ဟေရှာယ ၁၃:၁-၂၂

  • ဗာဗုလုန်ခံရမယ့် စီရင်ချက် (၁-၂၂)

    • ယေဟောဝါရဲ့နေ့ နီးလာပြီ ()

    • မီးဒီးယားလူတွေ ဗာဗုလုန်ကို တိုက်ခိုက် (၁၇)

    • ဗာဗုလုန်မှာ လူမနေထိုင်တော့ (၂၀)

၁၃  အာမွတ်ရဲ့သား  ဟေရှာယက+ ဗာဗုလုန်ခံရမယ့် တရားစီရင်ချက်ကို+ စိတ်အာရုံမှာ မြင်ခဲ့တယ်။  ၂  ဘုရားသခင် ပြောတာက “တောင်ကတုံးပေါ်မှာ အလံစိုက်ထူကြပါ။+ သူတို့ကို လက်ဝှေ့ယမ်းပြီး အော်ခေါ်လိုက်ပါ။ ဂုဏ်အသရေရှိသူတွေရဲ့ မြို့တံခါးတွေထဲ ဝင်လာကြလိမ့်မယ်။  ၃  ငါခန့်အပ်ထားသူတွေကို အမိန့်ပေးထားတယ်။+ ငါ့အမျက်ကို ဖော်ပြဖို့ ငါ့ရဲ့စစ်သူရဲတွေ၊ဂုဏ်ယူဝင့်ကြွားစွာ ရွှင်လန်းနေသူတွေကို ဆင့်ခေါ်ထားတယ်။  ၄  တောင်တန်းတွေပေါ်မှာ လူတစ်အုပ်ရှိတယ်။ လူအလုံးအရင်းကြီးရဲ့ အသံပဲ။ နားထောင်ကြ။ အတူစုရုံးနေတဲ့ တိုင်းနိုင်ငံတွေ၊ လူမျိုးတွေရဲ့ ရုတ်ရုတ်သဲသဲအသံပဲ။+ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက တိုက်ပွဲအတွက်စစ်သည်အလုံးအရင်းကို စုရုံးခင်းကျင်းနေတယ်။+  ၅  ယေဟောဝါနဲ့ အမျက်တော်လက်နက်တွေဟာမြေတစ်ပြင်လုံးကို ဖျက်ဆီးပစ်ဖို့+ရပ်ဝေးဒေသကနေ၊+ ကောင်းကင်အစွန်အဖျားကနေချီတက်လာနေတယ်။  ၆  ငိုကြွေးမြည်တမ်းကြ။ ယေဟောဝါရဲ့နေ့ နီးလာပြီ။ အဲဒီနေ့ဟာ အနန္တတန်ခိုးရှင်ဆီက ဖျက်ဆီးခြင်းဘေးအဖြစ် ရောက်လာမယ်။+  ၇  ဒါကြောင့် သူတို့ရဲ့လက်တွေ အားလျော့သွားမယ်။ စိတ်နှလုံးလည်း ကြောက်စိတ်ကြောင့် အရည်ပျော်သွားမယ်။+  ၈  လူတွေ ထိတ်ထိတ်ပျာပျာ ဖြစ်နေတယ်။+ သားဖွားတဲ့ မိန်းမလိုအလူးအလဲ ဝေဒနာခံစားနေရတယ်။ တစ်ယောက်ကိုတစ်ယောက် အထိတ်တလန့် ကြည့်နေတယ်။ ဝေဒနာကြောင့် မျက်နှာတွေ နီရဲနေတယ်။  ၉  ကြည့်ပါ။ ယေဟောဝါရဲ့နေ့ရက် လာနေပြီ။ ပြည်ကို လူတွေ ထိတ်လန့်စရာ ဖြစ်စေဖို့၊+ပြည်မှာရှိတဲ့ အပြစ်ကျူးလွန်သူတွေကို အစတုံးဖျက်ဆီးဖို့အမျက်ဒေါသအရှိန်နဲ့အတူကြမ်းတမ်းစွာ လာနေပြီ။ ၁၀  ကောင်းကင်ကြယ်တွေနဲ့ ကြယ်စုတွေ*+အလင်းပေးမှာ မဟုတ်ဘူး။ နေထွက်လာတဲ့အခါ မှောင်မိုက်နေမယ်။ လကလည်း အလင်းပေးမှာ မဟုတ်ဘူး။ ၁၁  ကမ္ဘာမြေပေါ် နေထိုင်သူတွေကို ငါဖြေရှင်းချက်တောင်းမယ်။+ လူဆိုးတွေကို သူတို့ရဲ့အမှားအတွက် ဖြေရှင်းချက်တောင်းမယ်။ ရောင့်တက်သူတွေရဲ့ မာနကို ချိုးမယ်။ ဖိနှိပ်ညှဉ်းပန်းသူတွေရဲ့ မောက်မာမှုကို ချိုးနှိမ်မယ်။+ ၁၂  သေမျိုးဖြစ်တဲ့လူကို ရွှေစင်ထက် ရှားပါးစေမယ်။+ လူတွေကို သြဖိရရွှေထက် ရှားပါးစေမယ်။+ ၁၃  ကောင်းကင်ကို ငါတုန်လှုပ်စေမယ်။ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ဒေါသမီးတောက်လောင်တဲ့နေ့မှာကမ္ဘာမြေဟာ နေရာရွေ့သွားမယ်။+ ၁၄  အမဲလိုက်ခံရတဲ့ ဒရယ်လို၊ ထိန်းသူမရှိတဲ့ သိုးအုပ်လိုသူတို့ယောက်တိုင်း ကိုယ့်လူမျိုးဆီ ပြန်ကြလိမ့်မယ်။ ကိုယ့်နေရင်းပြည်ဆီ ပြေးကြလိမ့်မယ်။+ ၁၅  တွေ့မိသူမှန်သမျှ ထိုးသတ်ခံရမယ်။ အဖမ်းခံရသူမှန်သမျှ ဓားဘေးကြောင့် ပြိုလဲသွားမယ်။+ ၁၆  သားသမီးတွေကို သူတို့ရှေ့မှာပဲ ကိုင်ဆောင့်ပြီး သတ်ပစ်လိမ့်မယ်။+ အိမ်တွေကို လုယက်လိမ့်မယ်။ သူတို့ရဲ့မိန်းမတွေကို မတရားပြုကျင့်လိမ့်မယ်။ ၁၇  သူတို့ကိုတိုက်ဖို့ မီးဒီးယားလူမျိုးကို ငါလှုံ့ဆော်မယ်။+ ဒီလူမျိုးဟာ ငွေကို တန်ဖိုးမရှိဘူးလို့ သဘောထားတဲ့သူတွေ၊ရွှေကို မနှစ်သက်တဲ့သူတွေပဲ။ ၁၈  သူတို့က လူငယ်တွေကို လေးနဲ့ရိုက်သတ်လိမ့်မယ်။+ ကလေးတွေကို မသနားဘူး။ သားသမီးတွေကိုလည်း မညှာတာဘူး။ ၁၉  ဗာဗုလုန်ဟာ တိုင်းနိုင်ငံတွေရဲ့ ကျက်သရေဆောင်ပဲ။+ ခါလဒဲလူတွေရဲ့ အလှနဲ့ ဂုဏ်ယူဝင့်ကြွားစရာပဲ။+ ဒါပေမဲ့ ဘုရားသခင် ဖျက်ဆီးလိုက်တဲ့အခါ သောဒုံနဲ့ ဂေါမောရလို ဖြစ်သွားမယ်။+ ၂၀  ဗာဗုလုန်မြို့မှာ လူနေထိုင်တော့မှာ မဟုတ်ဘူး။ နောင်လာနောက်သား အဆက်ဆက် လူနေထိုင်ရာဖြစ်တော့မှာ မဟုတ်ဘူး။+ အဲဒီမှာ အာရပ်လူတွေ တဲထိုးမှာ မဟုတ်သလိုသိုးထိန်းတွေလည်း သိုးအုပ်ကို ထိန်းကျောင်းမှာ မဟုတ်ဘူး။ ၂၁  အဲဒီမှာ သားရဲတွေ အိပ်လိမ့်မယ်။ သူတို့ရဲ့အိမ်တွေမှာ ဇီးကွက်တွေ အသိုက်လုပ်လိမ့်မယ်။ အဲဒီမှာ ငှက်ကုလားအုတ်တွေ နေလိမ့်မယ်။+ တောဆိတ်တွေ* ခုန်ပေါက်နေလိမ့်မယ်။ ၂၂  မျှော်စင်တွေမှာ တိရစ္ဆာန်တွေ အူနေမယ်။ ဇိမ်ကျတဲ့ နန်းတော်တွေမှာ ခွေးအတွေ အူနေမယ်။ ဗာဗုလုန် ပြစ်ဒဏ်သင့်မယ့်နေ့ ရောက်ခါနီးပြီ။ သူ သက်ဆိုးရှည်မှာ မဟုတ်ဘူး။”+

အောက်ခြေမှတ်ချက်များ

မူရင်း၊ “ခသိလကြယ်စု။” လိပ်တာရာကြယ်စုနဲ့ ဝန်းကျင်ကကြယ်စုတွေ ဖြစ်နိုင်။
“ဆိတ်နဲ့တူတဲ့ နတ်ဆိုးတွေ” လည်းဖြစ်နိုင်။