ဝတ်ပြုရာ ၁၉:၁-၃၇

  • သန့်ရှင်းခြင်းဆိုင်ရာ ပညတ်အမျိုးမျိုး (၁-၃၇)

    • တော်မှန်စွာ ရိတ်သိမ်း (၉၊ ၁၀)

    • နားမကြား၊ မျက်မမြင်တို့ကို ထောက်ထားခြင်း (၁၄)

    • သွားပုပ်လေလွင့် မပြောနဲ့ (၁၆)

    • အငြိုးမထားနဲ့ (၁၈)

    • မှော်အတတ်၊ နတ်ဆိုးပညာကို တားမြစ် (၂၆၃၁)

    • ဆေးမင်ကြောင်ထိုးခြင်းကို တားမြစ် (၂၈)

    • အသက်ကြီးသူကို လေးစားပါ (၃၂)

    • တိုင်းတစ်ပါးသားများကို ဆက်ဆံပုံ (၃၃၊ ၃၄)

၁၉  ယေဟောဝါက  မောရှေကို မိန့်မှာတယ်– ၂  “အစ္စရေးတစ်မျိုးလုံးကို ပြောလိုက်ပါ– ‘မင်းတို့ရဲ့ဘုရား ငါယေဟောဝါဟာ သန့်ရှင်းတဲ့အတွက် မင်းတို့လည်း သန့်ရှင်းရမယ်။+ ၃  “‘မိဘကို ရိုသေပါ။+ ဥပုသ်နေ့တွေကို စောင့်ထိန်းပါ။+ ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပဲ။ ၄  အသုံးမဝင်တဲ့ ဘုရားတွေဆီ ပြန်လှည့်မသွားနဲ့။+ ရုပ်တုတွေ သွန်းလုပ်ပြီး မကိုးကွယ်နဲ့။+ ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပဲ။ ၅  “‘ယေဟောဝါဆီ မိတ်သဟာယ ပူဇော်သက္ကာ ဆက်သမယ်ဆိုရင်+ နှစ်သက်မှုရစေမယ့် နည်းအတိုင်း ဆက်သပါ။+ ၆  ဆက်သတဲ့နေ့နဲ့ နောက်တစ်နေ့မှာ ယဇ်သားကို စားရမယ်။ သုံးရက်မြောက်နေ့အထိ ကျန်သေးရင်တော့ မီးရှို့ပစ်ရမယ်။+ ၇  သုံးရက်မြောက်နေ့မှာ စားရင် ရွံစရာဖြစ်လို့ နှစ်သက်မှုရမှာ မဟုတ်ဘူး။ ၈  စားတဲ့သူဟာ အပြစ်အတွက် ပြစ်ဒဏ်ခံရမယ်။ ယေဟောဝါရဲ့ သန့်ရှင်းမြင့်မြတ်ရာကို မထီလေးစားလုပ်တဲ့အတွက် သူ့ကို ပယ်ရှင်းရမယ်။ ၉  “‘လယ်ရိတ်သိမ်းတဲ့အခါ လယ်ကွက်အနားတစ်လျှောက်က ကောက်ပင်တွေကို အကုန်မရိတ်နဲ့။ ရိတ်သိမ်းပြီးနောက် ကျန်တာတွေကို ပြန်မကောက်နဲ့။+ ၁၀  စပျစ်သီး အကြွင်းအကျန်တွေကို ပြန်မခူးနဲ့။ ကျကျန်ခဲ့တဲ့ စပျစ်သီးတွေကိုလည်း ပြန်မကောက်နဲ့။ ဆင်းရဲသားတွေ၊+  တိုင်းတစ်ပါးသားတွေအတွက် ချန်ထားရမယ်။ ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပဲ။ ၁၁  “‘သူတစ်ပါးပစ္စည်း  မခိုးနဲ့။+ အချင်းချင်း မလှည့်စားနဲ့။+ ကလိမ်ကကျစ် မလုပ်နဲ့။ ၁၂  ငါ့နာမည်ကိုသုံးပြီး မဟုတ်မမှန် မကျိန်ဆိုနဲ့။+ မင်းတို့ဘုရားသခင်ရဲ့ နာမည်ဟာ ကဲ့ရဲ့စရာ ဖြစ်သွားလိမ့်မယ်။ ငါဟာ ယေဟောဝါပဲ။ ၁၃  သူတစ်ပါးကို ဖြတ်စားလျှပ်စားမလုပ်နဲ့။+ မလုယက်နဲ့။+ စာရင်းငှားကို လုပ်အားခ နေ့ချင်း ရှင်းပေးလိုက်ပါ။ နောက်နေ့မနက်အထိ မဆိုင်းထားနဲ့။+ ၁၄  “‘နားမကြားသူကို မကျိန်ဆဲနဲ့။ မျက်မမြင်ရှေ့မှာ ခလုတ်တိုက်စရာ မချထားနဲ့။+ ဘုရားသခင်ကို ကြောက်ရွံ့ပါ။+ ငါဟာ ယေဟောဝါပဲ။ ၁၅  “‘အမှုအခင်းတွေကို မတရား မစီရင်နဲ့။ ဆင်းရဲသားမို့လို့ဆိုပြီး မျက်နှာသာ မပေးမိစေနဲ့။ ချမ်းသာလို့ဆိုပြီး မျက်နှာမလိုက်နဲ့။+ လူလူချင်း မျှမျှတတ စီရင်ပါ။ ၁၆  “‘အရပ်တကာလည်ပြီး သွားပုပ်လေလွင့် မပြောနဲ့။+ ကိုယ့်အပေါင်းအဖော်ကို သေကြောင်းမကြံစည်နဲ့။*+ ငါဟာ ယေဟောဝါပဲ။ ၁၇  “‘ကိုယ့်ညီအစ်ကိုကို  မုန်းတဲ့စိတ်  မထားနဲ့။+  ကိုယ့်အပေါင်းအဖော်ကို  ဆုံးမပါ။+  မဆုံးမရင်  သူ့အပြစ်အတွက် ကိုယ့်မှာလည်း တာဝန်ရှိတယ်။ ၁၈  “‘အချင်းချင်း  လက်စားမချေနဲ့၊+ အငြိုးမထားနဲ့။ လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ။+ ငါဟာ ယေဟောဝါပဲ။ ၁၉  “‘မင်းတို့လိုက်နာရမယ့် ဥပဒေတွေကတော့–  မျိုးမတူတဲ့  ခြံမွေးတိရစ္ဆာန်နှစ်ကောင်ကို မျိုးမစပ်နဲ့။ မျိုးစေ့နှစ်မျိုးကို ရောပြီး မကြဲနဲ့။+ ချည်နှစ်မျိုးရောပြီး ရက်လုပ်ထားတဲ့ အဝတ်ကို မဝတ်နဲ့။+ ၂၀  “‘လူတစ်ယောက်က  ကိုယ့်ကျွန်မကို  တခြားလူဆီ  မယားငယ်အဖြစ်ရောင်းဖို့  ကတိပေးထားပေမဲ့ လာမရွေးယူခင်၊  မလွတ်လပ်ခင်မှာ သူနဲ့လိင်ဆက်ဆံရင်  နှစ်ယောက်စလုံးကို ပြစ်ဒဏ်ပေးရမယ်။  ဒါပေမဲ့  ကျွန်မဟာ လွတ်လပ်သူ မဟုတ်သေးတဲ့အတွက် သူတို့ကို သေဒဏ်မပေးရဘူး။ ၂၁  အဲဒီလူဟာ သိုးထီးတစ်ကောင်ကို ဒုစရိုက်ဖြေရာ အလှူအဖြစ် ယေဟောဝါရှေ့ တွေ့ဆုံရာတဲတော် ဝင်ပေါက်ဆီ ယူလာရမယ်။+ ၂၂  ပုရောဟိတ်က ဒုစရိုက်ဖြေရာအလှူဖြစ်တဲ့ သိုးထီးကိုပူဇော်ပြီး အဲဒီလူကျူးလွန်ခဲ့တဲ့ အပြစ်အတွက် ယေဟောဝါရှေ့မှာ အပြစ်ဖြေပေးရမယ်။ ဒါဆိုရင် သူ့အပြစ် ခွင့်လွှတ်ခံရလိမ့်မယ်။ ၂၃  “‘ငါပေးမယ့်တိုင်းပြည်ကို ရောက်ပြီးနောက်  သီးပင်စားပင်တွေ စိုက်ပျိုးတဲ့အခါ  အသီးအပွင့်တွေကို မစင်ကြယ်တဲ့အသီး၊ တားမြစ်ထားတဲ့ အသီးလို့   ယူမှတ်ရမယ်။ သုံးနှစ်လုံးလုံး မစားရဘူး။ ၂၄  လေးနှစ်မြောက်မှာတော့ အသီးအားလုံး သန့်ရှင်းသွားပြီဖြစ်လို့ ယေဟောဝါဆီ ဝမ်းမြောက်ဝမ်းသာ ဆက်သရမယ်။+ ၂၅  ငါးနှစ်မြောက်ကျမှ အသီးအပွင့်တွေကို မင်းတို့စားရမယ်။ ဒီအတိုင်းသာ လုပ်မယ်ဆိုရင် သီးနှံတွေ အထွက်တိုးမယ်။ ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပဲ။ ၂၆  “‘သွေးပါတဲ့အစာကို မစားနဲ့။+ “‘အတိတ်နိမိတ်  မဖတ်နဲ့။  မှော်အတတ် မလိုက်စားနဲ့။+ ၂၇  “‘ဦးခေါင်းဘေးပတ်လည်က  ဆံပင်ကို  မရိတ်နဲ့။  မုတ်ဆိတ်မွေးကို  ပုံပျက်ပန်းပျက်  ဖြစ်အောင် မရိတ်နဲ့။*+ ၂၈  “‘သေလွန်သူအတွက်  ကိုယ့်အသားကို  ဓားနဲ့မမွှန်းနဲ့။+ ဆေးမင်ကြောင် မထိုးနဲ့။ ငါဟာ ယေဟောဝါပဲ။ ၂၉  “‘ကိုယ့်သမီးကို ပြည့်တန်ဆာလုပ်ခိုင်းပြီး အသရေမဖျက်နဲ့။+ အဲဒီလိုလုပ်ရင် တိုင်းပြည်ဟာ ပြည့်တန်ဆာတွေကြောင့် ညစ်ညမ်းလာမယ်။+ ၃၀  “‘ဥပုသ်နေ့ကို စောင့်ထိန်းပါ။+ သန့်ရှင်းရာဌာနတော်ကို ကြည်ညိုလေးစားပါ။ ငါဟာ ယေဟောဝါပဲ။ ၃၁  “‘နတ်ကတော်တွေဆီ မသွားနဲ့။+ ဗေဒင်မမေးနဲ့။+ သူတို့ကြောင့် ညစ်ညူးသွားလိမ့်မယ်။ ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပဲ။ ၃၂  “‘ဆံပင်ဖြူတဲ့သူကို ရိုသေပါ။+ သက်ကြီးရွယ်အိုကို  လေးစားပါ။+ ဘုရားသခင်ကို ကြောက်ရွံ့ပါ။+ ငါဟာ ယေဟောဝါပဲ။ ၃၃  “‘မင်းတို့တိုင်းပြည်မှာ  လာအခြေချတဲ့ တိုင်းတစ်ပါးသားကို မညှဉ်းဆဲရဘူး။+ ၃၄  လာအခြေချတဲ့ တိုင်းတစ်ပါးသားကို ကိုယ့်ပြည်သားလိုပဲ ယူမှတ်ရမယ်။+ သူ့ကို ကိုယ်နဲ့ထပ်တူ ချစ်ရမယ်။ မင်းတို့လည်း အီဂျစ်ပြည်မှာ တိုင်းတစ်ပါးသားဖြစ်ခဲ့ဖူးတာပဲ။+ ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါဖြစ်တယ်။ ၃၅  “‘တိုင်းထွာတဲ့အခါ၊ ချိန်တွယ်တဲ့အခါ၊ ခြင်တွယ်တဲ့အခါ မရိုးမသားမလုပ်နဲ့။+ ၃၆  တိကျတဲ့ချိန်ခွင်၊ တိကျတဲ့အလေး၊ တိကျတဲ့ ကုန်ခြောက်အခြင်အတွယ်၊*  တိကျတဲ့  အရည်အခြင်အတွယ်ကို* သုံးရမယ်။+ ငါဟာ မင်းတို့ကို  အီဂျစ်ပြည်ကနေ  ခေါ်ထုတ်လာတဲ့ ယေဟောဝါဘုရားပဲ။ ၃၇  ဒါကြောင့် ငါ့ဥပဒေတွေ၊ တရားစီရင်ချက်တွေကို လိုက်နာပါ။+  ငါဟာ ယေဟောဝါပဲ။’”

အောက်ခြေမှတ်ချက်များ

“ကိုယ့်အပေါင်းအဖော် အသက်ဘေးကြုံတဲ့အခါ ရပ်ကြည့်မနေနဲ့” လည်းဖြစ်နိုင်။
အယူမှားဘာသာရေး ဓလေ့ထုံးစံတွေကို ဆိုလိုတာ ဖြစ်နိုင်။
မူရင်း၊ “တိကျတဲ့ ဧဖာ။” နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
မူရင်း၊ “တိကျတဲ့ ဟိန်။” နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။