ဟေရှာယ ၁၅:၁-၉

  • မောဘနဲ့ပတ်သက်တဲ့ စီရင်ချက် (၁-၉)

၁၅  မောဘနဲ့ပတ်သက်တဲ့ တရားစီရင်ချက်–+ မောဘပြည်၊ အာရမြို့ဟာ+ညတွင်းချင်း ဖျက်ဆီးခံရလို့ ဆိတ်သုဉ်းသွားမယ်။ မောဘပြည်၊ ကိရမြို့ဟာ+ညတွင်းချင်း ဖျက်ဆီးခံရလို့ ဆိတ်သုဉ်းသွားမယ်။  ၂  ဗိမာန်ဆီ၊ ဒိဘုန်မြို့ဆီ၊+အထွတ်အမြတ်နေရာတွေဆီ ငိုကြွေးဖို့ သူတက်သွားလိမ့်မယ်။ မောဘက နေဗောနဲ့+ မေဒဘမြို့အတွက်+ ငိုကြွေးမြည်တမ်းမယ်။ လူတွေ ခေါင်းတုံးတုံးပြီး+ မုတ်ဆိတ် ရိတ်လိမ့်မယ်။+  ၃  လမ်းပေါ်ကလူတွေ အထည်ကြမ်း ဝတ်ရလိမ့်မယ်။ အိမ်မိုးပေါ်မှာ၊ လူထုရင်ပြင်တွေမှာ ငိုကြွေးမြည်တမ်းရလိမ့်မယ်။ ငိုကြွေးရင်းနဲ့ ဆင်းသွားရလိမ့်မယ်။+  ၄  ဟေရှဘုန်မြို့နဲ့ ဧလာလေမြို့+ ငိုကြွေးလိမ့်မယ်။ သူတို့အသံကို ယာဟတ်မြို့ကနေတောင် ကြားရလိမ့်မယ်။+ ဒါကြောင့် မောဘစစ်သည်တွေ အော်ဟစ်နေတယ်။ လူတွေ ဖိမ့်ဖိမ့်တုန်နေတယ်။  ၅  မောဘအတွက် ရင်ထဲမှာ ငါငိုကြွေးမိတယ်။ မောဘဝရမ်းပြေးတွေက ဇောရမြို့အထိ၊+ ဧဂလတ် ရှလိရှအရပ်အထိ+ ထွက်ပြေးလိမ့်မယ်။ ငိုကြွေးရင်း လုဟိတ်မြို့ကို တက်သွားရလိမ့်မယ်။ ဟောရနိမ်မြို့ကိုသွားတဲ့ လမ်းမှာ ဘေးဆိုးကြောင့် ငိုကြွေးရလိမ့်မယ်။+  ၆  နိမရိမ်ချောင်းရေတွေ ခန်းခြောက်လိမ့်မယ်။ မြက်စိမ်းတွေခြောက်သွေ့လိမ့်မယ်။ မြက်ပင်တွေ သေကုန်ပြီး စိမ်းလန်းတဲ့အပင် တစ်ပင်မှကျန်မှာ မဟုတ်ဘူး။  ၇  ဒါကြောင့် စုဆောင်းခဲ့တဲ့ စည်းစိမ်ဥစ္စာတွေထဲက လက်ကျန်လေးတွေကို သယ်ပြီးမိုးမခပင်တွေပေါက်တဲ့ ချိုင့်ဝှမ်းကို ဖြတ်ကူးသွားကြလိမ့်မယ်။  ၈  မောဘတစ်ပြည်လုံးမှာ ငိုကြွေးသံတွေ  ပဲ့တင်ထပ်နေလိမ့်မယ်။+ ငိုကြွေးမြည်တမ်းသံက ဧဂလိမ်အရပ်နဲ့ဗေရဧလိမ်မြို့အထိ ရောက်လိမ့်မယ်။  ၉  ဒိမုန်စမ်းချောင်းတွေဟာ သွေးနဲ့ ပြည့်နေလိမ့်မယ်။ ဒိမုန်အရပ်အပေါ် ငါကျရောက်စေမယ့် ဘေးဆိုးရှိသေးတယ်– လွတ်မြောက်သွားတဲ့ မောဘလူတွေနဲ့ ပြည်မှာကျန်ကြွင်းသူတွေကို ကိုက်ဖို့ခြင်္သေ့ကို ငါလွှတ်လိုက်မယ်။+

အောက်ခြေမှတ်ချက်များ