ဟေရှာယ ၂:၁-၂၂

  • ယေဟောဝါရဲ့တောင်တော် ချီးမြှောက်ခံရ (၁-၅)

    • ဓားကို ထယ်သွားဖြစ်စေ ()

  • ယေဟောဝါရဲ့နေ့မှာ မောက်မာသူ နှိမ့်ချခံရ (၆-၂၂)

၂  ယုဒပြည်၊ ဂျေရုဆလင်မြို့နဲ့ပတ်သက်ပြီး အာမွတ်ရဲ့သား ဟေရှာယမြင်ရတဲ့ စိတ်အာရုံကတော့–+  ၂  အဆုံးပိုင်းကာလမှာယေဟောဝါရဲ့အိမ်တော် တည်တဲ့တောင်ဟာတောင်တန်းတကာရဲ့ထိပ်မှာ အခိုင်အမာ တည်နေမယ်။+ တောင်ကုန်းတွေရဲ့ အထက်မှာ ချီးမြှောက်ခံရမယ်။ အဲဒီတောင်ပေါ်ကို လူမျိုးအားလုံး တဖွဲဖွဲတက်သွားကြမယ်။+  ၃  လူများစွာက တောင်ပေါ်တက်သွားရင်းနဲ့“လာကြ။ ယေဟောဝါဘုရားရဲ့ တောင်ပေါ်၊ယာကုပ်ရဲ့ ဘုရားသခင့်အိမ်တော်ကို တက်သွားကြစို့။+ ဘုရားက ငါတို့ကို နည်းလမ်းတော်တွေ သွန်သင်ပေးမယ်။ ဘုရားရဲ့လမ်းစဉ်အတိုင်း ငါတို့ လျှောက်လှမ်းကြမယ်”+ လို့ ပြောကြလိမ့်မယ်။ ပညတ်တော်က ဇိအုန်ကနေ၊ယေဟောဝါရဲ့ နှုတ်ထွက်စကားက ဂျေရုဆလင်မြို့ကနေ ပေါ်ထွက်လာမယ်။+  ၄  ဘုရားက လူမျိုးတွေကို တရားစီရင်မယ်။ လူများစွာရဲ့ အကျိုးအတွက် အရာရာကို ဖြေရှင်းပေးမယ်။ အဲဒီအခါ ဓားကို ထယ်သွားဖြစ်အောင်၊လှံကို တံစဉ်ဖြစ်အောင် ထုလုပ်ကြလိမ့်မယ်။+ လူမျိုးအချင်းချင်း တိုက်ခိုက်ကြတော့မှာ မဟုတ်ဘူး။ စစ်အတတ်ပညာကိုလည်း မသင်ကြတော့ဘူး။+  ၅  အို ယာကုပ်အမျိုး၊ လာကြ။ ယေဟောဝါရဲ့ အလင်းမှာ လျှောက်လှမ်းကြစို့။+  ၆  ဘုရားသခင်၊ ကိုယ်တော်က လူမျိုးတော်ဖြစ်တဲ့ ယာကုပ်အမျိုးကို စွန့်ပစ်လိုက်ပြီ။+ အရှေ့အရပ်ကလာတဲ့အရာတွေ အများကြီးကို သူတို့ လက်ခံထားတာကိုး။ သူတို့က ဖိလိတိလူတွေလို မှော်အတတ် လိုက်စားကြတယ်။+ သူတို့ဆီမှာ တိုင်းတစ်ပါး သားသမီးတွေ ပြည့်နှက်နေတယ်။  ၇  သူတို့ပြည်မှာ ရွှေငွေတွေကြွယ်ဝတယ်။ စည်းစိမ်ဥစ္စာတွေလည်း အတိုင်းမသိ များလှတယ်။ မြင်းတွေ ပေါများသလိုမြင်းရထားတွေလည်း အတိုင်းမသိ များလှတယ်။+  ၈  တစ်တိုင်းပြည်လုံးမှာ အသုံးမဝင်တဲ့ ဘုရားတွေ ရှိတယ်။+ ကိုယ့်လက်နဲ့လုပ်ထားတဲ့အရာ၊ကိုယ့်လက်ချောင်းနဲ့ ဖန်တီးထားတဲ့အရာတွေကို ဦးချကြတယ်။  ၉  အဲဒါတွေကို