ဟီဘရူး ၆:၁-၂၀

  • ရင့်​ကျက်​တဲ့​အဖြစ်​ကို တက်​လှမ်း​ပါ (၁-၃)

  • ဘု​ရား​ရဲ့​သား​ကို နောက်​တစ်​ကြိမ် သစ်​တိုင်​တင်တဲ့  လမ်း​လွဲ​သွား​သူ​တွေ (၄-၈)

  • မျှော်​လင့်​ချက်​အတိုင်း တ​ကယ်​ဖြစ်​လာ​အောင် လုပ်​ဆောင်​ပါ (၉-၁၂)

  • စိတ်​ချ​နိုင်​တဲ့ က​တိ​တော် (၁၃-၂၀)

    • မပြောင်း​လဲ​နိုင်​တဲ့ က​တိ​တော်​နဲ့ ကျိန်​ဆို​ချက် (၁၇၊ ၁၈)

 ဒါ​ကြောင့်  ခ​ရစ်​တော်​နဲ့​ဆိုင်​တဲ့ အခြေ​ခံ​အယူ​ဝါ​ဒ​တွေ​ကို ချန်​ထား​ပြီး+ ရင့်​ကျက်​တဲ့​အဖြစ်​ကို တက်​လှမ်း​ကြ​စို့။+ အခြေ​ခံ​သွန်​သင်​ချက်​တွေ​ကို​ပဲ ထပ်​ခါ​ထပ်​ခါ လေ့​လာ​မနေ​ကြ​နဲ့​တော့။ အဲ​ဒါ​တွေ​က​တော့  သေခြင်း​နဲ့​ဆိုင်​တဲ့ အကျင့်​တွေ​အတွက်  နောင်​တ​ရ​ခြင်း၊ ဘုရား​သခင်​ကို ယုံ​ကြည်​ခြင်း၊ ၂  နှစ်​ခြင်း​အမျိုး​မျိုး၊ လက်​တင်​ခြင်း၊+ သေလွန်​သူ​တွေ ရှင်​ပြန်​ထ​မြောက်​ခြင်း၊+ ထာ​ဝ​ရ တ​ရား​စီ​ရင်​ခြင်း​စ​တဲ့ သွန်​သင်​ချက်​တွေ​ပဲ။ ၃  ဘု​ရား​သခင် ခွင့်​ပြု​မယ်​ဆို​ရင် ရင့်​ကျက်​တဲ့​အဖြစ်​ကို ကျွန်​တော်​တို့ တက်​လှမ်း​နိုင်​မှာ​ပါ။ ၄  တစ်​ချိန်​တုန်း​က  အလင်း​ထဲ​ ရောက်​ဖူး​သူ၊+ ကောင်း​ကင်​ဆု​ကျေး​ဇူး​ကို  မြည်း​စမ်း​ဖူး​သူ၊  သန့်​ရှင်း​သော စွမ်း​အား​တော်​ကို ခံ​ယူ​ဖူး​သူ၊ ၅  ဘုရား​သခင်​ရဲ့ ကောင်းမြတ်​တဲ့ တ​ရား​စ​ကား​ကို ရ​ရှိ​ဖူး​သူ၊ နောင်​လာ​မယ့် လောက​စနစ်* မှာ​ရ​မယ့် ကောင်း​ချီး​တွေ​ကို* မြည်းစမ်း​ဖူး​သူ​တွေ  ဖြစ်​လျက်​နဲ့၊ ၆  ယုံ​ကြည်​ခြင်း​က​နေ လမ်း​လွဲ​သွား​သူ​တွေ​ကို+ နောင်​တ​ရ​အောင်၊ အသိ​တ​ရား ပြန်​ရ​အောင်​လုပ်​ဖို့ မဖြစ်​နိုင်​ဘူး။ ဘာ​လို့​လဲ​ဆို​တော့ သူ​တို့​ရဲ့​အဖြစ်​က ဘု​ရား​သခင်​ရဲ့​သား​ကို