ဝတ်ပြုရာ ၃:၁-၁၇

  • မိတ်သဟာယအလှူ (၁-၁၇)

    • အဆီကိုရော သွေးကိုပါ မစားရ (၁၇)

 “‘နွားထီး ဒါမှမဟုတ် နွားမကို မိတ်သဟာယ  ပူဇော်သက္ကာ*+ အဖြစ်  ပေးလှူမယ်ဆိုရင် အနာအဆာမရှိတဲ့ အကောင်ကို ယေဟောဝါရှေ့ ယူလာရမယ်။ ၂  လှူတဲ့သူက နွားရဲ့ခေါင်းပေါ် လက်တင်ရမယ်။ နွားကို တွေ့ဆုံရာတဲတော် ဝင်ပေါက်မှာ သတ်ရမယ်။ အာရုန်ရဲ့သား ပုရောဟိတ်တွေက သွေးကို  ပူဇော်ရာပလ္လင်  ဘေးပတ်လည်မှာ ဖျန်းရမယ်။ ၃  သူက မိတ်သဟာယ  ပူဇော်သက္ကာရဲ့ တချို့အပိုင်းကို ယေဟောဝါအတွက် မီးရှို့ပူဇော်ဖို့ ပေးရမယ်။+ အဲဒီအပိုင်းတွေကတော့ ဝမ်းတွင်းအဆီလွှာ၊+  အူမှာကပ်နေတဲ့အဆီတွေ၊ ၄  ခါးအတွင်းပိုင်းမှာရှိတဲ့ ကျောက်ကပ်နှစ်ခုနဲ့ ကျောက်ကပ်ပေါ်က အဆီတွေပဲ။ ကျောက်ကပ်တွေနဲ့အတူ အသည်းပေါ်က အဆီလွှာလည်း ပါတယ်။+ ၅  အာရုန်ရဲ့သားတွေက အဲဒါတွေကို ပူဇော်ရာပလ္လင် ထင်းမီးပေါ်က မီးရှို့ရာအလှူပေါ် တင်ပြီး မီးရှို့ရမယ်။+ ဒါဟာ မွှေးကြိုင်တဲ့ရနံ့အဖြစ် ယေဟောဝါဆီ မီးရှို့ဆက်သတဲ့ အလှူပဲ။+ ၆  “‘သိုးအုပ်ဆိတ်အုပ်ထဲကနေ မိတ်သဟာယ  ပူဇော်သက္ကာအဖြစ် ယေဟောဝါဆီ ပေးလှူမယ်ဆိုရင် အနာအဆာမရှိတဲ့ အထီး ဒါမှမဟုတ် အမဖြစ်ရမယ်။+ ၇  သိုးထီးလေးကို လှူမယ်ဆိုရင် ယေဟောဝါရှေ့ ယူလာရမယ်။ ၈  လှူတဲ့သူက သိုးရဲ့ခေါင်းပေါ် လက်တင်ရမယ်။ သိုးကို တွေ့ဆုံရာတဲတော်ရှေ့မှာ သတ်ရမယ်။ အာရုန်ရဲ့သားတွေက သွေးကို ပူဇော်ရာပလ္လင် ဘေးပတ်လည်မှာ ဖျန်းရမယ်။ ၉  လှူတဲ့သူက မိတ်သဟာယ ပူဇော်သက္ကာရဲ့ အဆီကို ယေဟောဝါအတွက် မီးရှို့ပူဇော်ဖို့ ပေးရမယ်။+  ကျောရိုးနားက အဆီများတဲ့အမြီး၊ ဝမ်းတွင်းအဆီလွှာ၊ အူမှာကပ်နေတဲ့အဆီ၊ ၁၀  ခါးအတွင်းပိုင်းမှာရှိတဲ့ ကျောက်ကပ်နှစ်ခုနဲ့ ကျောက်ကပ်ပေါ်က  အဆီတွေကို  ပေးရမယ်။ ကျောက်ကပ်တွေနဲ့အတူ အသည်းပေါ်က အဆီလွှာလည်း  ပါတယ်။+ ၁၁  ပုရောဟိတ်က  အဲဒါတွေကို  ယေဟောဝါအတွက် အစားအစာအဖြစ် ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ပူဇော်ရမယ်။+ ၁၂  “‘ဆိတ်ကို ပေးလှူမယ်ဆိုရင် ယေဟောဝါရှေ့  ယူလာရမယ်။ ၁၃  လှူတဲ့သူက  ဆိတ်ရဲ့ခေါင်းပေါ် လက်တင်ရမယ်။ ဆိတ်ကို တွေ့ဆုံရာတဲတော်ရှေ့မှာ သတ်ရမယ်။ အာရုန်ရဲ့သားတွေက  သွေးကို  ပူဇော်ရာပလ္လင် ဘေးပတ်လည်မှာ  ဖျန်းရမယ်။ ၁၄  ယေဟောဝါအတွက် မီးရှို့ပူဇော်ဖို့ ဝမ်းတွင်းအဆီလွှာ၊ အူမှာကပ်နေတဲ့အဆီ၊+ ၁၅  ခါးအတွင်းပိုင်းမှာရှိတဲ့ ကျောက်ကပ်နှစ်ခုနဲ့ ကျောက်ကပ်ပေါ်က အဆီတွေကို ပေးရမယ်။ ကျောက်ကပ်တွေနဲ့အတူ အသည်းပေါ်က အဆီလွှာလည်း  ပါတယ်။ ၁၆  ပုရောဟိတ်က အဲဒါတွေကို အစားအစာအဖြစ် ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ရမယ်။ ဒါဟာ  မွှေးကြိုင်တဲ့  ရနံ့အဖြစ် မီးရှို့ဆက်သတဲ့အလှူပဲ။  အဲဒီအဆီအားလုံး ယေဟောဝါအတွက် ဖြစ်ရမယ်။+ ၁၇  “‘ဘာအဆီဖြစ်ဖြစ်၊ ဘာသွေးဖြစ်ဖြစ် လုံးဝ မစားရဘူး။+ ဒါဟာ မင်းတို့နေထိုင်ရာ အရပ်တိုင်းမှာ လူမျိုးအစဉ်အဆက် လိုက်နာရမယ့် အမြဲတည်တဲ့ ဥပဒေပဲ။’”

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ချစ်ကြည်ရေးအလှူအဖြစ် ပေးတဲ့ ပူဇော်သက္ကာ။”