ဟီဘရူး ၇:၁-၂၈

  • ထူး​ခြား​တဲ့​ဘု​ရင်​နဲ့ ပု​ရော​ဟိတ်​ဖြစ်​တဲ့ မေလ​ခိ​ဇေဒက် (၁-၁၀)

  • ခ​ရစ်​တော်ရဲ့ သာ​လွန်​တဲ့ ပု​ရော​ဟိတ်​တာဝန် (၁၁-၂၈)

    • အပြည့်​အဝ ကယ်​တင်​နိုင်​စွမ်း​ ခ​ရစ်​တော်​မှာရှိ (၂၅)

 အမြင့်​ဆုံး​ဘု​ရား​သခင်​ရဲ့  ပု​ရော​ဟိတ်​ဖြစ်​တဲ့ ဆာ​လင်​မင်း မေလ​ခိဇေ​ဒက်​က ဘု​ရင်တွေ​ကို ကွပ်​မျက်​ပြီး​ပြန်​လာ​တဲ့ အာ​ဗြ​ဟံ​ကို ထွက်​ကြို​တုန်း​က​ ဆုမွန်​ကောင်း​တောင်း​ပေး​တယ်။+ ၂  အာ​ဗြ​ဟံ​က သူ့​ကို တိုက်​ရာ​ပါ​ဥစ္စာတွေ​ထဲ​က ဆယ်​ဖို့​တစ်​ဖို့ ခွဲ​ဝေ​ပေး​ခဲ့​တယ်။ ဦး​ဆုံး၊ သူ့​ရဲ့​နာ​မည်​က “ဖြောင့်​မတ်​ခြင်း​မင်း” လို့ အဓိပ္ပာယ်ရ​တယ်။ သူ့​ကို ဆာ​လင်​မင်း​လို့​လည်း ခေါ်​တယ်။ “ငြိမ်​သက်​ခြင်း​မင်း” ဆို​တဲ့ အဓိပ္ပာယ်ရ​တယ်။ ၃  သူ့​မိ​ဘ ဘယ်​သူ​ဘယ်​ဝါ​မှန်း မသိ​ရ​သလို သူ့​ရဲ့​ဆွေ​စဉ်​မျိုးဆက်​စာ​ရင်း​လည်း မရှိ​ဘူး။ သူ​မွေး​ဖွား​ချိန်၊ ကွယ်​လွန်​ချိန်​ကို​လည်း မသိ​ရ​ဘူး။ ဒါ​ပေမဲ့ ဘု​ရား​သခင်​ရဲ့​သား​နဲ့ တူ​တဲ့​လူ​အဖြစ် သူ​ဟာ  အမြဲပဲ  ပု​ရော​ဟိတ်​ဖြစ်​နေ​တယ်။+ ၄  ဘိုး​ဘေး​အာ​ဗြ​ဟံ​က  သူ့​ကို​အ​ကောင်း​ဆုံး တိုက်​ရာ​ပါ​ဥစ္စာတွေ​ထဲ​က ဆယ်​ဖို့​တစ်​ဖို့  ပေး​လှူ​ခဲ့​တယ်​ဆို​မှ​တော့+ သူ​ဟာ ဘယ်​လောက်​တောင် ကြီးမြတ်​တယ်​ဆို​တာ  စဉ်း​စား​ကြည့်​ပါ။ ၅  ပု​ရော​ဟိတ်​တာ​ဝန်​ကို​ရ​တဲ့ လေ​ဝိအမျိုး​သား​တွေ​က+ ညီ​အစ်​ကို​တွေ​ဆီ​က​နေ ဆယ်​ဖို့​တစ်​ဖို့​ကို ကောက်​ခံ​ရ​မယ်​လို့  ပညတ်​တ​ရား​မှာ မိန့်​မှာ​ထား​တယ်။+ တ​ကယ်​တော့ အဲ​ဒီ​ညီ​အစ်​ကို​တွေ​ဟာ အာ​ဗြ​ဟံ​ရဲ့ သား​မြေး​တွေ​ပဲ။ ၆  ဒါ​ပေမဲ့ လေ​ဝိအမျိုး​မဟုတ်​တဲ့ မေလ​ခိဇေ​ဒက်​က က​တိ​တော်​ကို​ရ​တဲ့ အာ​ဗြဟံ​ဆီ​က​နေ ဆယ်​ဖို့​တစ်​ဖို့​ယူ​ပြီး ဆု​မွန်​ကောင်း​တောင်း​ပေး​ခဲ့​တယ်။+ ၇  ပို​ကြီးမြတ်​သူ​က​သာ နိမ့်​ကျ​သူ​ကို ဆု​မွန်​ကောင်း​တောင်း​ပေး​လေ့​ရှိ​တယ်​ဆို​တာ ဘယ်​သူ​မှ မငြင်း​နိုင်​ပါ​ဘူး။ ၈  ဆယ်​ဖို့​တစ်​ဖို့​ယူ​တဲ့  လေ​ဝိအမျိုး​သား​တွေ​ဟာ သေမျိုး​ဖြစ်​တဲ့ လူ​သား​တွေ​ပဲ။ ဒါ​ပေမဲ့ ဆယ်​ဖို့​တစ်​ဖို့​ယူ​တဲ့​လူ နောက်​တစ်​ယောက်​က​တော့ ဆက်​အသက်​ရှင်​နေ​တယ်​လို့  ကျမ်း​စာ​မှာ  ဖော်​ပြထား​တယ်။+ ၉  ဒါ​ဆို ဆယ်​ဖို့​တစ်​ဖို့​ကို ခံ​ယူ​တဲ့ လေ​ဝိအမျိုး​သား​တွေ​က​တောင် အာ​ဗြ​ဟံ​က​တစ်​ဆင့် ဆယ်​ဖို့​တစ်​ဖို့ ပေး​ခဲ့ရ​တယ်​လို့ ပြော​နိုင်​တယ်။ ၁၀  အာ​ဗြ​ဟံ​ကို မေလ​ခိဇေ​ဒက် ထွက်​ကြို​တုန်း​က+  လေ​ဝိအမျိုး​သား​တွေ​ဟာ  ဘိုး​ဘေး​အာ​ဗြ​ဟံ​ရဲ့ မမွေး​သေး​တဲ့ သား​စဉ်​မြေး​ဆက်​တွေ ဖြစ်​နေ​လို့​ပဲ။ ၁၁  အစ္စရေးတွေ​ကို​ပေး​တဲ့ ပညတ်​တ​ရား​ထဲ​မှာ  လေ​ဝိအမျိုး​သား​တွေရဲ့ ပုရော​ဟိတ်​တာ​ဝန်​လည်း ပါ​တယ်။ အဲ​ဒီ​ပု​ရော​ဟိတ်​တာ​ဝန်​အား​ဖြင့် ပြည့်​ဝ​စုံ​လင်​တဲ့​အဖြစ်​ကို ရ​နိုင်​မယ်​ဆို​ရင်+ အာ​ရုန်​လို ပု​ရော​ဟိတ်​မျိုး​မဟုတ်​ဘဲ မေလ​ခိဇေ​ဒက်​လို ပု​ရော​ဟိတ်​မျိုး+ နောက်​တစ်​ယောက် ပေါ်​ထွန်း​ဖို့ လို​သေး​လို့​လား။ ၁၂  ပု​ရော​ဟိတ်​တာ​ဝန်​ကို ပြောင်း​လဲ​လိုက်​ပြီဆို​ရင် ပညတ်​တ​ရား​ကို​လည်း ပြောင်း​လဲ​ဖို့ လို​အပ်​လာ​ပြီ။+ ၁၃  အဲ​ဒီ​လို အသေး​စိတ် ဖော်​ပြခံ​ရ​သူ​ဟာ  ပူဇော်​ရာ​ပလ္လင်​မှာ  တာ​ဝန်​မထမ်း​ဆောင်​ဖူး​တဲ့ တ​ခြား​အနွယ်​တစ်​နွယ်​က​နေ  ဆင်း​သက်​လာ​တယ်။+ ၁၄  ကျွန်​တော်​တို့​ရဲ့​သခင်​ဟာ ယုဒ​အမျိုး​က​နေ+ ဆင်း​သက်​လာ​မှန်း သိ​သာ​ထင်​ရှား​ပါ​တယ်။ ဒါ​ပေမဲ့ ယုဒ​အမျိုး​က​နေ ပု​ရော​ဟိတ်​တွေ ဆင်း​သက်​လာ​မယ့်​အကြောင်း မော​ရှေ တစ်​ခွန်း​မှ​မပြော​ခဲ့​ဘူး။ ၁၅  ပု​ရော​ဟိတ်​တာ​ဝန် အပြောင်း​အလဲ​ရှိ​မယ်​ဆို​တဲ့ အချက်​က မေလ​ခိဇေ​ဒက်​လို  ပု​ရော​ဟိတ်+ နောက်​တစ်​ယောက်+ ပေါ်​ထွန်း​လာ​တဲ့​အခါ ပို​ရှင်း​လင်း​လာ​တယ်။ ၁၆  အဲ​ဒီ​တစ်​ယောက်​က ပညတ်​တ​ရားရဲ့ တောင်း​ဆို​ချက်​အရ မျိုး​ရိုး​ကြောင့် မေလ​ခိဇေ​ဒက်​လို ပု​ရော​ဟိတ်​မျိုး​ဖြစ်​လာ​တာ မဟုတ်​ဘူး။ မပျက်​စီး​နိုင်​တဲ့​အသက်​ကို ရ​ရှိ​စေ​တဲ့​တန်​ခိုး သူ့​မှာ​ရှိ​လို့ ဖြစ်​လာ​တာ။+ ၁၇  ဘာ​လို့​လဲ​ဆို​တော့ သူ​နဲ့​ပတ်​သက်​ပြီး ကျမ်း​တစ်​ချက်​မှာ “မင်း​ဟာ မေလ​ခိဇေ​ဒက်​လို ပု​ရော​ဟိတ်​မျိုး ထာ​ဝ​စဉ်​ဖြစ်​ရ​မယ်”+ လို့ရေး​ထား​လို့​ပဲ။ ၁၈  ဒါ​ကြောင့် အရင်​ပညတ်​ချက်​ဟာ အား​နည်း​ချက်​ရှိ​ပြီး ထိ​ထိ​ရောက်ရောက် မစွမ်း​ဆောင်​နိုင်​လို့ ဖယ်​ရှား​ခံ​ခဲ့ရ​တယ်။+ ၁၉  ပညတ်​တ​ရား​က ဘာ​ကို​မှ ပြည့်​ဝ​စုံ​လင်​အောင် မလုပ်​ပေး​နိုင်​ဘူး။+ ဒါ​ပေမဲ့ ဘု​ရား​သခင် အစ​ပြု​လိုက်​တဲ့ သာ​လွန်​တဲ့ မျှော်​လင့်​ချက်​က​တော့+ ပြည့်​ဝ​စုံ​လင်​အောင် လုပ်​ပေး​နိုင်​တယ်။ အဲ​ဒီ​မျှော်​လင့်​ချက်​ကြောင့် ဘုရား​သခင်​နဲ့ ကျွန်​တော်​တို့ ပို​ရင်း​နှီး​လာ​တယ်။+ ၂၀  ဘု​ရား​သခင်​က  အလေး​အနက် ကျိန်​ဆို​ပြီး ယေရှု​ကို ပု​ရော​ဟိတ်​တာ​ဝန် ပေး​ခဲ့​တာ​ပါ။ ၂၁  (ဘု​ရားရဲ့ ကျိန်​ဆို​ချက်​မရှိ​ဘဲ ပု​ရော​ဟိတ်​ဖြစ်​လာ​တဲ့​သူ​တွေ အများ​ကြီး​ရှိ​တာ မှန်​ပါ​တယ်။ ဒါ​ပေမဲ့ ဘု​ရားရဲ့​ကျိန်​ဆို​ချက်​နဲ့ ပု​ရော​ဟိတ် ဖြစ်​လာ​တဲ့​သူ​က​တော့ တစ်​ယောက်​ပဲ ရှိ​တယ်။ သူ​နဲ့​ပတ်​သက်​ပြီး ဘုရား​သခင်​က “‘မင်း​ဟာ ပု​ရော​ဟိတ် ထာ​ဝ​စဉ်​ဖြစ်​ရ​လိမ့်​မယ်’ လို့ ငါ​ယေဟောဝါ* ကျိန်​ဆို​တယ်။ ငါ စိတ်​ပြောင်း​လဲ​မှာ မဟုတ်​ဘူး” လို့ ပြော​ခဲ့​တယ်။)+ ၂၂  ဒါ​ကြောင့် ယေရှု​ဟာ ပို​သာ​လွန်​တဲ့ ပဋိ​ညာဉ်​အတွက်  အာ​မခံ​သူ   ဖြစ်​လာ​တယ်။+ ၂၃  အဲ​ဒီ​အပြင် ပု​ရော​ဟိတ်​တွေ​က သေဆုံး​သွား​တဲ့​အတွက် ပုရော​ဟိတ်​တာ​ဝန်​ကို ဆက်​ထမ်း​ဆောင်​လို့ မရ​ဘူး။ နောက်​တစ်​ယောက်​က  သူ့​တာ​ဝန်​ကို​ဆက်​ခံ​ပြီး  အမှု​ဆောင်​ရ​တယ်။+ ၂၄  ယေရှု​က​တော့ ထာ​ဝ​စဉ် အသက်​ရှင်​နေ​တဲ့​အတွက်+ သူ့​ရဲ့​ပုရော​ဟိတ်​တာ​ဝန်​ကို ဆက်​ခံ​မယ့်​သူ မလို​ဘူး။ ၂၅  သူ့​နာမည်​ကို​အမှီ​ပြု​ပြီး ဘု​ရား​သခင်​ဆီ ဆု​တောင်း​သူ​တိုင်း​ကို အပြည့်​အဝ ကယ်​တင်​နိုင်​တဲ့​အစွမ်း သူ့​မှာ​ရှိ​တယ်။ ဘာ​ကြောင့်​လဲ​ဆို​တော့ သူ​တို့​အတွက် အသနား​ခံ​ပေး​ဖို့ သူ​အမြဲအသက်​ရှင်​နေ​လို့​ပဲ။+ ၂၆  သစ္စာ​စောင့်​သိ​သူ၊ အပြစ်​ကင်း​သူ၊ အညစ်​အကြေး ကင်း​စင်​သူ၊+ အပြစ်​သား​တွေ​နဲ့ လုံး​ဝ​မတူ​တဲ့​သူ ကောင်း​ကင်​အထက်​မှာ ချီး​မြှောက်​ခံ​ရ​တဲ့+ သူ့​လို​ပုရော​ဟိတ်​မင်း​ကို ကျွန်​တော်​တို့ လို​အပ်​နေ​တာ။ ၂၇  တ​ခြား​ပု​ရော​ဟိတ်​မင်း​တွေ​ဆို​ရင်  အရင်​ဆုံး  မိမိ​အတွက်၊ အဲဒီနောက် လူ​တွေ​အတွက်+ အပြစ်​ဖြေရာ​ပူ​ဇော်​သက္ကာ​ကို နေ့​စဉ်​ဆက်​သ​ရတယ်။+ သူ​က​တော့ မိမိ​ကိုယ်​ကို တစ်​ကြိမ်​တည်း​နဲ့​အပြီး  ဆက်​သလိုက်​ပြီဖြစ်လို့+  အဲ​ဒီ​လို​လုပ်​စ​ရာ  မလို​ဘူး။ ၂၈  ပညတ်​တ​ရား​က အား​နည်း​ချက်​ရှိ​တဲ့ ပု​ရော​ဟိတ်​မင်း​တွေ​ကို ခန့်​အပ်​တယ်။+ ဒါ​ပေမဲ့ ပညတ်​တ​ရား ပြဋ္ဌာန်း​ပြီး​နောက်​မှ ပြော​ခဲ့​တဲ့ ဘု​ရားရဲ့ ကျိန်​ဆို​ချက်​က​တော့+ ထာ​ဝ​ရ ပြည့်​ဝ​စုံ​လင်​တဲ့+ သား​တော်​ကို ခန့်​အပ်​တယ်။

အောက်ခြေမှတ်ချက်များ