ဟေရှာယ ၁၀:၁-၃၄

  • အစ္စရေးတွေကို ဒဏ်ခတ်ဖို့ လက်ဆန့် (၁-၄)

  • အဆီးရီးယား—အမျက်တော်ကြိမ်လုံး (၅-၁၁)

  • အဆီးရီးယားတွေကို ဒဏ်ခတ် (၁၂-၁၉)

  • ယာကုပ်ရဲ့ ကျန်ကြွင်းသူတွေ ပြန်လာ (၂၀-၂၇)

  • အဆီးရီးယားကို ဘုရား တရားစီရင် (၂၈-၃၄)

၁၀  မတရားတဲ့ စည်းမျဉ်းကို ပြဋ္ဌာန်းသူတွေ၊+ဖိနှိပ်တဲ့အမိန့်ကို တစ်ချိန်လုံး ထုတ်ပြန်နေသူတွေ အဖြစ်ဆိုး ကြုံရလိမ့်မယ်။  ၂  မင်းတို့က အဲဒီလိုအမိန့်တွေ ထုတ်ပြန်ပြီးဆင်းရဲသားတွေရဲ့ အမှုအခင်းကို ပယ်ဖျက်ကြတယ်။ ငါ့လူတွေထဲက နိမ့်ကျသူတွေကို တရားမျှတစွာ မစီရင်ပေးဘူး။+ မုဆိုးမနဲ့ မိဘမဲ့တွေရဲ့ ပိုင်ဆိုင်ရာကို တိုက်ရာပါဥစ္စာအဖြစ် သိမ်းယူကြတယ်။+  ၃  မင်းတို့ကို စစ်ဆေးမယ့်နေ့မှာ၊+အဝေးကနေ ပျက်စီးခြင်းဘေး ရောက်လာချိန်မှာ ဘာလုပ်ကြမလဲ။+ ဘယ်သူ့ဆီပြေးပြီး အကူအညီတောင်းမလဲ။+ ဘယ်သူ့ဆီမှာ စည်းစိမ်ဥစ္စာတွေ ထားရစ်ခဲ့မလဲ။  ၄  အကျဉ်းသားတွေကြားမှာ ဝပ်တွားရုံကလွဲလို့၊အသေကောင်တွေကြားမှာ လဲသေရုံကလွဲလို့ မင်းတို့ ဘာမှတတ်နိုင်မှာ မဟုတ်ဘူး။ ဒါတောင် ဘုရားက အမျက်မပြေဘူး။ ဒဏ်ခတ်ဖို့ လက်ကို ဆန့်မြဲဆန့်ထားတယ်။+  ၅  “ကြည့်ပါ။ အဆီးရီးယားဟာ+ငါ့အမျက်ကို ဖော်ပြမယ့် ကြိမ်လုံးပဲ။+ သူ့လက်ထဲက တုတ်ကိုသုံးပြီး ငါပြစ်ဒဏ်စီရင်မယ်။  ၆  သူ့ကို စေလွှတ်ပြီး အယူဖောက်ပြန်တဲ့ လူမျိုး၊+ငါ့ကိုအမျက်ထွက်စေတဲ့ လူမျိုးကို တိုက်ခိုက်စေမယ်။ လုယက်ပြီး တိုက်ရာပါဥစ္စာတွေ သိမ်းယူဖို့၊သူတို့ကို လမ်းပေါ်က ရွှံ့လို နင်းခြေပစ်ဖို့ သူ့ကို ငါအမိန့်ပေးမယ်။+  ၇  သူကတော့ အဲဒီလိုလုပ်ချင်မှာ မဟုတ်ဘူး။ သူ့စိတ်ထဲမှာ အဲဒီလိုကြံစည်မှာ မဟုတ်ဘူး။ လူနည်းစုကို မဟုတ်ဘဲ လူမျိုးအများကြီးကို ပယ်ရှင်းပြီးအစတုံးဖျက်ဆီးဖို့ သူစိတ်ကူးထားတယ်။  ၈  သူပြောတာက– ‘ငါ့ရဲ့မှူးမတ်တွေလည်း ဘုရင်တွေပဲ မဟုတ်လား။+  ၉  ကာလနောမြို့ဟာ+ ခါခေမိတ်မြို့လိုပဲ မဟုတ်လား။+ ဟာမတ်မြို့ဟာ+ အာပဒ်မြို့လိုပဲ+ မဟုတ်လား။ ရှမာရိမြို့ဟာ+ ဒမတ်စကတ်မြို့လိုပဲ+ မဟုတ်လား။ ၁၀  အသုံးမဝင်တဲ့ ဘုရားတွေကို ကိုးကွယ်တဲ့ တိုင်းနိုင်ငံတွေကို ငါကိုယ်တိုင် သိမ်းယူခဲ့တာပဲ။ အဲဒီတိုင်းနိုင်ငံတွေဆိုရင် ဂျေရုဆလင်မြို့နဲ့ ရှမာရိမြို့ထက်တောင် ရုပ်တုတွေ ပိုများသေးတယ်။+ ၁၁  ရှမာရိမြို့နဲ့ အဲဒီမှာရှိတဲ့ အသုံးမဝင်တဲ့ ဘုရားတွေကို ငါလုပ်ခဲ့သလိုဂျေရုဆလင်မြို့နဲ့ မြို့မှာရှိတဲ့ ရုပ်တုတွေကိုလည်း ငါလုပ်ဦးမယ်။’+ ၁၂  “ငါယေဟောဝါက