နောက်​တစ်​ကြိမ် သစ်​တိုင်​တင်​ပြီး လူ​အများ​ရှေ့ အရှက်​ရ​အောင်​လုပ်​သလို ဖြစ်​နေ​လို့​ပဲ။+ ၇  ဥ​ပမာ၊ မြေကြီး​က ရွာ​ကျ​လာ​တဲ့ မိုး​ရေ​ကို စုပ်​ယူ​ပြီး စိုက်​ပျိုး​သူ​အတွက် သီး​နှံ​ဖြစ်​ထွန်း​စေ​တဲ့​အခါ ဘု​ရား​သခင်​ဆီ​က ကောင်း​ချီး​ကို ရ​တယ်။ ၈  ဆူး​ပင်၊ ချုံ​ပင်​တွေ​ပဲ​ပေါက်​တဲ့ မြေကြီး​က​တော့ စွန့်​ပစ်​ခံ​ရ​ပြီး မကြာ​ခင် ကျိန်​ခြင်း​ခံ​ရ​လိမ့်​မယ်။ နောက်​ဆုံး​မှာ မီး​ရှို့​ဖျက်​ဆီး​ခံ​ရ​လိမ့်​မယ်။ ၉  ချစ်​ရ​သူ​တို့၊ ကျွန်​တော်​တို့ အခု​လို​ပြော​နေ​ပေမဲ့ ခင်​ဗျား​တို့​ဟာ အဲ​ဒီ​လူ​တွေ​ထက် သာ​လွန်​မှန်း၊ ကယ်​တင်​ခြင်း​ရ​စေ​မယ့် အရာတွေ​ကို လုပ်​ဆောင်​နေ​မှန်း ကျွန်​တော်​တို့ ယုံ​တယ်။ ၁၀  ခင်​ဗျား​တို့​က  သန့်​ရှင်း​သူ​တွေ​ကို  အလုပ်​အကျွေး​ပြု​ခဲ့​တယ်၊ အခု​လည်း အလုပ်​အကျွေး​ပြု​နေ​တယ်။ ဘု​ရား​သခင်​ဟာ ဖြောင့်​မတ်​တဲ့​ဘု​ရား​ဖြစ်​လို့ ခင်​ဗျား​တို့​ရဲ့ လုပ်​ရပ်၊​  နာ​မတော်​အတွက်​ပြတဲ့ မေတ္တာ​ကို+ ဘယ်​တော့​မှ မမေ့​ပါ​ဘူး။ ၁၁  ဒါ​ပေမဲ့ ခင်​ဗျား​တို့​ရဲ့ မျှော်​လင့်​ချက်​ကို+ အဆုံး​အထိ သေချာ​စေ​ဖို့+ အရင်​က​ရှိ​ခဲ့​တဲ့ လုံ့​လ​ဝီ​ရိ​ယ​မျိုး အား​လုံး​မှာ ဆက်​ရှိ​စေ​ချင်​တယ်။ ၁၂  ဒါ​ကြောင့် မပျင်း​ရိ​ပါ​နဲ့။+ ယုံ​ကြည်​ခြင်း၊ စိတ်​ရှည်​ခြင်း​ကြောင့် က​တိ​တော်​ကို အမွေ​ရခဲ့​သူ​တွေ​ကို အတု​ယူ​ကြ​ပါ။ ၁၃  အာ​ဗြ​ဟံ​ကို က​တိ​ပေး​တဲ့​အခါ ဘု​ရား​သခင်​က မိမိ​ထက်​ကြီးမြတ်​တဲ့​သူ မရှိ​တဲ့​အတွက် မိမိ​ကိုယ်​ကို တိုင်​တည်​ကျိန်​ဆို​ပြီး၊+ ၁၄  “မင်း​ကို ငါ ဆက်​ဆက်​ကောင်း​ချီး​ပေး​မယ်။ မင်း​ရဲ့​မျိုး​နွယ်​ကို တိုး​ပွား​များ​ပြား​စေ​မယ်”+ လို့​ပြော​ခဲ့​တယ်။ ၁၅  အာ​ဗြ​ဟံ​က