ဟေရှာယ ၂၁:၁-၁၇
၂၁ ပင်လယ်ရေလွှမ်းတဲ့ တောကန္တာရနဲ့* ပတ်သက်တဲ့ တရားစီရင်ချက်–+
တောင်ဘက်ကနေ မုန်တိုင်းတိုက်လာသလိုတောကန္တာရကနေ၊ ကြောက်မက်ဖွယ်ပြည်ကနေ ဘေးဆိုး လာနေတယ်။+
၂ ငါမြင်ရတဲ့ ကြောက်စရာ စိတ်အာရုံကတော့သစ္စာဖောက်က သစ္စာဖောက်တယ်။
ဖျက်ဆီးသူကလည်းဖျက်ဆီးတယ်။
အို ဧလံ၊ တက်သွားပါ။ အို မီးဒီးယား၊+ မြို့ကိုဝိုင်းထားပါ။
သူဖြစ်ပေါ်စေတဲ့ ဆင်းရဲဒုက္ခတွေကို ငါအဆုံးတိုင်စေမယ်။+
၃ အဲဒီစိတ်အာရုံကြောင့်ငါအကြီးအကျယ် ဝေဒနာခံစားရတယ်။+
သားဖွားနေတဲ့ မိန်းမလို အလူးအလဲ နာကျင်ခံစားနေရတယ်။
ဘာမှ မကြားချင်လောက်အောင် စိတ်ဆင်းရဲနေတယ်။
ဘာမှ မမြင်ချင်လောက်အောင် စိတ်အနှောင့်အယှက် ဖြစ်နေတယ်။
၄ ငါ့ရင်တွေ တလှပ်လှပ်တုန်နေတယ်။ ကြောက်လွန်းလို့ တဆတ်ဆတ် တုန်နေတယ်။
တမ်းတခဲ့ရတဲ့ နေဝင်ဆည်းဆာဟာ ငါ့ကိုတုန်လှုပ်စေတယ်။
၅ စားပွဲခင်းပြီး ခုံတွေ ချထားပါ။
စားသောက်ကြပါ။+
မင်းညီမင်းသားတို့၊ ထကြ။ ဒိုင်းလွှားကို ဘိသိက်ဆီ လောင်းကြ။
၆ ယေဟောဝါက “သွားပါ။ ကင်းစောင့်ချထားပါ။
သူမြင်သမျှကို သတင်းပို့ခိုင်းပါ” လို့ ငါ့ကိုပြောတယ်။
၇ ကင်းစောင့်က မြင်းတစ်အုပ်ဆွဲလာတဲ့ စစ်မြင်းရထားတစ်စီး၊မြည်းတွေဆွဲလာတဲ့ စစ်ရထားတစ်စီး၊ကုလားအုတ်တွေဆွဲလာတဲ့ စစ်ရထားတစ်စီးကို မြင်တယ်။
သူ သတိရှိရှိနဲ့ အာရုံစိုက်ပြီး ကြည့်နေတယ်။
၈ အဲဒီနောက် သူက ခြင်္သေ့လို အော်ပြောတယ်–
“ယေဟောဝါဘုရား၊ ကင်းမျှော်စင်ပေါ်မှာ ကျွန်တော် တစ်နေကုန် ရပ်နေပါတယ်။
ကင်းတဲမှာလည်း ညတိုင်း စောင့်နေပါတယ်။+
၉ ကြည့်လိုက်ပါဦး။
လူတွေက မြင်းတစ်အုပ်ဆွဲလာတဲ့ စစ်မြင်းရထားကို စီးပြီး လာနေပြီ။”+
အဲဒီနောက် သူက “ဗာဗုလုန် ပြိုလဲပြီ။ ပြိုလဲပြီ။+
ဘုရားရုပ်တုအားလုံးမြေပေါ်မှာ ကျိုးကြေကုန်ပြီ”+ လို့ပြောတယ်။
၁၀ နင်းခြေခံရတဲ့ ငါ့လူတို့၊ငါ့ကောက်နယ်တလင်းက ကောက်နှံတို့၊+အစ္စရေးတို့ရဲ့ ဘုရားသခင်၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဆီက ကြားရတာတွေကို မင်းတို့ကို ငါပြန်ပြောပြတာပါ။ပ
၁၁ ဒုမာနဲ့* ပတ်သက်တဲ့ တရားစီရင်ချက်–
စိရတောင်က+ လူတစ်ယောက် လှမ်းအော်ပြီး“ဗျို့ ကင်းစောင့်၊ ညတာကုန်ဆုံးဖို့ ဘယ်လောက်လိုသေးလဲ။
ဗျို့ ကင်းစောင့်၊ ညတာကုန်ဆုံးဖို့ ဘယ်လောက်လိုသေးလဲ” လို့မေးတယ်။
၁၂ ဒါနဲ့ ကင်းစောင့်က“မိုးလင်းခါနီးပါပြီ။ ညအမှောင်လည်း ရောက်လာတော့မယ်။
မေးစရာရှိတာ မေးကြ။
ပြန်လာကြ” လို့ပြောတယ်။
၁၃ သဲကန္တာရလွင်ပြင်နဲ့ပတ်သက်တဲ့ တရားစီရင်ချက်–
ဒေဒန်ရဲ့+ ကုလားအုတ် ယာဉ်တန်းတို့၊သဲကန္တာရလွင်ပြင်ထဲက တောအုပ်မှာ မင်းတို့ ညအိပ်ရလိမ့်မယ်။
၁၄ တေမပြည်သားတို့၊+ရေငတ်သူကို တိုက်ဖို့ ရေယူလာကြ။
ထွက်ပြေးလာသူကို ကျွေးဖို့ စားစရာ ယူလာကြ။
၁၅ သူတို့က ဓား၊ ဆွဲထုတ်ထားတဲ့ဓား၊တင်ထားတဲ့လေးနဲ့ ရက်စက်တဲ့ စစ်ပွဲရဲ့ ရန်ကနေ ထွက်ပြေးလာကြလို့ပဲ။
၁၆ အဲဒီနောက် ငါ့ကို ယေဟောဝါဘုရားက “စာရင်းငှားတစ်ယောက်ရဲ့ နှစ်တွေလို တစ်နှစ်တင်းတင်း ပြည့်တဲ့အခါ ကေဒါရဲ့ ဂုဏ်ကျက်သရေအားလုံး+ ကွယ်ပျောက်သွားမယ်။
၁၇ ကေဒါရဲ့ကျန်ရစ်တဲ့ လေးသည်တော်တွေ လျော့နည်းသွားမယ်။ ဒါဟာ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါရဲ့ အမိန့်ပဲ” လို့ပြောတယ်။