ဝတ်ပြုရာ ၁၇:၁-၁၆

  • တဲတော်၊ ပူဇော်သက္ကာဆက်သမယ့် နေရာ (၁-၉)

  • သွေးစားခြင်းကို တားမြစ် (၁၀-၁၄)

  • တိရစ္ဆာန်အသေကောင်နဲ့ ပတ်သက်တဲ့ စည်းမျဉ်း (၁၅၊ ၁၆)

၁၇  ယေဟောဝါက  မောရှေကို ဆက်ပြောတယ်– ၂  “အာရုန်၊ သူ့သားတွေနဲ့ အစ္စရေး တစ်မျိုးလုံးကို ပြောပါ။ ‘ယေဟောဝါ မိန့်မှာတာက– ၃  “‘“အစ္စရေးတစ်ယောက်ဟာ စခန်းထဲမှာဖြစ်စေ၊ စခန်းအပြင်မှာဖြစ်စေ နွား၊ သိုး၊ ဆိတ်ကိုသတ်တယ် ဆိုပါစို့။ ၄  ယေဟောဝါရဲ့ တဲတော်ရှေ့မှာ ယေဟောဝါဆီ အလှူအဖြစ် ဆက်သဖို့ တွေ့ဆုံရာတဲတော် ဝင်ပေါက်ဆီ မယူလာတဲ့အတွက် သူ့ကို အသက်သတ်တဲ့အပြစ်ရှိသူလို့ ယူမှတ်ရမယ်။ အသက်သတ်တဲ့ အပြစ်အတွက် သူ့ကို ပယ်ရှင်းရမယ်။ ၅  အစ္စရေးတွေဟာ အကောင်တွေကို အခုလို ကွင်းပြင်မှာ မပူဇော်တော့ဘဲ ယေဟောဝါဆီ၊ ပုရောဟိတ်ရှိတဲ့ တွေ့ဆုံရာတဲတော် ဝင်ပေါက်ဆီ ယူလာရမယ်။ ယေဟောဝါအတွက် မိတ်သဟာယ ပူဇော်သက္ကာတွေအဖြစ် ပူဇော်ရမယ်။+ ၆  ပုရောဟိတ်က သွေးကို တွေ့ဆုံရာတဲတော် ဝင်ပေါက်မှာရှိတဲ့ ယေဟောဝါရဲ့ ပူဇော်ရာပလ္လင်ပေါ်မှာ ဖျန်းရမယ်။ အဆီတွေကို မွှေးကြိုင်တဲ့ရနံ့အဖြစ် ယေဟောဝါဆီ မီးရှို့ပူဇော်ရမယ်။+ ၇  ဒါမှ အစ္စရေးတွေက နတ်ဆိုးတွေကို*+ ဝတ်ပြုပြီး*+ ယဇ်ပူဇော်တော့မှာ မဟုတ်ဘူး။ ဒါဟာ မင်းတို့လူမျိုးအစဉ်အဆက် လိုက်နာရမယ့် အမြဲတည်တဲ့ဥပဒေပဲ။”’ ၈  “သူတို့ကို  ပြောလိုက်ပါ– ‘အစ္စရေးလူမျိုးဖြစ်စေ၊  လာအခြေချတဲ့ တိုင်းတစ်ပါးသားဖြစ်စေ  မီးရှို့ရာအလှူ  ဒါမှမဟုတ်  ပူဇော်သက္ကာကို ၉  ယေဟောဝါဆီ ဆက်သဖို့ တွေ့ဆုံရာတဲတော် ဝင်ပေါက်ဆီ မယူလာဘူးဆိုရင် အဲဒီလူကို ပယ်ရှင်းရမယ်။+ ၁၀  “‘အစ္စရေးလူမျိုးဖြစ်စေ၊ လာအခြေချတဲ့  တိုင်းတစ်ပါးသားဖြစ်စေ သွေးတစ်မျိုးမျိုးကိုစားရင်+ စားတဲ့လူကို  ငါငြင်းပယ်ပြီး  ပယ်ရှင်းမယ်။ ၁၁  သတ္တဝါရဲ့ အသက်ဟာ သွေးမှာရှိတယ်။+ မင်းတို့ရဲ့အပြစ်ကိုဖြေဖို့ သွေးကို ပူဇော်ရာပလ္လင်ပေါ်မှာ+ လောင်းရမယ်လို့ ငါသတ်မှတ်ထားပြီ။ အသက်ဟာ သွေးမှာရှိတဲ့အတွက် အပြစ်ကိုဖြေပေးနိုင်တာ သွေးပဲ။+ ၁၂  ဒါကြောင့် “မင်းတို့ တစ်ယောက်မှ သွေးမစားရဘူး၊ လာအခြေချတဲ့ တိုင်းတစ်ပါးသားလည်း+ သွေးမစားရဘူး”+ လို့ အစ္စရေးတွေကို ငါမိန့်မှာတယ်။ ၁၃  “‘အစ္စရေးလူမျိုးဖြစ်စေ၊ လာအခြေချတဲ့ တိုင်းတစ်ပါးသားဖြစ်စေ တစ်ယောက်ယောက်က  အမဲလိုက်တဲ့အခါ သားရဲ ဒါမှမဟုတ် ငှက်ကိုဖမ်းမိရင်  သွေးကိုသွန်ပြီး+ မြေနဲ့ဖုံးရမယ်။ ၁၄  အသက်ဟာ  သွေးမှာရှိတယ်။ သတ္တဝါတိုင်းမှာ  အသက်ဟာ  သွေးပဲ။  ဒါကြောင့်  “သတ္တဝါတိုင်းမှာ အသက်ဟာ သွေးဖြစ်လို့ ဘယ်သွေးကိုမှ  မစားရဘူး။  စားတဲ့သူတိုင်းကို ပယ်ရှင်းရမယ်”+  ဆိုပြီး အစ္စရေးလူမျိုးကို ငါမိန့်မှာထားတာ။ ၁၅  အစ္စရေးလူမျိုးဖြစ်စေ၊  တိုင်းတစ်ပါးသားဖြစ်စေ တစ်ယောက်ယောက်က တိရစ္ဆာန်အသေကောင် ဒါမှမဟုတ် သားရဲကိုက်သတ်ထားတဲ့  အကောင်ကိုစားရင်+ ကိုယ့်အဝတ်တွေကိုလျှော်ပြီး ရေချိုးရမယ်။ ညဦးပိုင်းအထိ မသန့်ရှင်းဘူး။+ ပြီးရင် သန့်ရှင်းသွားပြီ။ ၁၆  အဝတ်မလျှော်ဘူး၊ ရေမချိုးဘူးဆိုရင်တော့ သူက  အပြစ်အတွက်  ပြစ်ဒဏ်ခံရမယ်။’”+

အောက်ခြေမှတ်ချက်များ

မူရင်း၊ “ဆိတ်နဲ့တူတဲ့ နတ်ဆိုးတွေ။”
မူရင်းမှာ ပြည့်တန်ဆာလုပ်တာနဲ့ တင်စားထားတယ်။