ဝတ်ပြုရာ ၁၆:၁-၃၄

  • အပြစ်ဖြေရာနေ့ (၁-၃၄)

၁၆  အာရုန်ရဲ့သားနှစ်ယောက် ယေဟောဝါရှေ့ကို  လာတဲ့အတွက် သေဆုံးသွား+ ပြီးတဲ့နောက် ယေဟောဝါက မောရှေကို ပြောတယ်။ ၂  ယေဟောဝါက “မင်းအစ်ကိုအာရုန်ကို ပြောလိုက်ပါ။ သေတ္တာအဖုံးရှေ့၊ ကန့်လန့်ကာအတွင်းထဲက+ အသန့်ရှင်းဆုံးအခန်းကို ဝင်ချင်တိုင်း မဝင်ပါနဲ့။+ ဝင်ရင် သေလိမ့်မယ်။+ သေတ္တာအဖုံးပေါ်က+ မိုးတိမ်မှာ+ ငါရှိနေတယ်။ ၃  “အာရုန်ဟာ  အသန့်ရှင်းဆုံးအခန်းထဲ ဝင်မယ်ဆိုရင် အပြစ်ဖြေရာအလှူအတွက် နွားထီးလေးတစ်ကောင်နဲ့+ မီးရှို့ရာအလှူအတွက် သိုးထီးတစ်ကောင်ကို+ ယူလာရမယ်။ ၄  သန့်ရှင်းတဲ့ ချည်ထည်ဝတ်လုံရှည်နဲ့+ ပိတ်ဘောင်းဘီ+ ဝတ်ပြီး ချည်ထည်ခါးစည်း စည်းရမယ်။+ ချည်ထည်ခေါင်းပေါင်း ပေါင်းရမယ်။+ ဒါတွေဟာ သန့်ရှင်းတဲ့အဝတ်တွေပဲ။+ သူက ရေချိုးပြီးမှ+ အဲဒါတွေကို ဝတ်ဆင်ရမယ်။ ၅  “အာရုန်က အပြစ်ဖြေရာအလှူအတွက် ဆိတ်ထီးလေးနှစ်ကောင်၊ မီးရှို့ရာအလှူအတွက် သိုးထီးတစ်ကောင်ကို အစ္စရေးတွေဆီက ယူရမယ်။+ ၆  “အပြစ်ဖြေရာအလှူဖြစ်တဲ့ နွားထီးကို  ကိုယ့်အတွက် ဆက်သပြီး ကိုယ်တိုင်နဲ့+  အိမ်သားတွေရဲ့  အပြစ်ကို ဖြေရမယ်။ ၇  “ပြီးတော့ အာရုန်ဟာ ဆိတ်နှစ်ကောင်ကိုယူပြီး ယေဟောဝါရှေ့၊ တွေ့ဆုံရာတဲတော် ဝင်ပေါက်မှာ ထားရမယ်။ ၈  ဆိတ်နှစ်ကောင်ကို မဲချရမယ်။  တစ်ကောင်က  ယေဟောဝါအတွက်၊ နောက်တစ်ကောင်ကတော့ အာဇေလအတွက်*  ဖြစ်တယ်။ ၉  ယေဟောဝါအတွက်  မဲကျတဲ့+ ဆိတ်ကိုယူပြီး  အပြစ်ဖြေရာအလှူအဖြစ် ပူဇော်ရမယ်။ ၁၀  အာဇေလအတွက်  မဲကျတဲ့  ဆိတ်ကိုတော့ မသတ်ဘဲ ယေဟောဝါရှေ့မှာထားပြီး အပြစ်ဖြေရမယ်။  ပြီးနောက် အာဇေလအတွက် တောကန္တာရထဲ လွှတ်လိုက်ရမယ်။+ ၁၁  “အာရုန်က  ကိုယ့်အတွက် အပြစ်ဖြေရာအလှူဖြစ်တဲ့ နွားထီးကို ယူလာ၊ ကိုယ်တိုင်နဲ့ အိမ်သားတွေရဲ့ အပြစ်ကို ဖြေပြီး နွားထီးကို သတ်ရမယ်။+ ၁၂  “ပြီးတော့  ယေဟောဝါရှေ့ ပူဇော်ရာပလ္လင်ပေါ်က  မီးခဲကို+  မီးခဲခွက်ထဲ+  အပြည့်ထည့်၊  နံ့သာပေါင်း+  လက်တစ်ခုပ်စာကို ယူပြီး ကန့်လန့်ကာအတွင်းထဲ  ဝင်ရမယ်။+ ၁၃  ယေဟောဝါရှေ့မှာ+ နံ့သာပေါင်းကို မီးခဲပေါ် ဖြူးရမယ်။ သက်သေခံချက်သေတ္တာ အဖုံးပေါ်မှာ+ နံ့သာပေါင်းအငွေ့တွေ ဖုံးလွှမ်းသွားတဲ့အတွက် သူ အသက်ချမ်းသာရလိမ့်မယ်။ ၁၄  “အဲဒီနောက် နွားထီးရဲ့ သွေးနည်းနည်းကို+ ယူပြီး အရှေ့ဘက်ခြမ်း၊ သေတ္တာအဖုံးရှေ့မှာ လက်ညှိုးနဲ့ ဖျန်းရမယ်။  သွေးနည်းနည်းကို  သေတ္တာအဖုံးရှေ့မှာ လက်ညှိုးနဲ့ ခုနစ်ခါဖျန်းရမယ်။+ ၁၅  “အဲဒီနောက် လူတွေအတွက်+ အပြစ်ဖြေရာအလှူဖြစ်တဲ့  ဆိတ်ကို သတ်ပြီး သွေးကို ကန့်လန့်ကာအတွင်းထဲ ယူလာရမယ်။+ ဆိတ်သွေးကို+ နွားထီးသွေးလိုပဲ သေတ္တာအဖုံးရှေ့မှာ ဖျန်းရမယ်။ ၁၆  “အစ္စရေးတွေရဲ့ မသန့်ရှင်းတဲ့လုပ်ရပ်တွေ၊ ပြစ်မှားမှုတွေ၊ အပြစ်တွေကြောင့် မညစ်ညူးစေဖို့ အသန့်ရှင်းဆုံးအခန်းအတွက် အာရုန်က အပြစ်ဖြေပေးရမယ်။+ မသန့်ရှင်းတဲ့ အစ္စရေးတွေရဲ့အလယ်မှာရှိတဲ့  တွေ့ဆုံရာတဲတော်အတွက်လည်း အပြစ်ဖြေပေးရမယ်။ ၁၇  “အပြစ်ဖြေဖို့ အသန့်ရှင်းဆုံးအခန်းထဲ အာရုန်ဝင်ပြီး ပြန်ထွက်လာချိန်အထိ  တွေ့ဆုံရာတဲတော်ထဲမှာ ဘယ်သူမှ မရှိရဘူး။ ကိုယ်တိုင်နဲ့ အိမ်သားတွေအတွက်၊+ အစ္စရေးတစ်မျိုးလုံးအတွက်+ အပြစ်ဖြေပေးရမယ်။ ၁၈  “အဲဒီနောက် ယေဟောဝါရှေ့က ပူဇော်ရာပလ္လင်ဆီ+ ထွက်လာပြီး ပူဇော်ရာပလ္လင်အတွက် အပြစ်ဖြေပေးရမယ်။ နွားထီးသွေး၊ ဆိတ်သွေးနည်းနည်းစီ ယူပြီး ပူဇော်ရာပလ္လင်ရဲ့ ဦးချိုအတက်တွေကို သုတ်ရမယ်။ ၁၉  သွေးနည်းနည်းကို ပူဇော်ရာပလ္လင်ပေါ်မှာ လက်ညှိုးနဲ့ ခုနှစ်ခါ ဖျန်းရမယ်။ အစ္စရေးတွေရဲ့ မသန့်ရှင်းတဲ့ လုပ်ရပ်တွေကြောင့် မညစ်ညူးစေဖို့ ပူဇော်ရာပလ္လင်ကို ဆက်ကပ်ရမယ်။ ၂၀  “အသန့်ရှင်းဆုံးအခန်း၊ တွေ့ဆုံရာတဲတော်နဲ့ ပူဇော်ရာပလ္လင်အတွက် အပြစ်ဖြေပေးပြီးတဲ့အခါ+ ဆိတ်အရှင်ကို ဆက်သရမယ်။+ ၂၁  အာရုန်က ဆိတ်အရှင်ရဲ့ခေါင်းပေါ်မှာ လက်နှစ်ဖက်စလုံး တင်ပြီး အစ္စရေးတွေရဲ့အမှားတွေ၊ ပြစ်မှားမှုတွေ၊ အပြစ်တွေကို ဝန်ချတောင်းပန်ရမယ်။ အဲဒီအပြစ်တွေကို ဆိတ်ခေါင်းပေါ် တင်ရမယ်။+ တာဝန်ရထားသူရဲ့လက်ထဲ ဆိတ်ကို အပ်ပြီး တောထဲ လွှတ်ခိုင်းရမယ်။ ၂၂  သူက ဆိတ်ကို တောထဲ လွှတ်ပေးရမယ်။+ အဲဒီဆိတ်က သူတို့ရဲ့အပြစ်အားလုံးကို+ လူသူကင်းမဲ့ရာအရပ်ဆီ+ သယ်ဆောင်သွားမယ်။ ၂၃  “ပြီးရင် အာရုန်က တွေ့ဆုံရာတဲတော်ထဲ ဝင်လာရမယ်။ အသန့်ရှင်းဆုံးအခန်းထဲဝင်တုန်းက  ဝတ်တဲ့  