ဟဗက္ကုတ် ၂:၁-၂၀

  • ‘ကိုယ်​တော် ဘာ​များ​ပြော​မလဲ၊ စောင့်​မြဲစောင့်​နေမယ်’ ()

  • ပရော​ဖက်​ကို ယေဟောဝါ​ပြန်​ဖြေ (၂-​၂၀)

    • ‘စိတ်​အာ​ရုံ​ကို ဆက်​ပြီး​စောင့်​မျှော်​ပါ’ ()

    • ဖြောင့်​မတ်​သူ​ဟာ သစ္စာ​တ​ရား​ကြောင့် အသက်​ရှင်​မယ် ()

    • ခါလဒဲ​လူ​တွေ​အတွက် အဖြစ်​ဆိုး​ငါး​ခု (၆-၂၀)

      • ကမ္ဘာ​မြေမှာ ယေဟောဝါ​ကို သိ​ကျွမ်း​သူတွေ ပြည့်​နေ (၁၄)

 ကျွန်​တော်​က ကင်း​တဲ​မှာ ရပ်​မြဲရပ်​နေ​မယ်။+ ခံ​စစ်​ကုန်း​ရိုး​ပေါ်​မှာ ရှိ​မြဲရှိ​နေ​မယ်။ ကျွန်​တော်​က​တစ်ဆင့် ကိုယ်​တော် ဘာ​များ​ပြော​မလဲ၊ကျွန်​တော့်​ကို ပဲ့​ပြင်​တဲ့​အခါ ဘာ​ပြန်​ပြော​ရ​မလဲ သိ​နိုင်​ဖို့ စောင့်​မြဲစောင့်​နေ​မယ်။  ၂  ယေဟောဝါ​က ကျွန်​တော့်​ကို ပြော​တယ်– “ဒီ​စိတ်​အာ​ရုံ​အကြောင်း ချ​ရေး​ပါ။ သင်​ပုန်း​ပေါ်​မှာ ရှင်း​ရှင်း​လင်းလင်း ရေး​ထား​ပါ။+ ဒါ​မှ ကျယ်​ကျယ်​ဖတ်​ပြမယ့်​သူ​က အလွယ်​တ​ကူ ဖတ်​နိုင်​မယ်။+  ၃  စိတ်​အာ​ရုံ​က သတ်​မှတ်​ထား​ချိန်​ရောက်​မှ ပြည့်​စုံ​လာ​မယ်။ အဲဒီ​အချိန် အမြန်​လာ​နေ​ပြီ။ အဲ​ဒါ​ဟာ အလိမ်​အညာ မဟုတ်​ဘူး။ နှောင့်​နှေး​ပုံ​ပေါက်​နေ​ရင်​တောင် ဆက်​ပြီး​စောင့်​မျှော်​နေ​ပါ။+ ကျိန်း​သေ ပြည့်​စုံ​လာ​မယ်။ နောက်ကျ​မှာ မဟုတ်​ဘူး။  ၄  မာ​န​ကြီး​သူ​ကို ကြည့်​ပါ။ သူ​ဟာ စိတ်​ရင်း​မမှန်​ဘူး။ ဖြောင့်​မတ်​သူ​က​တော့ မိမိ​ရဲ့​သစ္စာ​တ​ရား​ကြောင့်* အသက်​ရှင်​လိမ့်​မယ်။+  ၅  စ​ပျစ်​ဝိုင်​ဟာ လှည့်​စား​တတ်​တဲ့​အတွက် မောက်​မာ​တဲ့​လူ​က ပန်း​တိုင်​ရောက်​မှာ မဟုတ်​ဘူး။ သင်္ချိုင်း​လို အာ​သာ​ဆန္ဒ မပြေနိုင်​ဘူး။ သူ​ဟာ သေမင်း​နဲ့​တူ​တယ်။ မတင်း​တိမ်​နိုင်​ဘူး။ လူမျိုး​အားလုံး​ကို စု​သိမ်း​နေ​တယ်။ လူ​အားလုံး​ကို စု​စည်း​နေ​တယ်။+  ၆  လူမျိုး​အားလုံး​က သူ့​အကြောင်း​ကို စကား​ပုံ​ဖွဲ့​ ပြီး၊ စကား​ထာ​ဝှက်​ပြီး