ဟေရှာယ ၁၈:၁-၇

  • အီသီယုးပီးယာခံရမယ့် စီရင်ချက် (၁-၇)

၁၈  အင်းဆက်ပိုးသံ တဝီဝီမြည်တဲ့ပြည်၊အီသီယိုးပီးယားမြစ်ဝှမ်းဒေသမှာ တည်ရှိတဲ့ပြည်ဟာ အဖြစ်ဆိုး ကြုံရလိမ့်မယ်။+  ၂  အဲဒီပြည်က“ခြေမြန်တော်တို့၊ သွားကြ။ အရပ်ရှည်ပြီး အသားအရေ ညက်ညောတဲ့ လူမျိုး၊လူတကာကြောက်ရတဲ့ လူမျိုး၊+သန်မာပြီး အနိုင်ယူတတ်တဲ့လူမျိုး၊မြစ်ရေထဲ မျောပါတတ်တဲ့ ပြည်မှာနေထိုင်သူ လူမျိုးဆီ သွားကြ” လို့မှာပြီးသံတမန်တွေကို ပပိုင်းရပ်ကျူလှေတွေနဲ့ လွှတ်လိုက်တယ်။  ၃  ပြည်သူပြည်သားအပေါင်းတို့၊ ကမ္ဘာမြေပေါ် နေထိုင်သူအပေါင်းတို့၊တောင်တန်းတွေပေါ် အလံလွှင့်ထူထားသလို မင်းတို့မြင်ရလိမ့်မယ်။ တံပိုးမှုတ်သံလို အသံမျိုးကို ကြားရလိမ့်မယ်။  ၄  ငါ့ကို ယေဟောဝါ ပြောတယ်– “ငါတည်ထားတဲ့ နေရာကို* စိတ်အေးလက်အေးနဲ့ ကြည့်နေမယ်။ ဖြာဆင်းလာတဲ့ နေရောင်ခြည်လိုမျိုး၊ပူပြင်းလှတဲ့ ရိတ်သိမ်းချိန်မှာ ကျလာတဲ့ နှင်းထုလိုမျိုးပေါ့။  ၅  အပွင့်တွေကြွေပြီး စပျစ်သီးတွေ မှည့်ဝင်းလာပေမဲ့ဆွတ်ခူးချိန် မရောက်ခင်မှာပဲအညွန့်တွေကို တံစဉ်နဲ့ ဖြတ်ပစ်မယ်။ အနွယ်တွေကိုလည်း ခုတ်ချိုင် ပယ်ရှင်းမယ်။  ၆  သူတို့ကို တောင်တန်းပေါ်က လင်းတတွေအတွက်၊သားရဲတွေအတွက် ပစ်ထားကြလိမ့်မယ်။ နွေရာသီမှာ လင်းတတွေ စားပစ်လိမ့်မယ်။ ရိတ်သိမ်းချိန်မှာ သားရဲတွေ စားပစ်လိမ့်မယ်။  ၇  အရပ်ရှည်ပြီး အသားအရေ ညက်ညောတဲ့ လူမျိုး၊လူတကာကြောက်ရတဲ့ လူမျိုး၊သန်မာပြီး အနိုင်ယူတတ်တဲ့လူမျိုး၊မြစ်ရေထဲ မျောပါတတ်တဲ့ပြည်မှာ နေထိုင်တဲ့ လူမျိုးကအဲဒီအချိန်မှာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဆီ၊ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါရဲ့နာမည်နဲ့ မှည့်ခေါ်ထားတဲ့ ဇိအုန်တောင်ဆီ လက်ဆောင်ပဏ္ဏာ ယူလာလိမ့်မယ်။”+

အောက်ခြေမှတ်ချက်များ

“နေရာကနေ” လည်းဖြစ်နိုင်။