ဟဗက္ကုတ် ၁:၁-၁၇

  • ပရော​ဖက်​ရဲ့ အကူ​အညီ​တောင်း​သံ (၁-၄)

    • ‘ယေဟောဝါ​ ဘု​ရား၊  ဘယ်​အချိန်​အထိလဲ’ ()

    • ‘ဖိ​နှိပ်​သူ​တွေ​ကို   ဘာ​လို့​ သည်း​ခံ​နေ​တာ​လဲ’ ()

  • ခါလဒဲ​လူ​တွေ​ကို​သုံး​ပြီး တ​ရား​စီ​ရင် (၅-၁၁)

  • ယေဟောဝါ​ကို ပရော​ဖက် အသနား​ခံ (၁၂-၁၇)

    • ‘ကျွန်​တော့်​ဘု​ရား​သခင်၊ ကိုယ်​တော်​ဟာ သေခြင်း​နဲ့ ကင်း​လွတ်’ (၁၂)

    • ‘မျက်​လုံး​တွေ သန့်​စင်​လွန်း​လို့ ဆိုး​ညစ်​တာ​ကို ကြည့်​မနေ​နိုင်’ (၁၃)

 စိတ်​အာ​ရုံ​မှာ  ပရော​ဖက်​ဟဗက္ကုတ်* ရခဲ့​တဲ့​သတင်း​စကား–  ၂  ယေဟောဝါ​ဘု​ရား၊ ကျွန်တော် ဘယ်​အချိန်​အထိ အော်​ဟစ် အကူ​အညီ​တောင်း​ရ​မှာ​လဲ။ ဘယ်​အချိန်​ကျ​မှ ကြား​မှာ​လဲ။+ အကြမ်း​ဖက်​မှု​က​နေ ကယ်​တင်​ပေး​ပါ​လို့ ဘယ်​အချိန်​အထိ အကူ​အညီ​တောင်း​ရ​မှာ​လဲ။ ဘယ်​အချိန်​ကျ​မှ ကယ်​တင်​မှာ​လဲ။*+  ၃  ကျွန်​တော့်​ကို မကောင်း​မှု​တွေ ဘာလို့​မြင်​စေ​တာ​လဲ။ ဖိ​နှိပ်​သူ​တွေ​ကို ကိုယ်​တော် ဘာ​လို့ သည်း​ခံ​နေ​တာ​လဲ။ အကြမ်း​ဖက်​မှု​တွေ၊ ဖျက်​ဆီး​မှု​တွေ ကျွန်​တော့်​ရှေ့​မှာ ဘာ​လို့​ဖြစ်​နေ​တာ​လဲ။ ငြင်း​ခုံ​ရန်​ဖြစ်​တာ​တွေ ဘာ​လို့ ဒီလောက်​များ​နေ​တာ​လဲ။  ၄  အဲဒီ​လို​ဖြစ်​နေ​တော့ တ​ရား​ဥ​ပ​ဒေ​ဟာ ဘာ​မှ အရာ​မရောက်​တော့​ဘူး။ တ​ရား​မျှ​တ​စွာ မလုပ်​ဆောင်​ကြ​ဘူး။ ဖြောင့်​မတ်​သူ​ကို လူ​ဆိုး​တွေ​ ဝိုင်းထား​တဲ့​အတွက် အမှန်​တ​ရား​ဟာ က​ပြောင်း​က​ပြန်​ ဖြစ်​ကုန်​ပြီ။+  ၅  “လူမျိုး​တွေ​ကို အာ​ရုံ​စိုက်​ပြီး ကြည့်​လိုက်​ပါ။ အံ့သြ​တ​ကြီး ကြည့်​ပြီး မိန်း​မော​နေလိုက်​ပါ။ ကြား​ရင် ယုံ​နိုင်​မှာ​မဟုတ်​တဲ့​အရာတွေ မင်း​တို့​လက်​ထက်​မှာ ဖြစ်​ပျက်​လိမ့်​မယ်။+  ၆  ရက်​စက်​ကြမ်း​ကြုတ်​ပြီး က​မူး​ရှူးထိုး လုပ်​တတ်​တဲ့ ခါလဒဲ​လူမျိုး​ကို ငါ​ပေါ်​ထွန်း​စေ​မှာ ဖြစ်​လို့​ပဲ။+ သူတို့​က ကိုယ်​မပိုင်​တဲ့​အိမ်​တွေ​ကို သိမ်း​ယူ​ဖို့ မြေတစ်​ပြင်​လုံး​ကို တိုက်​ချ​တတ်​တယ်။+  ၇  သူတို့​ဟာ သိပ်​ကြောက်​စ​ရာ​ကောင်း​တယ်။ စိတ်​ကြိုက် ဥ​ပဒေ​ထုတ်​ပြန်​ပြီး အာဏာ​ပြတတ်​တယ်။+  ၈  သူတို့​ရဲ့​မြင်း​ဟာ ကျား​သစ်​ထက် မြန်​တယ်။ ည​မှာ​ကျက်​စား​တဲ့ ဝံ​ပု​လွေ​ထက် သူတို့ ပို​ကြမ်း​ကြုတ်​တယ်။+ သူတို့​ရဲ့​စစ်​မြင်း​တွေ​က ရှေ့​ကို ကဆုန်​ပေါက်​ပြေး​တယ်။ အဝေး​က​နေ မြင်း​တွေ လာ​တယ်။ သား​ကောင်​ထိုး​သုတ်​တဲ့ လင်း​ယုန်​လို သူတို့ တစ်​ရှိန်​ထိုး ရောက်​လာ​တတ်​တယ်။+  ၉  သူတို့​အားလုံး အကြမ်း​ဖက်​ဖို့​ပဲ စိတ်​အား​သန်​နေ​တယ်။+ စု​ပေါင်း​ပြီး ချီ​တက်​လာ​တဲ့​အခါ​ အရှေ့​လေ တိုက်​ခတ်​လာ​သလို​ပဲ။+ သုံ့​ပန်း​တွေ​ကို သဲ​တွေ​လို ကျုံး​သွား​တယ်။ ၁၀  ဘု​ရင်တွေ​ကို သူတို့​လှောင်​ပြောင်​တယ်။ မင်း​အရာ​ရှိ​တွေ​ကို လှောင်​ရယ်​တယ်။+ ခံ​တပ်​တွေ​ကို လှောင်​ရယ်​တယ်။+ မြေကုန်း​ရိုး​ကို ဖို့​ပြီး ခံ​တပ်​တွေ​ကို သိမ်း​ပိုက်​တယ်။ ၁၁  အဲဒီ​နောက် လေ​လို ရှေ့​ကို​ချီ​တက်​ပြီး ပြည်​ကို ဖြတ်​သွား​တယ်။ ဒါ​ပေမဲ့ သူတို့​ရဲ့​ဘု​ရား​ကြောင့် တန်ခိုး​အာ​ဏာရ​တယ်​လို့ ယူမှတ်​တဲ့​အတွက်*+ အပြစ်​သင့်​လိမ့်​မယ်။”+ ၁၂  ယေဟောဝါ​ဘု​ရား၊ ကိုယ်​တော်​ဟာ ထာ​ဝ​ရ​ကာလ​က​တည်း​က တည်​ရှိ​ခဲ့​တယ် မဟုတ်​လား။+ ကျွန်​တော့်​ဘု​ရား​သခင်၊ သန့်​ရှင်း​တဲ့​အရှင်၊ ကိုယ်​တော်​ဟာ သေခြင်း​နဲ့​ကင်း​လွတ်​တယ်။*+ ယေဟောဝါ၊ ကိုယ်​တော်​က​ ပြစ်ဒဏ်​စီ​ရင်​ဖို့ သူတို့​ကို ခန့်ထားတယ်။ ကျွန်​တော့်ရဲ့​ကျောက်​ဆောင်၊+ ကိုယ်​တော်​က ဆုံးမ​ပဲ့​ပြင်​ဖို့ သူတို့​ကို တည်​ရှိ​စေ​တယ်။+ ၁၃  ကိုယ်​တော့်​မျက်​လုံး​တွေ​ဟာ သန့်​စင်​လွန်း​လို့ ဆိုး​ညစ်​တဲ့​အရာ​ကို ကြည့်​မနေ​နိုင်​ဘူး။ မကောင်း​မှု​ကို သည်း​မခံ​နိုင်​ဘူး။+ ဒါ​ဆို​ရင် သစ္စာ​ဖောက်​တွေ​ကို ဘာလို့ သည်း​ခံ​နေ​ပါ​သလဲ။+ လူ​ဆိုး​က ပို​ဖြောင့်​မတ်​သူ​ကို ဝါး​မျို​တဲ့​အခါ ကိုယ်​တော် ဘာ​လို့ နှုတ်ဆိတ်​နေ​တာ​လဲ။+ ၁၄  လူ​ကို ပင်လယ်​ငါး​တွေ​လို၊အုပ်​ချုပ်​သူ​မရှိ​တဲ့ တွား​သွား​သတ္တဝါ​တွေ​လို ဖြစ်​အောင် ကိုယ်တော် ဘာ​လို့​လုပ်​တာ​လဲ။ ၁၅  သူ​က* သူတို့​ကို ငါး​မျှား​ချိတ်​နဲ့ ဆွဲ​တယ်။ ဆွဲ​ပိုက်​နဲ့ ဖမ်း​တယ်။ ငါး​ဖမ်း​ပိုက်​ထဲ​မှာ စု​သိမ်း​တယ်။ ဒါ​ကြောင့် အကြီး​အကျယ် ဝမ်းမြောက်​နေ​တယ်။+ ၁၆  သူ​က ဆွဲ​ပိုက်​ဆီ ယဇ်​ပူ​ဇော်​တယ်။ ငါး​ဖမ်း​ပိုက်​ဆီ ယဇ်​ပူ​ဇော်​တယ်။ အဲဒီ​ပိုက်​တွေ​ကြောင့် သူ့​ဝေ​စု​ဟာ အဆီ​တ​ဝင်း​ဝင်း ဖြစ်​နေ​ပြီး အကောင်း​ဆုံး​အစာ​ကို သူ​စား​ရလို့​ပဲ။ ၁၇  ဒါ​နဲ့​ပဲ ဆွဲ​ပိုက်​ကို သူ အမြဲသွန်​ချ​နေ​မှာ​လား။* လူမျိုး​တွေ​ကို မသနား​ဘဲ အမြဲသတ်​ဖြတ်​နေ​မှာ​လား။+

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “အား​ပါး​တ​ရ ပွေ့​ဖက်​ခြင်း။”
ဒါ​မှ​မဟုတ်၊ “ကြား​ဝင်​လုပ်​ဆောင်​ပေး​မှာ​လဲ။”
“သူတို့​ရဲ့​တန်ခိုး​အာ​ဏာ​ဟာ သူတို့​ရဲ့​ဘု​ရား ဖြစ်​နေ​တဲ့​အတွက်” လည်း​ဖြစ်​နိုင်။
“ကျွန်​တော်​တို့ သေမှာ​မဟုတ်​ဘူး” လည်း​ဖြစ်​နိုင်။
ခါလဒဲရန်​သူ။
“ဓား​ကို ထုတ်​မြဲထုတ်​နေ​တော့​မှာ​လား” လည်း​ဖြစ်​နိုင်။