စောင်း​ချိတ်​ပြော​ဆို​မယ် မဟုတ်​လား။+ သူတို့ ပြော​မှာ​က– ‘ကိုယ်​မပိုင်​တာ​ကို သိမ်း​ယူ​တဲ့​သူ၊ကိုယ့်​ကိုယ်​ကိုယ် အကြွေး​ထူ​အောင်​လုပ်​တဲ့​သူ​ဟာ အဖြစ်​ဆိုး​ကြုံ​ရ​လိမ့်​မယ်။ ဘယ်​အချိန်​အထိ အဲဒီ​လို​လုပ်​နေ​မှာ​လဲ။  ၇  မင်း​ရဲ့ ​အကြွေး​ရှင်​တွေ ရုတ်​တ​ရက် ရောက်​လာ​မယ် မဟုတ်​လား။ သူတို့ နိုး​ထ​လာ​ပြီး မင်း​ကို ခပ်​ကြမ်း​ကြမ်း ကိုင်​လှုပ်​မယ်။ မင်း​ဟာ သူတို့ လု​ယက်​စ​ရာ ဖြစ်​သွား​မယ်။+  ၈  လူမျိုး​များ​စွာ​ကို မင်း လု​ယက်​ခဲ့​တဲ့​အတွက် ကျန်​တဲ့​သူ​တွေ​အားလုံး​က မင်း​ကို ပြန်​လု​ယက်​ကြ​မယ်။+ လူ​တွေ​ကို မင်း သတ်​ဖြတ်​ခဲ့​တာ​ကိုး။ ကမ္ဘာ​မြေကို​ရော၊ မြို့​နဲ့ မြို့​သူ​မြို့​သား​တွေ​ကို​ပါ အကြမ်း​ဖက်​ခဲ့​တာ​ကိုး။+  ၉  ဘေး​ဆိုး​လက်​က​နေ လွတ်​ဖို့၊ကိုယ့်​အသိုက်​ကို အမြင့်​မှာ​ဆောက်​ဖို့ ကိုယ့်​အမျိုး​အတွက် မတ​ရား​စီးပွား​ရှာ​တဲ့​သူ​ဟာ အဖြစ်​ဆိုး​ကြုံ​ရ​လိမ့်​မယ်။ ၁၀  မင်း​က အကောက်​ကြံ​ပြီး ကိုယ့်​အမျိုး​ကို အရှက်​ခွဲ​တယ်။ လူ​အများ​ကြီး​ကို ပယ်​ရှင်း​ပြီး အပြစ်​ကျူး​လွန်​တယ်။+ ၁၁  နံ​ရံ​ထဲ​က​နေ ကျောက်​တစ်​လုံး​က အော်​ပြော​လိမ့်​မယ်။ အိမ်​မိုး​ပေါ်​က​နေ ဒိုင်း​က သံ​ယောင်​လိုက်​ပြီး တုံ့​ပြန်​မယ်။ ၁၂  မြို့​ကို သတ်​ဖြတ်​မှု​တွေ​နဲ့ တည်​တဲ့​သူ၊မြို့​ကို မဖြောင့်​မတ်​မှု​တွေ​နဲ့ တည်​ဆောက်​တဲ့​သူ​ဟာ အဖြစ်​ဆိုး​ကြုံ​ရ​လိမ့်​မယ်။ ၁၃  မီး​စာ​ဖြစ်​သွား​မယ့်​အရာ​အတွက် လူ​တွေ အပင်​ပန်း​ခံ​ကြ​တယ်။ အချည်း​နှီး​ဖြစ်​သွား​မယ့်​အရာ​အတွက် လူမျိုး​တွေ ဒုက္ခ​ခံ​ကြ​တယ်။+ အဲဒီ​လို​ဖြစ်​စေ​တာ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ပဲ မဟုတ်​လား။ ၁၄  ပင်လယ်​ဟာ ရေတွေ​နဲ့ ပြည့်​နေ​သလို ကမ္ဘာ​မြေဟာ ယေဟောဝါ​ရဲ့ ဂုဏ်​ကျက်​သရေ​အကြောင်း သိ​ကျွမ်း​သူ​တွေ​နဲ့ ပြည့်​နေ​မယ်။+ ၁၅  ကိုယ့်​အပေါင်း​အဖော်တွေ အဝတ်​ဗ​လာ​ဖြစ်​တာ​ကို မြင်​ချင်​လို့ အမျက်​ဒေါသ​တွေ ရော​စပ်​ပြီး သူတို့​ကို မူး​အောင်​တိုက်​တဲ့​သူ​ဟာ အဖြစ်​ဆိုး​ကြုံ​ရ​လိမ့်​မယ်။ ၁၆  မင်း​ဟာ ဂုဏ်​ကျက်​သရေ​အစား အရှက်​ကွဲ​ခြင်း​ကို​ပဲ တ​နင့်​တ​ပိုး​ခံ​ရ​မယ်။ မင်း​ကိုယ်​တိုင်​လည်း သောက်​ရ​လိမ့်​မယ်။ အရေ​ဖျား​မဖြတ်​ထား​တဲ့​အဖြစ်​ကို ပြရ​လိမ့်​မယ်။* ယေဟောဝါ​ရဲ့ ညာ​လက်​မှာ​ရှိ​တဲ့ ခွက်​က မင်း​ဆီ ရောက်​လာ​မယ်။+ မင်း​ရဲ့​ဂုဏ်​ကျက်​သရေ​ကို အရှက်​ကွဲ​ခြင်း​က လွှမ်း​မိုး​သွား​မယ်။ ၁၇  လက်​ဘ​နွန်​ကို အကြမ်း​ဖက်​ခဲ့​တာ၊တိ​ရစ္ဆာန်တွေ​ကို ခြောက်​လှန့်​ဖျက်​ဆီး​ခဲ့​တာ​တွေ​အတွက် မင်း ပြန်​ခံ​ရ​လိမ့်​မယ်။ လူ​တွေ​ကို မင်း သတ်​ဖြတ်​ခဲ့​တာ​ကိုး။ ကမ္ဘာ​မြေကို​ရော မြို့​နဲ့ မြို့​သူ​မြို့​သား​တွေ​ကို​ပါ အကြမ်း​ဖက်​ခဲ့​တာ​ကိုး။+ ၁၈  လူ​ထွင်း​ထား​တဲ့ ရုပ်​တု​ဟာ ဘာ​များ​အကျိုး​ပေး​လို့​လဲ။ လူ​သွန်း​လုပ်​တဲ့ ရုပ်​တု​နဲ့ အလိမ်​အညာ​ဆ​ရာ​က ဘာ​များ အကျိုး​ပေး​လို့​လဲ။ သွန်း​လုပ်​တဲ့​သူ​က အသုံး​မဝင်​တဲ့ ရုပ်​တု​ကို ဘယ်​လို ယုံ​ကြည်​ကိုး​စား​နိုင်​မလဲ။ အဲဒီ​ရုပ်​တု​က စကား​မှ မပြော​တတ်​တာ။+ ၁၉  သစ်​သား​တုံး​ကို “နိုး​ထ​ပါ​တော့” လို့​ပြော​တဲ့​သူ၊စကား​မပြော​တတ်​တဲ့ ကျောက်​တုံး​ကို “နိုး​ထ​ပါ​တော့၊ သွန်သင်​ပေး​ပါ​တော့” လို့​ပြော​တဲ့​သူ​ဟာ အဖြစ်​ဆိုး​ကြုံ​ရ​လိမ့်​မယ်။ ကြည့်​လိုက်​ပါ။ ရွှေ​ငွေ​တွေ​နဲ့ မွမ်း​မံ​ထား​ပေမဲ့+ အဲဒီ​ရုပ်​တု​တွေ​ဟာ အသက်​မဲ့​နေ​တယ်။+ ၂၀  ယေဟောဝါ​က​တော့ သန့်​ရှင်း​တဲ့​ဗိမာန်​တော်​မှာ စံ​မြန်း​နေ​တယ်။+ အို ကမ္ဘာ​မြေ၊ ရှေ့​တော်​မှာ နှုတ်​ဆိတ်​နေ​လိုက်​ပါ။’”+

အောက်ခြေမှတ်ချက်များ

“ယုံ​ကြည်​ခြင်း​ကြောင့်” လည်း​ဖြစ်​နိုင်။
“ဒ​ယိမ်း​ဒ​ယိုင် ဖြစ်​နေ​လိမ့်​မယ်” လည်း​ဖြစ်​နိုင်။