ဝတ်ပြုရာ ၁၈:၁-၃၀

  • တားမြစ်ထားတဲ့ လိင်ဆက်ဆံမှုများ (၁-၃၀)

    • ခါနန်လူမျိုးကို မတုပကြနဲ့ ()

    • သွေးနီးချင်း ဆက်ဆံမှုအမျိုးမျိုး (၆-၁၈)

    • ရာသီလာချိန် ဆက်ဆံမှု (၁၉)

    • လိင်တူကိစ္စ (၂၂)

    • တိရစ္ဆာန်နဲ့ စပ်ယှက်ခြင်း (၂၃)

    • ‘သန့်ရှင်းကြပါ၊ မဟုတ်ရင် တိုင်းပြည်ကနေ နှင်ထုတ်မယ်’ (၂၄-၃၀)

၁၈  ယေဟောဝါက  မောရှေကို ဆက်ပြောတယ်– ၂  “အစ္စရေးတွေကို ပြောပါ– ‘ငါဟာ မင်းတို့ရဲ့ဘုရား  ယေဟောဝါပဲ။+ ၃  မင်းတို့နေထိုင်ခဲ့တဲ့ အီဂျစ်ပြည်ကလူတွေလို လိုက်မလုပ်နဲ့။ မင်းတို့ကို ငါပို့ဆောင်မယ့် ခါနန်ပြည်က လူတွေလိုလည်း လိုက်မလုပ်နဲ့။+ သူတို့ရဲ့ဓလေ့ထုံးစံတွေကို မလိုက်နဲ့။ ၄  ငါ့တရားစီရင်ချက်တွေကို လိုက်နာပါ။ ငါ့ဥပဒေတွေကို စောင့်ထိန်းပါ။+ ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပဲ။ ၅  ငါ့ဥပဒေတွေ၊ တရားစီရင်ချက်တွေကို လိုက်နာပါ။ လိုက်နာသူတိုင်း အဲဒါတွေအားဖြင့်  အသက်ရှင်ရလိမ့်မယ်။+ ငါဟာ ယေဟောဝါပဲ။ ၆  “‘ဘယ်သူမှ  ဆွေမျိုးနီးစပ်သူနဲ့ လိင်မဆက်ဆံနဲ့။+ ငါဟာ ယေဟောဝါပဲ။ ၇  ဖခင် ဒါမှမဟုတ် မိခင်နဲ့ မဆက်ဆံနဲ့။  ကိုယ့်မိခင်ဖြစ်သူနဲ့ မဆက်ဆံနဲ့။ ၈  “‘ဖခင်ရဲ့မိန်းမနဲ့ မဆက်ဆံနဲ့။+ ဖခင်ကို  အရှက်ခွဲရာ  ရောက်တယ်။ ၉  “‘ကိုယ့်နှမ အရင်းနဲ့ ဖြစ်စေ၊ အဖေတူအမေကွဲနှမ  ဒါမှမဟုတ် အမေတူ အဖေကွဲ နှမနဲ့ ဖြစ်စေ မဆက်ဆံနဲ့။+ ၁၀  “‘သားကမွေးတဲ့ ကိုယ့်မြေးမ၊ သမီးကမွေးတဲ့ ကိုယ့်မြေးမနဲ့ မဆက်ဆံနဲ့။ သူတို့ဟာ သွေးသားရင်းချာတွေဖြစ်လို့ သူတို့နဲ့ဆက်ဆံရင် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲရာရောက်တယ်။ ၁၁  “‘အဖေတူ  အမေကွဲ  နှမနဲ့ မဆက်ဆံနဲ့။ သူဟာ ကိုယ့်နှမပဲ။ ၁၂  “‘ကိုယ့်အဒေါ်နဲ့ မဆက်ဆံနဲ့။ သူဟာ ဖခင်ရဲ့ သွေးသားရင်းချာပဲ။+ ၁၃  “‘ကိုယ့်ဒေါ်ကြီး ဒါမှမဟုတ် ဒေါ်လေးနဲ့ မဆက်ဆံနဲ့။ သူဟာ မိခင်ရဲ့ သွေးသားရင်းချာပဲ။ ၁၄  “‘ဘကြီးဘထွေးရဲ့မိန်းမနဲ့ မဆက်ဆံနဲ့။  သူဟာ  ကိုယ့်အဒေါ်ပဲ။ ဘကြီးဘထွေးကို  အရှက်ခွဲရာရောက်တယ်။+ ၁၅  “‘ကိုယ့်ချွေးမနဲ့ မဆက်ဆံနဲ့။+ သူဟာ ကိုယ့်သားရဲ့ မိန်းမပဲ။ သူနဲ့ မဆက်ဆံနဲ့။ ၁၆  “‘ကိုယ့်မရီး ဒါမှမဟုတ် ခယ်မနဲ့ မဆက်ဆံနဲ့။+ ကိုယ့်ညီအစ်ကိုကို အရှက်ခွဲရာရောက်တယ်။ ၁၇  “‘ကိုယ့်ရဲ့  မယားပါသမီးနဲ့ မဆက်ဆံနဲ့။+ မယားပါ သားသမီးကမွေးတဲ့ ကိုယ့်မြေးမတွေကို မယူနဲ့။ သူတို့ဟာ ကိုယ့်မယားရဲ့ သွေးသားရင်းချာတွေပဲ။ ဒါဟာ ညစ်ညမ်းတဲ့လုပ်ရပ်ပဲ။* ၁၈  “‘ကိုယ့်ဇနီး အသက်ရှင်နေတုန်းမှာ ခယ်မ ဒါမှမဟုတ် မရီးကို မယားပြိုင်အဖြစ် မယူနဲ့။+ သူတို့နဲ့ မဆက်ဆံနဲ့။ ၁၉  “‘ရာသီလာလို့ မစင်မကြယ်ဖြစ်နေတဲ့ မိန်းမနဲ့ မဆက်ဆံနဲ့။+ ၂၀  “‘ကိုယ့်အပေါင်းအဖော်ရဲ့ မိန်းမနဲ့ မဆက်ဆံနဲ့။ အဲဒီလိုလုပ်ရင် ကိုယ့်ကိုယ်ကိုယ် ညစ်ညူးအောင်လုပ်ရာရောက်တယ်။+ ၂၁  “‘ကိုယ့်သားသမီးကို မောလုတ်ဘုရားအတွက် မပေးလှူနဲ့။*+ ဒီနည်းနဲ့ ကိုယ့်ဘုရားသခင်ရဲ့ နာမည်ကို ကဲ့ရဲ့ရှုတ်ချစရာဖြစ်အောင် မလုပ်နဲ့။+ ငါဟာ ယေဟောဝါပဲ။ ၂၂  “‘မိန်းမနဲ့အတူအိပ်သလို ယောက်ျားချင်း အတူမအိပ်နဲ့။+ ဒါဟာ ရွံစရာလုပ်ရပ်ပဲ။ ၂၃  “‘ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် တိရစ္ဆာန်နဲ့ မဆက်ဆံနဲ့။ အဲဒီလိုလုပ်ရင် ကိုယ့်ကိုယ်ကိုယ် ညစ်ညူးအောင် လုပ်ရာရောက်တယ်။+ ဒါဟာ သဘာဝနဲ့ဆန့်ကျင်တဲ့ လုပ်ရပ်ပဲ။ ၂၄  “‘ဒီအကျင့်တွေကျင့်ပြီး ကိုယ့်ကိုယ်ကိုယ် ညစ်ညူးအောင် မလုပ်နဲ့။ မင်းတို့ရှေ့ကနေ ငါနှင်ထုတ်တော့မယ့် လူမျိုးတွေဟာ ဒီအကျင့်တွေနဲ့ ညစ်ညူးနေကြတယ်။+ ၂၅  ဒါကြောင့် သူတို့ရဲ့  တိုင်းပြည်ဟာ ညစ်ညူးနေပြီ။ သူတို့အပြစ်အတွက် ငါဒဏ်ခတ်မယ်။ သူတို့ဟာ  တိုင်းပြည်ကနေ နှင်ထုတ်ခံရမယ်။+ ၂၆  မင်းတို့ကတော့ ငါ့ဥပဒေတွေ၊ တရားစီရင်ချက်တွေကို လိုက်နာရမယ်။+ အစ္စရေးလူမျိုးဖြစ်စေ၊ လာအခြေချတဲ့ တိုင်းတစ်ပါးသားဖြစ်စေ ဒီရွံရှာစရာလုပ်ရပ် တစ်ခုကိုမှ မလုပ်ရဘူး။+ ၂၇  မင်းတို့အရင် နေထိုင်ခဲ့တဲ့ ပြည်သားတွေဟာ ဒီရွံရှာစရာလုပ်ရပ်တွေ လုပ်တဲ့အတွက်+ တိုင်းပြည်က ညစ်ညူးနေပြီ။ ၂၈  မင်းတို့ကတော့ တိုင်းပြည်ကို မညစ်ညူးစေတဲ့အတွက် မင်းတို့အရင် နေထိုင်ခဲ့သူတွေလိုမျိုး နှင်ထုတ်ခံရမှာ မဟုတ်ဘူး။ ၂၉  ဒီရွံရှာစရာ လုပ်ရပ်တွေလုပ်တဲ့ လူဟာ ပယ်ရှင်းခံရမယ်။ ၃၀  ငါ့တောင်းဆိုချက်တွေကို လိုက်နာပါ။ အရင်လူတွေလုပ်ခဲ့တဲ့ ရွံရှာစရာ ဓလေ့ထုံးစံတွေကို တစ်ခုမှ လိုက်မလုပ်နဲ့။+ အဲဒီလိုလုပ်ရင် ကိုယ့်ကိုယ်ကိုယ် ညစ်ညူးအောင် လုပ်ရာရောက်တယ်။ ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပဲ။’”

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “အရှက်မရှိ၊ ယုတ်ညံ့တဲ့ အပြုအမူပဲ။”
ဒါမှမဟုတ်၊ “မပူဇော်နဲ့။”