ဟေရှာယ ၁၆:၁-၁၄

  • မောဘနဲ့ပတ်သက်တဲ့ စီရင်ချက် (၁-၁၄)

၁၆  ပြည်ကိုအုပ်စိုးတဲ့ ဘုရင်ဆီ သိုးထီးတစ်ကောင် ပို့လိုက်ပါ။ သေလမြို့ကနေ တောကန္တာရကိုဖြတ်ပြီး ဇိအုန်သမီးပျိုရဲ့ တောင်တန်းဆီ အရောက်ပို့လိုက်ပါ။  ၂  မောဘသမီးပျိုတွေဟာ အာနုန်ချောင်းရဲ့ ရေတိမ်ပိုင်းမှာ+အသိုက်ကနေ မောင်းထုတ်ခံရတဲ့ ငှက်လို ဖြစ်နေလိမ့်မယ်။+  ၃  “အကြံပေးကြပါ။ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ကြပါ။ မွန်းတည့်ချိန်မှာ မင်းရဲ့အရိပ်ကို ညအမှောင်လို ဖြစ်စေပါ။ တကွဲတပြားဖြစ်နေသူတွေကို ဝှက်ထားပေးပါ။ ထွက်ပြေးလာသူတွေကို သစ္စာဖောက်ပြီး မအပ်လိုက်ပါနဲ့။  ၄  အို မောဘ၊ တကွဲတပြားဖြစ်နေတဲ့ ငါ့လူတွေကို မင်းဆီမှာ နေထိုင်ခွင့်ပေးပါ။ ဖျက်ဆီးသူလက်ကနေ လွတ်မြောက်လာသူတွေကို ပုန်းခိုခွင့်ပေးပါ။+ ဖိနှိပ်သူဟာ ဇာတ်သိမ်းသွားမယ်။ ဖျက်ဆီးခြင်းကလည်း အဆုံးတိုင်သွားမယ်။ တခြားသူတွေကို နင်းခြေသူတွေလည်း ကမ္ဘာမြေပေါ်ကနေ ပျက်စီးသွားမယ်။  ၅  အဲဒီနောက် ဒါဝိဒ်အမျိုးထဲက ဘုရင်တစ်ပါးဟာ ရာဇပလ္လင်ပေါ် နန်းထိုင်မယ်။ အဲဒီဘုရင်က ခိုင်မြဲတဲ့မေတ္တာနဲ့အညီ၊ သစ္စာတရားနဲ့အညီ အုပ်ချုပ်မယ်။+ မျှမျှတတ တရားစီရင်ပြီး ဖြောင့်မတ်ခြင်းနဲ့အညီ မနှောင့်နှေးဘဲ စီရင်မယ်။”+  ၆  မောဘရဲ့ မာန်မာနအကြောင်း ငါတို့ကြားဖူးတယ်။+ သူဟာ မာနကြီးလွန်းတယ်။ မောက်မာတယ်။ ထောင်လွှားတယ်။ ဒေါသကြီးတယ်။+ သူကြွားလုံးထုတ်နေပေမဲ့ အချည်းနှီးပဲဖြစ်လိမ့်မယ်။  ၇  ဒါကြောင့် မောဘဟာ ကြုံရတဲ့ ဘေးဆိုးကြောင့် ငိုကြွေးမြည်တမ်းရလိမ့်မယ်။ သူတို့အားလုံး ငိုကြွေးမြည်တမ်းရလိမ့်မယ်။+ ရိုက်နှက်ခံရသူတွေက ကိရဟရက်မြို့ထွက် စပျစ်သီးပျဉ်တွေအတွက် ညည်းတွားရလိမ့်မယ်။+  ၈  ဟေရှဘုန်မြို့ရဲ့ လှေကားထစ် စိုက်ခင်းတွေ၊+ရှိဗမမြို့ရဲ့ စပျစ်ပင်တွေ+ ခြောက်သွေ့သွားပြီ။ လူမျိုးခြားတွေရဲ့ အုပ်စိုးရှင်တွေက အနီရဲရဲအသီးတွေ ပြွတ်နေတဲ့ စပျစ်နွယ်တွေကို နင်းခြေကြတယ်။ အဲဒီစပျစ်နွယ်တွေက ယာဇာမြို့အထိ ရောက်ပြီး+တောကန္တာရအထိ ရှည်ထွက်နေတယ်။ အညွန့်တွေကလည်း ဖြာထွက်ပြီး ပင်လယ်အထိ ရောက်နေတယ်။  ၉  ဒါကြောင့် ယာဇာမြို့အတွက် ငိုကြွေးသလို ရှိဗမမြို့ရဲ့ စပျစ်ပင်တွေအတွက်လည်း ငါငိုကြွေးမယ်။ ဟေရှဘုန်မြို့နဲ့ ဧလာလေမြို့၊ ငါ့မျက်ရည်ကြောင့် မင်းတို့ ရွှဲရွှဲစိုလိမ့်မယ်။+ နွေရာသီမှာ၊ သီးနှံရိတ်သိမ်းချိန်မှာ ကြွေးကြော်သံတွေ ဆိတ်ငြိမ်သွားပြီလေ။* ၁၀  သစ်သီးခြံတွေမှာ ဝမ်းမြောက်ရွှင်လန်းမှု မရှိတော့ဘူး။ စပျစ်ခြံတွေမှာ ရွှင်လန်းစွာ သီချင်းဆိုသံတွေ၊ ကြွေးကြော်သံတွေ မရှိတော့ဘူး။+ ကြွေးကြော်သံတွေကို ငါတိတ်ဆိတ်စေတဲ့အတွက်စပျစ်သီးနယ်ရာကျင်းမှာ စပျစ်သီး မနင်းနယ်ကြတော့ဘူး။+ ၁၁  ဒါကြောင့် ငါ့ရင်ထဲမှာ မောဘအတွက် ဗလောင်ဆူနေတယ်။+ ငါ့ရင်ဟာ ကိရဟရက်မြို့အတွက်+စောင်းကြိုးလို တုန်ခါနေတယ်။ ၁၂  မောဘက  အထွတ်အမြတ်နေရာဆီ အပင်ပန်းခံပြီး သွားပေမဲ့၊ ဆုတောင်းဖို့ ဝတ်ကျောင်းဆီ သွားပေမဲ့ ဘာမှ ဖြစ်မြောက်လာမှာ မဟုတ်ဘူး။+ ၁၃  မောဘနဲ့ပတ်သက်ပြီး အရင်တုန်းက ယေဟောဝါ အဲဒီလိုပြောခဲ့ဖူးတယ်။ ၁၄  အခုတော့ ယေဟောဝါက “မောဘဟာ ဘုန်းတန်ခိုး ထွန်းတောက်ခဲ့ပေမဲ့ စာရင်းငှားတစ်ယောက်ရဲ့ နှစ်တွေလို သုံးနှစ်တိတိ စေ့တဲ့အခါ ဆူပူအုံကြွမှု အမျိုးမျိုးကြောင့် အရှက်တကွဲ ဖြစ်ရလိမ့်မယ်။ လူနည်းနည်းပဲ ကျန်ရစ်ခဲ့ပြီး အရေးမပါသူတွေ ဖြစ်သွားလိမ့်မယ်”+ လို့ပြောတယ်။

အောက်ခြေမှတ်ချက်များ

“စစ်ငြာသံတွေ ထွက်ပေါ်လာပြီ” လည်းဖြစ်နိုင်။