ဇိအုန်တောင်နဲ့ ဂျေရုဆလင်မြို့မှာ အလုပ်မှန်သမျှ လက်စသတ်ပြီးတဲ့အခါ အဆီးရီးယားဘုရင်ကို သူ့ရဲ့ရိုင်းစိုင်းတဲ့စိတ်၊ မာနထောင်လွှားတဲ့ အကြည့်တွေကြောင့် အပြစ်ပေးမယ်။+ ၁၃  သူက‘ငါ့လက်ရုံးအစွမ်းကြောင့်၊ ငါ့ဉာဏ်ပညာကြောင့် ဒီလိုလုပ်နိုင်ခဲ့တာ။ ငါဟာ ဉာဏ်ကြီးသူဖြစ်နေလို့လူမျိုးတွေရဲ့ နယ်နိမိတ်တွေကို ဖယ်ရှားပြီး+စည်းစိမ်ဥစ္စာတွေကို သိမ်းယူနိုင်ခဲ့တာ။+ အခုလည်း ခွန်အားကြီးသူလို မြို့သူမြို့သားတွေကို နှိမ်နင်းမယ်။+ ၁၄  ငါက ငှက်သိုက်ကို လှမ်းနှိုက်တဲ့သူလိုလူမျိုးတွေရဲ့ ပစ္စည်းဥစ္စာတွေကို သိမ်းယူမယ်။ စွန့်ပစ်ထားတဲ့ ငှက်ဥတွေကို စုသိမ်းတဲ့သူလိုမြေတစ်ပြင်လုံးကို စုသိမ်းမယ်။ အတောင်ပံခတ်တဲ့သူ၊ ပါးစပ်ဟတဲ့သူ၊ တစာစာအော်တဲ့သူ ရှိမှာမဟုတ်ဘူး’ လို့ပြောနေတယ်။” ၁၅  ပုဆိန်က ပုဆိန်ကိုင်တဲ့သူထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်နိုင်လို့လား။ လွှက လွှဆွဲတဲ့သူထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်နိုင်လို့လား။ တုတ်က+ ကိုင်တဲ့သူကို ပြန်ဝှေ့ယမ်းလို့ ရသလား။ တောင်ဝှေးက ကိုင်တဲ့သူကို ပြန်ရွယ်လို့ရသလား။ ၁၆  ဒါကြောင့် စစ်မှန်တဲ့သခင်၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါကအဆီးရီးယားပြည်ရဲ့ ဝဖီးနေသူတွေကို ပိန်ချုံးစေမယ်။+ သူ့ဂုဏ်ကျက်သရေကို မီးရှို့ပစ်မယ်။+ ၁၇  အစ္စရေးရဲ့ အလင်းပေးရှင်ဟာ+ မီး၊+ အစ္စရေးရဲ့ သန့်ရှင်းတဲ့အရှင်ဟာ မီးလျှံဖြစ်လာမယ်။ အဲဒီမီးက တောက်လောင်ပြီး အဆီးရီးယားရဲ့ ပေါင်းပင်တွေ၊ ဆူးချုံတွေကိုတစ်နေ့တည်းမှာ ဝါးမျိုမယ်။ ၁၈  အဆီးရီးယားရဲ့ စိမ်းလန်းစိုပြည်နေတဲ့ သစ်တောတွေ၊ သစ်သီးခြံတွေဟာ အစအနမကျန် ဖျက်ဆီးခံရပြီးဖျားနာတဲ့သူ လုံးပါးပါးသလို ဖြစ်သွားမယ်။+ ၁၉  သစ်တောထဲမှာ ကျန်တဲ့ သစ်ပင်တွေဟာကလေးကတောင် ရေတွက်နိုင်တဲ့အထိ သိပ်နည်းသွားမယ်။ ၂၀  အဲဒီအချိန်ရောက်ရင် အစ္စရေးရဲ့ ကျန်ကြွင်းသူတွေ၊ယာကုပ်အမျိုးရဲ့ အသက်ရှင် ကျန်ရစ်သူတွေဟာသူတို့ကို တိုက်ခိုက်တဲ့သူကို အားမကိုးတော့ဘူး။+ အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင် ယေဟောဝါကိုပဲအမှန်တကယ် အားကိုးကြမယ်။ ၂၁  ကျန်ကြွင်းသူတွေပဲပြန်လာကြမယ်။ ယာကုပ်ရဲ့ ကျန်ကြွင်းသူတွေပဲ တန်ခိုးကြီးတဲ့ ဘုရားသခင်ဆီ ပြန်လာကြမယ်။+ ၂၂  အို အစ္စရေး၊ မင်းရဲ့လူတွေဟာပင်လယ်သဲပွင့်တွေလို များပြားပေမဲ့ကျန်ကြွင်းသူတချို့ပဲ ပြန်လာမယ်။+ သုတ်သင်ဖျက်ဆီးဖို့ စီရင်ချက် ချထားတယ်။+ တရားမျှတမှုက သူတို့ကို လွှမ်းမိုးမယ်။+ ၂၃  အချုပ်အခြာအာဏာပိုင်ရှင်၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါကစီရင်ချက်ချထားတဲ့အတိုင်း တစ်ပြည်လုံးကို သုတ်သင် ဖျက်ဆီးမယ်။+ ၂၄  ဒါကြောင့်  အချုပ်အခြာအာဏာပိုင်ရှင်၊  ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက “ဇိအုန်မှာ နေထိုင်တဲ့ ငါ့လူတို့၊ အီဂျစ်တွေလို+ မင်းတို့ကို ကြိမ်လုံးနဲ့၊ တုတ်နဲ့ရိုက်ခဲ့ဖူးတဲ့ အဆီးရီးယားတွေကို မကြောက်ပါနဲ့။+ ၂၅  သိပ်မကြာခင်မှာ ပြစ်ဒဏ်စီရင်ချက် ပြီးဆုံးသွားမယ်။ ငါ့အမျက်ဒေါသကြောင့် သူတို့ပျက်စီးသွားမယ်။+ ၂၆  ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက သြရဘ ကျောက်ဆောင်မှာ မိဒျန်တွေကို ရှုံးနိမ့်စေခဲ့သလို+ သူ့ကို ကျာပွတ်နဲ့ ရိုက်မယ်။+ အီဂျစ်ပြည်မှာ လုပ်ခဲ့သလို တောင်ဝှေးကို ပင်လယ်ပေါ် ဆန့်တန်းပြီး ကိုင်မြှောက်ထားမယ်။+ ၂၇  “အဲဒီအချိန်ရောက်ရင် သူတင်ထားတဲ့ ဝန်ထုပ်က မင်းရဲ့ ပခုံးပေါ်ကနေ၊+သူတင်ထားတဲ့ ထမ်းပိုးက မင်းရဲ့ လည်ကုပ်ပေါ်ကနေ ကျသွားမယ်။+ အဲဒီထမ်းပိုးက ဆီကြောင့်* ကျိုးသွားမယ်”+ လို့ပြောတယ်။ ၂၈  သူက အာအိယမြို့ကို ရောက်လာတယ်။+ မိဂရုန်မြို့ကို ဖြတ်သွားတယ်။ မိတ်မတ်မြို့မှာ+ အထုပ်အပိုးတွေ ချတယ်။ ၂၉  ရေတိမ်ပိုင်းကို ဖြတ်ကူးပြီး ဂေဘမြို့မှာ+ ညအိပ်ရပ်နားတယ်။ ရာမမြို့သားတွေတုန်လှုပ်ကြတယ်။ ရှောလုရဲ့ဇာတိ ဂိဗာမြို့ကလူတွေ+ ထွက်ပြေးကြတယ်။+ ၃၀  ဂါလိမ်မြို့ရဲ့ သမီးပျိုတို့၊ အသံကုန် အော်ဟစ်ကြပါ။ လဲရှမြို့သားတို့၊ အာရုံစိုက်ကြပါ။ အို အာနသုတ်မြို့၊+ သနားစရာ ကောင်းလိုက်တာ။ ၃၁  မာဒမေနမြို့သားတွေ ထွက်ပြေးကြတယ်။ ဂေဗိမ်မြို့သူမြို့သားတွေလည်း ဘေးလွတ်ရာ ရှာကြတယ်။ ၃၂  အဲဒီနေ့မှာပဲ နောဗမြို့မှာ သူရပ်နားတယ်။+ ဇိအုန်သမီးပျိုရဲ့ တောင်တန်းကို၊ ဂျေရုဆလင်မြို့တည်ရာ တောင်ကိုလက်သီးလက်မောင်း တန်းတယ်။ ၃၃  စစ်မှန်တဲ့သခင်၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါကခုတ်ပစ်လိုက်တဲ့အတွက် အကိုင်းအခက်တွေ တဝုန်းဝုန်း ကျိုးကျကုန်တယ်။+ အမြင့်ဆုံးအပင်တွေကို ခုတ်ပစ်တယ်။ မိုးထိုးနေတဲ့ အပင်တွေကို နှိမ့်ချပစ်တယ်။ ၃၄  ဘုရားက တောချုံတွေကို ပုဆိန်နဲ့ ခုတ်ပစ်တယ်။ လက်ဘနွန်ဟာ ခွန်အားကြီးသူရဲ့ လက်ချက်နဲ့ ပြိုလဲသွားမယ်။

အောက်ခြေမှတ်ချက်များ

လောင်စာဆီ ဒါမှမဟုတ် ဘုရင်ကို ဘိသိက်ပေးတဲ့ဆီ ဖြစ်နိုင်။