ချည်ထည်အဝတ်တွေကို ချွတ်ထားခဲ့ရမယ်။ ၂၄  သန့်ရှင်းရာဌာနတော်မှာ ရေချိုးပြီး+ အဝတ်လဲရမယ်။+ အဲဒီနောက် လာပြီး ကိုယ်တိုင်နဲ့ လူတွေအတွက် မီးရှို့ရာအလှူကို ဆက်သရမယ်။+ ကိုယ်တိုင်နဲ့ လူတွေအတွက် အပြစ်ဖြေပေးရမယ်။+ ၂၅  အပြစ်ဖြေရာအလှူဖြစ်တဲ့ တိရစ္ဆာန်ရဲ့ အဆီတွေကို ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ပူဇော်ရမယ်။ ၂၆  “အာဇေလအတွက် မဲကျတဲ့ဆိတ်ကို လွှတ်ပေးသူက+ ကိုယ့်အဝတ်တွေကိုလျှော်ပြီး  ရေချိုးရမယ်။ ပြီးမှ စခန်းထဲ ဝင်လာရမယ်။ ၂၇  “အပြစ်ဖြေရာအလှူဖြစ်တဲ့ နွားထီးရဲ့သွေး၊ ဆိတ်ရဲ့သွေးနဲ့ အသန့်ရှင်းဆုံးအခန်းမှာ အပြစ်ဖြေပြီးပြီဖြစ်လို့ အဲဒီအကောင်တွေကို စခန်းအပြင် ယူသွားရမယ်။ အရေခွံ၊ အသားနဲ့ မစင်တွေကို မီးရှို့ရမယ်။+ ၂၈  မီးရှို့တဲ့သူဟာ ကိုယ့်အဝတ်တွေကို လျှော်ပြီး ရေချိုးရမယ်။ ပြီးမှ စခန်းထဲ ဝင်လာရမယ်။ ၂၉  “မင်းတို့လိုက်နာရမယ့် အမြဲတည်တဲ့ ဥပဒေကတော့– ခုနစ်လပိုင်း၊ ဆယ်ရက်နေ့ရောက်ရင် ကိုယ့်ကိုယ်ကိုယ် ဒဏ်ပေးရမယ်။* အစ္စရေးတွေဖြစ်စေ၊  လာအခြေချတဲ့  တိုင်းတစ်ပါးသားဖြစ်စေ  ဘာအလုပ်မှ  မလုပ်ရဘူး။+ ၃၀  မင်းတို့ကို သန့်ရှင်းတယ်လို့ အတည်ပြုဖို့ အဲဒီနေ့မှာ အပြစ်ဖြေရမယ်။+ ယေဟောဝါရှေ့မှာ မင်းတို့ရဲ့အပြစ်အားလုံး  သန့်စင်သွားမယ်။+ ၃၁  အဲဒီနေ့ဟာ လုံးဝအနားယူရမယ့် ဥပုသ်နေ့ဖြစ်တယ်။  မင်းတို့ ကိုယ့်ကိုယ်ကိုယ်  ဒဏ်ပေးရမယ်။+  ဒါဟာ အမြဲတည်တဲ့ဥပဒေပဲ။ ၃၂  “ဖခင်ရဲ့နေရာကို ဆက်ခံဖို့+ ဘိသိက်ပေး၊+  ခန့်အပ်ခံရတဲ့ ပုရောဟိတ်က+ အပြစ်ဖြေပေးရမယ်။ သန့်ရှင်းတဲ့ ချည်ထည်အဝတ်တွေ  ဝတ်ဆင်ရမယ်။+ ၃၃  အသန့်ရှင်းဆုံးအခန်း၊+ တွေ့ဆုံရာတဲတော်နဲ့+ ပူဇော်ရာပလ္လင်အတွက်+ အပြစ်ဖြေပေးရမယ်။ ပုရောဟိတ်တွေနဲ့ အစ္စရေးတစ်မျိုးလုံးအတွက် အပြစ်ဖြေပေးရမယ်။+ ၃၄  အစ္စရေးတွေရဲ့ အပြစ်အားလုံးအတွက် တစ်နှစ်တစ်ခါ အပြစ်ဖြေပေးရမယ်။+ ဒါဟာ မင်းတို့လိုက်နာရမယ့် အမြဲတည်တဲ့ ဥပဒေပဲ။”+ အာရုန်က မောရှေကို ယေဟောဝါ မိန့်မှာတဲ့အတိုင်း လုပ်ဆောင်တယ်။

အောက်ခြေမှတ်ချက်များ

“ပျောက်ကွယ်သွားတဲ့ဆိတ်” လို့ဆိုလိုနိုင်။
အစာရှောင်တာလိုမျိုး ခြိုးခြံစွာကျင့်တဲ့နည်းတွေလို့ ယူဆကြ။