ဟီဘရူး ၁၃:၁-၂၅

  • နိဂုံးချုပ် အားပေးစကား၊ နှုတ်ဆက်စကား (၁-၂၅)

    • ဧည့်ဝတ်ကျေပွန်ဖို့ မမေ့ပါနဲ့ ()

    • အိမ်ထောင်မင်္ဂလာကို လေးစားရမယ် ()

    • ဦးဆောင်သူတွေကို နာခံပါ (၁၇)

    • ဘုရားသခင်ကို ချီးမွမ်းခြင်း ပူဇော်သက္ကာ ဆက်သပါ (၁၅၊ ၁၆)

၁၃  ညီရင်းအစ်ကိုမေတ္တာနဲ့ အချင်းချင်း  ချစ်မြဲချစ်နေကြပါ။+ ၂  ဧည့်ဝတ်ကျေပွန်ဖို့* မမေ့ပါနဲ့။+ ဧည့်ဝတ်ပြုခဲ့သူတချို့က  ကောင်းကင်တမန်တွေမှန်း  မသိဘဲ  ဧည့်ဝတ်ပြုခဲ့ကြတယ်။+ ၃  အကျဉ်းကျနေတဲ့သူတွေကို  ကိုယ်လည်း  သူတို့နဲ့အတူ အကျဉ်းကျနေတယ်လို့  သဘောထားပြီး+ သတိရကြပါ။+  ခင်ဗျားတို့ကိုယ်တိုင် ကမ္ဘာပေါ်မှာ အသက်ရှင်နေတုန်းဖြစ်လို့*  ညှဉ်းဆဲခံရသူတွေကို သတိရကြပါ။ ၄  အိမ်ထောင်မင်္ဂလာကို  လူတိုင်း လေးစားရမယ်။ အိမ်ထောင်မင်္ဂလာကို  မညစ်ညူးစေပါနဲ့။+  လိင်အကျင့်ယိုယွင်းသူတွေ၊* အိမ်ထောင်ရေးဖောက်ပြန်သူတွေကို ဘုရားသခင် ပြစ်ဒဏ်စီရင်လိမ့်မယ်။+ ၅  ခင်ဗျားတို့ရဲ့ဘဝမှာ ငွေတပ်မက်တာကို ရှောင်ပါ။+ ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ပါ။+ “မင်းတို့ကို ငါ ဘယ်တော့မှပစ်ထားမှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး”+ လို့ ဘုရားသခင် ပြောထားတာပဲ။ ၆  ဒါကြောင့် “ယေဟောဝါဟာ* ကူညီမစရှင်ဖြစ်တဲ့အတွက် ငါ ဘာကိုမှမကြောက်ဘူး။ လူက ငါ့ကို ဘာလုပ်နိုင်မှာလဲ”+ ဆိုပြီး ကျွန်တော်တို့ ရဲရဲဝံ့ဝံ့ ပြောနိုင်တယ်။ ၇  ခင်ဗျားတို့ကို  ဦးဆောင်နေသူတွေ၊+  ဘုရားသခင့်  တရားစကားအကြောင်း ဟောပြောသွန်သင်ပေးခဲ့သူတွေကို သတိရပါ။ သူတို့ရဲ့ လုပ်ရပ်ကြောင့်ဖြစ်လာတဲ့ ကောင်းကျိုးတွေကို စဉ်းစားဆင်ခြင်ပြီး သူတို့ရဲ့ယုံကြည်ခြင်းကို အတုယူပါ။+ ၈  ယေရှုခရစ်ဟာ အရင်တုန်းကရော၊ အခုရော၊ နောင်ရော ထာဝရမပြောင်းလဲဘူး။ ၉  ထူးဆန်းတဲ့  သွန်သင်ချက်အမျိုးမျိုးကြောင့်  လမ်းမလွဲသွားပါနဲ့။ အစားအစာကို* မဟုတ်ဘဲ မဟာကရုဏာကို အားထားပြီး စိတ်နှလုံးကို ခိုင်ခံ့အောင်လုပ်ပါ။  အစားအစာကိုပဲ အရေးပေးလွန်းတဲ့သူဟာ ဘာအကျိုးမှ မရဘူး။+ ၁၀  ကျွန်တော်တို့မှာ  ပူဇော်ရာပလ္လင်တစ်ခု  ရှိတယ်။  ဒါပေမဲ့  တဲတော်မှာ အမှုဆောင်တဲ့သူတွေက အဲဒီပလ္လင်ပေါ် ဆက်သထားတာကို စားသုံးခွင့်မရှိဘူး။+ ၁၁  ပုရောဟိတ်မင်းက တိရစ္ဆာန်တွေရဲ့ သွေးကို အပြစ်ဖြေရာအလှူအဖြစ်  အသန့်ရှင်းဆုံးအခန်းထဲ ယူသွားရတယ်။ အကောင်တွေကိုတော့ စခန်းအပြင်  ထုတ်ပြီး  မီးရှို့ရတယ်။+ ၁၂  ဒါကြောင့် ယေရှုကလည်း လူတွေကို မိမိသွေးနဲ့ သန့်စင်ပေးနိုင်ဖို့+ မြို့တံခါးရဲ့အပြင်ဘက်မှာ+ အသေခံခဲ့တယ်။ ၁၃  ဒါကြောင့် ယေရှုရှိရာ  စခန်းအပြင်ကိုထွက်ပြီး ယေရှုခံခဲ့ရတဲ့ ကဲ့ရဲ့ရှုတ်ချမှုတွေကို ခံယူကြစို့။+ ၁၄  ဒီနေရာမှာတော့ ကျွန်တော်တို့အတွက် တည်မြဲတဲ့မြို့ မရှိဘူး။ နောင်တည်မယ့်မြို့ကိုပဲ စိတ်ထက်သန်စွာ ကျွန်တော်တို့ စောင့်မျှော်နေတယ်။+ ၁၅  ဒါကြောင့်  ယေရှုကတစ်ဆင့် ဘုရားသခင်ကို အမြဲချီးမွမ်းကြစို့။+ အဲဒီလိုချီးမွမ်းတာက ဘုရားသခင်ဆီ ပူဇော်သက္ကာ ဆက်သတာနဲ့ တူတယ်။ ကျွန်တော်တို့က ဘုရားသခင်ရဲ့နာမည်ကို လူအများသိအောင်+ နှုတ်နဲ့ချီးမွမ်းကြတယ်။+ ၁၆  ဒါ့အပြင် ကောင်းမှုပြုဖို့၊ ကိုယ့်မှာရှိတာကို သူတစ်ပါးကို ဝေမျှဖို့ မမေ့ပါနဲ့။+ ဘာလို့လဲဆိုတော့ အဲဒီလိုပူဇော်သက္ကာတွေကို ဘုရားသခင် နှစ်သက်တယ်။+ ၁၇  ခင်ဗျားတို့ကို  ဦးဆောင်တဲ့သူတွေကို နာခံပါ၊+ လက်အောက်ခံပါ။+ ခင်ဗျားတို့ကို  သူတို့  ဂရုစိုက်စောင့်ရှောက်ပေးနေတယ်။ တကယ်တော့ အဲဒီအတွက် သူတို့ကိုယ်တိုင် ဖြေရှင်းချက်ပေးရမှာ။+ သူတို့ရဲ့တာဝန်ကို ပျော်ပျော်ရွှင်ရွှင် မဟုတ်ဘဲ သက်ပြင်းချပြီး လုပ်ဆောင်နေရရင်တော့  ခင်ဗျားတို့ပဲအကျိုးယုတ်လိမ့်မယ်။ ၁၈  ကျွန်တော်တို့အတွက် အမြဲဆုတောင်းပေးပါ။  ကျွန်တော်တို့ဟာ အရာရာမှာ ရိုးရိုးသားသား ကျင့်ကြံပြုမူချင်စိတ် ရှိနေတဲ့အတွက် အမှားအမှန်သိစိတ် ကြည်လင်နေမှန်း ကိုယ့်ကိုယ်ကိုယ် ယုံတယ်။+ ၁၉  ခင်ဗျားတို့ဆီ ကျွန်တော် အမြန်ဆုံးရောက်လာနိုင်အောင် ဆုတောင်းပေးကြပါလို့လည်း အထူးတိုက်တွန်းချင်တယ်။ ၂၀  ငြိမ်သက်ခြင်းရဲ့အရှင်  ဘုရားသခင်က သိုးထိန်းကြီး+ သခင်ယေရှုကို ထာဝရပဋိညာဉ်ရဲ့သွေးနဲ့ တစ်ပါတည်း သေခြင်းကနေ ထမြောက်စေခဲ့တယ်။ ၂၁  ဘုရားသခင်က ခင်ဗျားတို့ကို မိမိရဲ့အလိုတော်ဆောင်နိုင်ဖို့ ကောင်းတဲ့အရာမှန်သမျှနဲ့ ပြည့်စုံအောင် လုပ်ပေးပါစေ။ မိမိနှစ်သက်ရာကို လုပ်ဆောင်နိုင်ဖို့ ခင်ဗျားတို့ကို ယေရှုခရစ်ကတစ်ဆင့် လှုံ့ဆော်ပေးပါစေ။ ဘုရားသခင်ရဲ့ ဘုန်းတော်  အစဉ်ထာဝရ  ထင်ရှားပါစေ။ အာမင်။* ၂၂  ညီအစ်ကိုတို့၊  ဒီအားပေးစာကို  ဖတ်တဲ့အခါ စိတ်ရှည်ရှည်နဲ့ နားထောင်ဖို့ တိုက်တွန်းချင်တယ်။ ကျွန်တော်ရေးတဲ့ စာက  တိုတိုလေးပါ။ ၂၃  ညီအစ်ကိုတိမောသေ  လွတ်လာပြီဆိုတဲ့  အကြောင်းကိုလည်း   သိစေချင်တယ်။ မကြာခင် ခင်ဗျားတို့ဆီ  သူလာတဲ့အခါ ကျွန်တော်လည်း အတူ  လိုက်လာမယ်။ ၂၄  ခင်ဗျားတို့ကို ဦးဆောင်နေသူတွေ၊ သန့်ရှင်းသူတွေ အားလုံးကို နှုတ်ဆက်ပေးပါ။ အီတလီပြည်မှာ+  ရှိနေတဲ့သူတွေလည်း ခင်ဗျားတို့ကို နှုတ်ဆက်လိုက်ပါတယ်။ ၂၅  ခင်ဗျားတို့အားလုံး မဟာကရုဏာ ခံစားရပါစေ။

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “သူစိမ်းတွေကို ကြင်နာမှုပြဖို့။”
“သူတို့နဲ့အတူ ဒုက္ခခံစားနေရသလိုမျိုး” လည်းဖြစ်နိုင်။
ခက်ဆစ်ကိုကြည့်။
အစားအစာနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေကို ဆိုလို။
ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”