ဦးချတဲ့အတွက် နိမ့်ကျသွားတယ်။ သူတို့ကို ကိုယ်တော် ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။ ၁၀  ယေဟောဝါရဲ့ အမျက်တော်နဲ့ ဘုန်းတန်ခိုးအရှိန်ဟာကြောက်စရာကောင်းတဲ့အတွက်ကျောက်ဆောင်ထဲဝင်ပြီး မြေတွင်းထဲပုန်းနေကြပါ။+ ၁၁  မောက်မာသူတွေ ဦးကျိုးသွားမယ်။ မာနထောင်လွှားသူတွေ နိမ့်ကျသွားမယ်။ အဲဒီနေ့မှာ ယေဟောဝါ တစ်ပါးတည်းကိုပဲ ချီးမြှောက်ကြလိမ့်မယ်။ ၁၂  အဲဒီနေ့ဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါရဲ့နေ့ပဲ။+ မောက်မာသူနဲ့ ဘဝင်မြင့်သူ၊ဂုဏ်မြင့်သူနဲ့ ဂုဏ်နိမ့်သူ လူအားလုံး အဲဒီနေ့ကို ရင်ဆိုင်ရမယ်။+ ၁၃  လက်ဘနွန်က မိုးထိအောင် မြင့်မားတဲ့ သစ်ကတိုးပင်တွေ၊ဗာရှန်ပြည်က ဝက်သစ်ချပင်တွေ၊ ၁၄  မြင့်မားတဲ့တောင်တန်းတွေ၊မြင့်မားတဲ့တောင်ကုန်းတွေ၊ ၁၅  မြင့်မားတဲ့မျှော်စင်နဲ့ ခိုင်ခံ့တဲ့မြို့ရိုးတွေ၊ ၁၆  တာရှိသင်္ဘောတွေ၊+လှပတဲ့လှေတွေအားလုံး အဲဒီနေ့ကို ရင်ဆိုင်ရမယ်။ ၁၇  မောက်မာသူတွေ  ဦးကျိုးသွားမယ်။ မာနထောင်လွှားသူတွေ နိမ့်ကျသွားမယ်။ အဲဒီနေ့မှာ ယေဟောဝါ တစ်ပါးတည်းကိုပဲ ချီးမြှောက်ကြလိမ့်မယ်။ ၁၈  အသုံးမဝင်တဲ့ ဘုရားတွေ အစအနမကျန် ပျောက်ကွယ်သွားမယ်။+ ၁၉  ကမ္ဘာမြေကို တုန်လှုပ်စေဖို့ ယေဟောဝါ ကြွလာတဲ့အခါအမျက်တော်နဲ့ ဘုန်းတန်ခိုးအရှိန်ဟာကြောက်စရာကောင်းတဲ့အတွက်+လူတွေက ကျောက်ဂူတွေ၊မြေတွင်းတွေထဲ ဝင်ပြီး ပုန်းနေကြလိမ့်မယ်။+ ၂၀  အဲဒီနေ့မှာ လူတွေဟာ သူတို့ဦးချဖို့ လုပ်ထားတဲ့အသုံးမဝင်တဲ့ ရွှေဘုရား၊ ငွေဘုရားတွေကိုကြွက်စုတ်တွေ၊ လင်းနို့တွေဆီ လွှင့်ပစ်ပြီး၊+ ၂၁  ကျောက်တွင်းတွေ၊ကျောက်ကြိုကျောက်ကြားတွေထဲ ဝင်နေကြလိမ့်မယ်။ ကမ္ဘာမြေ တုန်လှုပ်စေဖို့ ယေဟောဝါ ကြွလာတဲ့အခါအမျက်တော်နဲ့ ဘုန်းတန်ခိုးအရှိန်ဟာကြောက်စရာကောင်းတဲ့အတွက် သူတို့ အဲဒီလိုပုန်းနေကြလိမ့်မယ်။ ၂၂  ဒါကြောင့် နှာခေါင်းနဲ့အသက်ရှူမှ ရှင်သန်နိုင်မယ့်လူကိုယုံကြည်ကိုးစားမနေနဲ့တော့။ လူကိုများ ဘာလို့ အရေးတယူလုပ်နေမှာလဲ။

အောက်ခြေမှတ်ချက်များ