ဟေရှာယ ၁၂:၁-၆

  • ကျေး​ဇူး​တင်​ချီး​မွမ်း​သီချင်း (၁-၆)

    • “ယေဟောဝါ​ဟာ ကျွန်​တော့်ရဲ့​အစွမ်း​သတ္တိ” ()

၁၂  အဲဒီ​အချိန်​ကျ​ရင် မင်း​တို့​က“ယေဟောဝါ​ဘု​ရား၊ ကျွန်​တော့်​ကို အမျက်​တော်​ထွက်​ခဲ့​ပေမဲ့တ​ဖြည်း​ဖြည်း အမျက်​ပြေသွား​ပြီးနှစ်​သိမ့်​ပေး​တဲ့​အတွက် ကျေး​ဇူး​တင်​ပါ​တယ်။+  ၂  ဘု​ရား​သခင်​ဟာ ကျွန်​တော့်ရဲ့ ကယ်​တင်​ခြင်း​ပါ။+ ဘု​ရား​ကို​ပဲ ယုံ​ကြည်​ကိုး​စား​မယ်။ ဘာ​ကို​မှ မကြောက်​တော့​ဘူး။+ ယေဟောဝါ၊ ယေဟောဝါ​ဟာ ကျွန်​တော့်​အစွမ်း​သတ္တိ၊ ကျွန်​တော့်​ခွန်​အား၊ကျွန်​တော့်ရဲ့ ကယ်​တင်​ခြင်း​ပါ​ပဲ”+ လို့​ပြော​ကြ​မှာ သေချာ​တယ်။  ၃  မင်း​တို့​က ကယ်​တင်​ခြင်း စမ်းချောင်း​တွေ​ထဲ​က ရေ​ကိုဝမ်း​သာ​အား​ရ ခပ်​ယူ​ကြ​လိမ့်​မယ်။+  ၄  အဲဒီ​အချိန်​ကျ​ရင်“ယေဟောဝါ​ကို ကျေး​ဇူး​တင်​ကြ။​ နာ​မတော်​ကို ခေါ်​ပြီး ဆုတောင်း​ကြ။ ဘု​ရားရဲ့ လုပ်​ဆောင်​မှု​တွေ​အကြောင်း လူ​တွေ​ကို ကြား​သိ​စေ​ကြ။+ နာ​မတော် ဂုဏ်​တင်​ခံ​ရ​ပြီလို့ ကြေညာ​ကြ။+  ၅  ယေဟောဝါ​ကို ချီး​မွမ်း​သီချင်း​ဆိုကြ။+ ကြီး​ကျယ်​ခမ်း​နား​တဲ့​အရာတွေ ဘုရား လုပ်​ဆောင်​ခဲ့​ပြီ။+ ဒါ​ကို တစ်​ကမ္ဘာ​လုံး ကြား​သိ​စေကြပါ။  ၆  ဇိ​အုန်​မြို့​သူ​မြို့​သား​တို့၊ မင်း​တို့​အလယ်​မှာ စံ​မြန်း​တဲ့ အစ္စရေး​တို့​ရဲ့ သန့်​ရှင်း​တဲ့​အရှင်​ဟာ ကြီးမြတ်​တဲ့​အတွက်ဝမ်း​သာ​အား​ရ ကြွေး​ကြော်​ပြီး သီချင်း​ဆို​ကြ​ပါ” လို့​ပြော​ကြ​လိမ့်​မယ်။

အောက်ခြေမှတ်ချက်များ