စိတ်​ရှည်​ရှည် စောင့်​ဆိုင်း​ပြီး​တဲ့​နောက် အဲ​ဒီ​က​တိ​အတိုင်း ခံ​စား​ခဲ့ရ​တယ်။ ၁၆  လူ​တွေ​က ကိုယ့်​ထက် ကြီးမြတ်​တဲ့​သူ​ကို တိုင်​တည်​ပြီး ကျိန်​ဆို​တတ်​တယ်။ အဲ​ဒီ​လို​ကျိန်​ဆို​တာ​ဟာ တ​ရား​ဝင် အာ​မခံ​ချက်​ဖြစ်​လို့ အငြင်း​ပွား​စ​ရာ​အကြောင်း မရှိ​တော့​ဘူး။+ ၁၇  အလား​တူ၊ ဘု​ရား​သခင်​က က​တိ​တော် အမွေ​ခံ​ရ​မယ့်​သူ​တွေ​ကို+ မိမိ​ရဲ့ရည်​ရွယ်​ချက် မပြောင်း​လဲ​နိုင်​တဲ့​အကြောင်း ပို​ရှင်း​ရှင်း​လင်း​လင်း ဖော်​ပြဖို့ ဆုံး​ဖြတ်​လိုက်​တဲ့​အခါ အဲ​ဒီ​လို​ကျိန်​ဆို​ပြီး အာ​မခံ​ခဲ့​တယ်။ ၁၈  အဲ​ဒီ​က​တိ​တော်​နဲ့ ကျိန်​ဆို​ချက်​ဟာ မပြောင်း​လဲ​နိုင်​တဲ့​အရာ​ပဲ။ အဲ​ဒီ​နှစ်​ခု​နဲ့ ပတ်​သက်​လာရင် ဘု​ရား​သခင်​ဘက်​က မု​သား​ပြော​ဖို့​ဆို​တာ မဖြစ်​နိုင်​ဘူး။+ ဒါ​ကြောင့် ဘု​ရား​သခင်​ကို ခို​လှုံ​တဲ့ ကျွန်​တော်​တို့​ဟာ စိတ်​အား​တက်​လာ​ပြီး ရှေ့​မှာ​ရှိ​တဲ့ မျှော်​လင့်​ချက်​ကို မြဲမြဲဆုပ်​ကိုင်​ထား​နိုင်​ကြ​တယ်။ ၁၉  အဲ​ဒီ​မျှော်​လင့်​ချက်​ဟာ+ ကျွန်​တော်​တို့​အတွက်* ကျောက်​ဆူး​လို ခိုင်​ခံ့​မြဲမြံ​နေ​တယ်။ အဲ​ဒီ​မျှော်​လင့်​ချက်​ကြောင့် ကန့်​လန့်​ကာ* အတွင်း​ထဲ ကျွန်​တော်​တို့ ဝင်​ရောက်​နိုင်​ကြ​တယ်။+ ၂၀  မေလ​ခိဇေ​ဒက်​လို ထာ​ဝ​ရ​ပု​ရော​ဟိတ်​မင်း+ ဖြစ်​လာ​တဲ့ ယေရှု​က+ အဲ​ဒီ​ကန့်​လန့်​ကာ​ထဲ ရှေ့​ဆုံး​က​နေ ဝင်​သွား​ပြီး ကျွန်​တော်​တို့​အတွက် လမ်း​ဖွင့်​ပေး​ခဲ့​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
မူ​ရင်း၊ “တန်​ခိုး။”
ဒါ​မှ​မဟုတ်၊ “ကျွန်​တော်​တို့​အသက်​အတွက်။”
ဗိ​မာန်​တော်​ထဲ​က သန့်​ရှင်း​ရာ​အခန်း​နဲ့ အသန့်​ရှင်း​ဆုံး​အခန်း​ကို ကန့်​ထား​တဲ့ ကန့်​လန့်​ကာ​ကို ဆို​လို။