ဟာ ပုံမှန်ရာသီလာချိန်+ မဟုတ်ဘဲ ရက်အတော်ကြာ သွေးဆင်းနေရင်+ ဒါမှမဟုတ် ပုံမှန်ရာသီလာချိန်ထက်လွန်ပြီး သွေးဆက်ဆင်းနေရင် ရာသီလာချိန်မှာလိုပဲ အဲဒီအချိန်တစ်လျှောက်လုံး မသန့်ရှင်းဘူး။ ၂၆  သူ့အိပ်ရာလည်း ရာသီလာချိန်မှာလိုပဲ မသန့်ရှင်းဘူး။+ သူထိုင်တဲ့ နေရာကလည်း ရာသီလာချိန်မှာလိုပဲ မသန့်ရှင်းဘူး။ ၂၇  အဲဒါတွေကို ထိမိကိုင်မိသူဟာ မသန့်ရှင်းဘူး။ ကိုယ့်အဝတ်တွေကိုလျှော်ပြီး ရေချိုးရမယ်။ ညဦးပိုင်းအထိ မသန့်ရှင်းဘူး။+ ၂၈  “‘သွေးဆင်းတာရပ်သွားရင် ခုနစ်ရက်စောင့်ရမယ်။ ပြီးမှ သန့်ရှင်းမယ်။+ ၂၉  ရှစ်ရက်မြောက်နေ့မှာ ချိုးနှစ်ကောင် ဒါမှမဟုတ် ခိုကလေးနှစ်ကောင်ကို+ တွေ့ဆုံရာတဲတော် ဝင်ပေါက်ဆီ ယူလာပြီး ပုရောဟိတ်ကို ပေးရမယ်။+ ၃၀  ပုရောဟိတ်က တစ်ကောင်ကို အပြစ်ဖြေရာအလှူအဖြစ်၊ နောက်တစ်ကောင်ကို မီးရှို့ရာအလှူအဖြစ် ပူဇော်ရမယ်။ သူသန့်ရှင်းသွားအောင် ယေဟောဝါရှေ့မှာ အပြစ်ဖြေပေးရမယ်။+ ၃၁  “‘ဒီနည်းနဲ့ မင်းတို့က အစ္စရေးတွေကို  သန့်ရှင်းအောင်  လုပ်ပေးရမယ်။ သူတို့ရဲ့မသန့်ရှင်းမှုကြောင့် သူတို့အလယ်မှာရှိတဲ့ ငါ့တဲတော် ညစ်ညူးသွားရင် သူတို့သေရလိမ့်မယ်။+ ၃၂  “‘ဒါတွေဟာ အရိအရွဲထွက်တဲ့ ယောက်ျား၊ သုက်ရည်ထွက်ပြီး မသန့်မရှင်းဖြစ်နေတဲ့ ယောက်ျားတွေ လိုက်နာရမယ့် ပညတ်ပဲ။+ ၃၃  အရိအရွဲထွက်နေတဲ့ ယောက်ျား၊+ မသန့်ရှင်းတဲ့ မိန်းမနဲ့ ဆက်ဆံတဲ့ယောက်ျား၊ ရာသီလာနေတဲ့ မိန်းမ၊+ သွေးဆင်းနေတဲ့ မိန်းမ လိုက်နာရမယ့် ပညတ်ပဲ။’”

အောက်ခြေမှတ်ချက်များ