ဟေရှာယ ၁:၁-၃၁

  • ဖခင်နဲ့ ပုန်ကန်တဲ့သားများ (၁-၉)

  • ဟန်ဆောင်ဝတ်ပြုတာကို ယေဟောဝါ ရွံမုန်း (၁၀-၁၇)

  • “ငါတို့ရဲ့အမှုကို ဖြေရှင်းကြစို့” (၁၈-၂၀)

  • ဇိအုန်ကို သစ္စာရှိမြို့တော်အဖြစ် ပြန်တည်ထောင် (၂၁-၃၁)

၁  ယုဒဘုရင်တွေဖြစ်တဲ့+ ဩဇိ၊+ ယောသံ၊+ အာခတ်၊+ ဟေဇကိတို့+ လက်ထက်မှာ ယုဒပြည်၊ ဂျေရုဆလင်မြို့နဲ့ပတ်သက်ပြီး အာမွတ်ရဲ့သား ဟေရှာယ*+ မြင်ရတဲ့ စိတ်အာရုံကတော့–  ၂  ကောင်းကင်၊ နားထောင်ပါ။ ကမ္ဘာမြေ၊ အာရုံစိုက်ပါ။+ ယေဟောဝါ ပြောတာက– “ငါကျွေးမွေးပြုစုခဲ့တဲ့ သားတွေ+ငါ့ကို ပုန်ကန်ကြပြီ။+  ၃  နွားတောင်မှ သခင်ကို သိတယ်။ မြည်းကလည်း သခင်ကျွေးတဲ့ စားခွက်ကို သိတယ်။ အစ္စရေးတွေကတော့ ငါ့ကို မသိကြပါလား။+ ငါ့လူတွေ သိနားလည်မှု မရှိကြပါလား။”  ၄  အပြစ်လုပ်တဲ့လူမျိုး၊+အမှားဝန်ပိနေတဲ့လူမျိုး၊ဆိုးညစ်သူတွေရဲ့ မျိုးဆက်၊ အကျင့်ပျက်တဲ့ သားသမီးတွေ အဖြစ်ဆိုး ကြုံရလိမ့်မယ်။ ယေဟောဝါကို သူတို့ စွန့်ခွာသွားကြပြီ။+ အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင်ကို မခန့်လေးစားလုပ်ပြီးကျောခိုင်းသွားကြပြီ။  ၅  ဘာလို့များ ထပ်ခါထပ်ခါ ပုန်ကန်ပြီး အပြစ်ဒဏ် ခံချင်နေရတာလဲ။+ တစ်ခေါင်းလုံး ဒဏ်ရာတွေ ပြည့်နေပြီ။ နှလုံးကလည်း ရောဂါစွဲနေတယ်။+  ၆  ခြေဆုံးခေါင်းဆုံး အနာတွေချည်းပဲ။ ဒဏ်ရာတွေ၊ ဖူးရောင်နာတွေ၊ ကွဲထွက်နေတဲ့ အနာတွေချည်းပဲ။ ဒဏ်ရာတွေကို ဆေးမထည့်ထားဘူး။ ပတ်တီး မစည်းထားဘူး။ ဆီမလိမ်းထားဘူး။+  ၇  မင်းတို့ရဲ့ပြည်ဟာ လူသူကင်းမဲ့နေပြီ။ မြို့တွေလည်း မီးလောင်ပြာကျသွားပြီ။ တိုင်းတစ်ပါးသားတွေက မင်းတို့ရှေ့မှာတင် ပြည်ကို ဝါးမျိုလိုက်ပြီ။+ တိုင်းပြည်ဟာ တိုင်းတစ်ပါးသား လက်ချက်နဲ့ လွင်တီးခေါင်ဖြစ်နေပြီ။+  ၈  ဇိအုန်သမီးပျိုဟာ စပျစ်ခြံထဲက တဲလို၊သခွားခင်းထဲက တဲကုပ်လို၊ဝိုင်းရံပိတ်ဆို့ခံရတဲ့ မြို့လို ဖြစ်ကျန်ခဲ့ပြီ။+  ၉  ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါကသာ လူအနည်းငယ်ကို မချန်ထားခဲ့ရင်ငါတို့ဟာ သောဒုံမြို့လို ဖြစ်နေလောက်ပြီ။ ဂေါမောရမြို့နဲ့ တူနေလောက်ပြီ။+ ၁၀  သောဒုံမြို့ရဲ့ အာဏာရှင်တို့၊ ယေဟောဝါရဲ့ စကားကို နားထောင်ကြ။+ ဂေါမောရမြို့သားတို့၊ ဘုရားသခင်ရဲ့ ပညတ်ကို အာရုံစိုက်ကြ။+ ၁၁  ယေဟောဝါပြောတာက– “မင်းတို့ဆက်သတဲ့ ပူဇော်သက္ကာ အမြောက်အမြားဟာ ငါ့အတွက် ဘာအကျိုးရှိမှာလဲ။+ မင်းတို့ပူဇော်တဲ့ သိုးထီးတွေ၊+ ဆူဖြိုးတဲ့တိရစ္ဆာန် အဆီတွေကို+ ငါစိတ်ကုန်နေပြီ။ နွားထီးပျိုတွေ၊+ သိုးသငယ်တွေ၊ ဆိတ်တွေရဲ့+ သွေးကိုလည်း+ ငါမလိုချင်ဘူး။ ၁၂  ငါ့ရှေ့ကို လာတဲ့အခါ+ငါ့ရင်ပြင်တွေမှာ အခုလို နင်းလျှောက်ဖို့မင်းတို့ကို ဘယ်သူတောင်းဆိုလို့လဲ။+ ၁၃  အချည်းနှီးဖြစ်တဲ့ ကောက်နှံပူဇော်သက္ကာတွေကို မယူလာနဲ့တော့။ မင်းတို့ပူဇော်တဲ့ နံ့သာပေါင်းကို ငါရွံတယ်။+ မင်းတို့ရဲ့ လဆန်းနေ့တွေ၊+ ဥပုသ်နေ့တွေ၊+ အစည်းအဝေးကြီးတွေ၊+မှော်အတတ်သုံးတဲ့+ အထူးအစည်းအဝေးပွဲတွေကို ငါသည်းမခံနိုင်တော့ဘူး။ ၁၄  မင်းတို့ရဲ့ လဆန်းနေ့တွေ၊ ပွဲတွေကို ငါမုန်းတယ်။ အဲဒါတွေဟာ ငါ့အတွက် ဝန်ထုပ်ဝန်ပိုးပဲ။ ထမ်းထားရတာ ပင်ပန်းလှပြီ။ ၁၅  မင်းတို့ လက်ဖြန့်ဆုတောင်းတဲ့အခါငါမျက်စိလွှဲထားမယ်။+ အကြိမ်ကြိမ်ဆုတောင်းရင်လည်း+ငါနားမထောင်ဘူး။+ မင်းတို့ရဲ့လက်တွေ သွေးစွန်းနေတာကိုး။+ ၁၆  ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဆေးကြောကြ။ စင်ကြယ်အောင် လုပ်ကြ။+ ယုတ်မာတဲ့ လုပ်ရပ်တွေကို ငါ့ရှေ့ကနေ ဖယ်ရှားကြ။ မကောင်းမှုတွေ မကျူးလွန်ကြနဲ့တော့။+ ၁၇  ကောင်းတာလုပ်ဖို့ သင်ယူပါ။ တရားမျှတစွာ လုပ်ဆောင်ဖို့ ရှာကြံကြပါ။+ ဖိနှိပ်တတ်သူကို တည့်မတ်ပေးပါ။ မိဘမဲ့ကလေးရဲ့ ရပိုင်ခွင့်ကို ခုခံကာကွယ်ပေးပါ။ မုဆိုးမရဲ့အမှုကို လျှောက်လဲပေးပါ။”+ ၁၈  ယေဟောဝါပြောတာက– “လာကြ။ ငါတို့ရဲ့အမှုကို ဖြေရှင်းကြစို့။+ မင်းတို့ရဲ့အပြစ်တွေဟာ ကြက်သွေးရောင် ထနေရင်တောင်နှင်းပွင့်လို ဖြူဖွေးသွားမယ်။+ ကတ္တီပါလို နီရဲနေရင်တောင်သိုးမွေးလို ဖြူဖွေးသွားမယ်။ ၁၉  မင်းတို့ စိတ်ပါလက်ပါ နားထောင်မယ်ဆိုရင်ကောင်းမွန်တဲ့ မြေထွက်သီးနှံတွေကို စားသုံးရမယ်။+ ၂၀  ဒါပေမဲ့ နားမထောင်ဘဲ ပုန်ကန်မယ်ဆိုရင်တော့ဓားစာ ဖြစ်သွားမယ်။+ ဒါဟာ ယေဟောဝါရဲ့ နှုတ်ထွက်စကားပဲ။” ၂၁  တစ်ခါတုန်းက သစ္စာရှိခဲ့တဲ့မြို့ဟာ+ ဘယ်လိုလုပ် ပြည့်တန်ဆာဖြစ်သွားတာလဲ။+ တရားမျှတမှု ကြီးစိုးခဲ့တဲ့မြို့၊+ဖြောင့်မတ်မှု တည်ရှိခဲ့တဲ့မြို့မှာ+အခုတော့ လူသတ်သမားတွေပဲ ရှိနေတယ်။+ ၂၂  မင်းရဲ့ငွေဟာ ချော်* ဖြစ်ကုန်ပြီ။+ မင်းရဲ့ဘီယာလည်း ရေနဲ့ရောနေတယ်။ ၂၃  မင်းရဲ့ ခေါင်းဆောင်တွေဟာ ခေါင်းမာသူတွေ၊ သူခိုးကြံရာပါတွေပဲ။+ လာဘ်စားရတာကို သူတို့နှစ်သက်တယ်၊ တံစိုးလက်ဆောင်တွေနောက် တကောက်ကောက် လိုက်တတ်တယ်။+ မိဘမဲ့ကလေးတွေအတွက် တရားမျှတစွာ မစီရင်ပေးဘူး။ မုဆိုးမရဲ့အမှုကလည်း သူတို့ဆီ ဘယ်တော့မှ မရောက်ဘူး။+ ၂၄  ဒါကြောင့် စစ်မှန်တဲ့သခင်၊ အစ္စရေးတို့ရဲ့ တန်ခိုးကြီးရှင်၊ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတာက– “ကဲ၊ ငါ့ရန်သူတွေကို ဖယ်ရှားတော့မယ်။ ငါလက်စားချေမယ်။+ ၂၅  မင်းကို ငါပြစ်ဒဏ်ပေးမယ်။ မင်းရဲ့ချော်တွေကို ပြာရည်သုံးပြီး ဖယ်ထုတ်သလို ဖယ်ထုတ်မယ်။ အညစ်အကြေးအားလုံးကို ဖယ်ရှားမယ်။+ ၂၆  တရားသူကြီးတွေကို နဂိုတုန်းကလို ငါပြန်ခန့်မယ်။ အကြံပေးသူတွေကို အရင်တုန်းကလို ပြန်ခန့်မယ်။+ နောက်ပိုင်းမှာတော့ မင်းကို ဖြောင့်မတ်တဲ့မြို့၊ သစ္စာရှိတဲ့မြို့လို့ ခေါ်ကြလိမ့်မယ်။+ ၂၇  ဇိအုန်မြို့ကို တရားမျှတမှုနဲ့ ပြန်ရွေးယူမယ်။+ ပြန်လာတဲ့ မြို့သူမြို့သားတွေကို ဖြောင့်မတ်မှုနဲ့ ပြန်ရွေးယူမယ်။ ၂၈  ပုန်ကန်သူတွေနဲ့ အပြစ်လုပ်သူတွေ အတူပျက်စီးသွားလိမ့်မယ်။+ ယေဟောဝါကို စွန့်ခွာသူတွေလည်း ဇာတ်သိမ်းသွားလိမ့်မယ်။+ ၂၉  မင်းတို့တပ်မက်ခဲ့တဲ့ သစ်ပင်ကြီးတွေကြောင့် အရှက်ကွဲရလိမ့်မယ်။+ မင်းတို့ရွေးချယ်တဲ့ ဥယျာဉ်တွေကြောင့်* ရှုတ်ချခံရလိမ့်မယ်။+ ၃၀  မင်းတို့ဟာ အရွက်ညှိုးနွမ်းနေတဲ့ သစ်ပင်ကြီးလို၊+ရေမရတဲ့ ဥယျာဉ်လို ဖြစ်သွားမယ်။ ၃၁  သန်မာတဲ့သူဟာ လျှော်ကြိုးလို၊သူ့လုပ်ဆောင်မှုဟာ မီးပွားလို ဖြစ်သွားမယ်။ နှစ်ခုစလုံး အတူလောင်ကျွမ်းသွားမယ်။ ငြိမ်းသတ်မယ့်သူ ရှိမှာ မဟုတ်ဘူး။”

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ယေဟောဝါရဲ့ ကယ်တင်ခြင်း။”
ရွှေငွေအရည်ကျိုတဲ့အခါ ထွက်လာတဲ့ အမှိုက်သရိုက်။
ရုပ်တုကိုးကွယ်မှုနဲ့ ဆက်စပ်နေတဲ့ သစ်ပင်တွေ၊ ဥယျာဉ်တွေကို ဆိုလို။