ဟေရှာယ ၂၃:၁-၁၈

  • တိုင်ရာမြို့နဲ့ပတ်သက်တဲ့ စီရင်ချက် (၁-၁၈)

၂၃  တိုင်ရာမြို့နဲ့ပတ်သက်တဲ့ တရားစီရင်ချက်–+ တာရှိသင်္ဘောတို့၊ ငိုကြွေးမြည်တမ်းကြပါ။+ ဆိပ်ကမ်းမြို့ ဖျက်ဆီးခံရပြီ။ သင်္ဘောတွေ မဆိုက်ကပ်နိုင်တော့ဘူး။ ခိတိမ်ပြည်မှာ+ အဲဒီသတင်းကို ကြားရပြီ။  ၂  ကမ်းရိုးတန်းမှာ နေထိုင်သူတို့၊ နှုတ်ဆိတ်နေကြပါ။ ပင်လယ်ကူးတတ်တဲ့ ဆိုင်ဒုန်ကုန်သည်တွေကြောင့်+ မင်းတို့ ချမ်းသာလာတာ။  ၃  ရှိဟောရရဲ့*+ ကောက်နှံနဲ့ နိုင်းမြစ်ဝှမ်းကထွက်တဲ့ သီးနှံတွေဟာ တိုင်ရာမြို့ရတဲ့ အခွန်အတုတ်တွေပဲ။ ဒါတွေကို ရေလမ်းနဲ့ ကူးသန်းရောင်းဝယ်တဲ့အတွက်တခြားလူမျိုးတွေ အမြတ်အစွန်း ရခဲ့ကြတယ်။+  ၄  ပင်လယ်ရဲတိုက်ဖြစ်တဲ့ ဆိုင်ဒုန်မြို့၊ မင်း အရှက်ကွဲရပြီ။ ပင်လယ်က “ငါသားဖွားဝေဒနာ မခံစားဖူးဘူး။ ကလေး မမွေးဖူးဘူး။ အပျိုလူပျိုတွေကို မပြုစု မပျိုးထောင်ဖူးဘူး” ဆိုပြီး ပြောခဲ့တယ်။+  ၅  လူတွေဟာ တိုင်ရာရဲ့သတင်းကို ကြားတဲ့အခါအီဂျစ်ရဲ့သတင်းကို ကြားတုန်းကလိုပဲ+ စိတ်သောက ရောက်လိမ့်မယ်။+  ၆  တာရှိပြည်ကို ကူးသွားကြ။ကမ်းရိုးတန်းမှာ နေထိုင်သူတို့၊ ငိုကြွေးမြည်တမ်းကြ။  ၇  ဟိုးအရင်ကတည်းက၊ ရှေးအချိန်ကတည်းက ရွှင်လန်းခဲ့တဲ့ မင်းတို့ရဲ့မြို့ဆိုတာ ဒီမြို့လား။ ဒီမြို့သားတွေက ရပ်ဝေးဒေသအထိ ခြေဆန့်ပြီး သွားရောက် နေထိုင်လေ့ရှိတယ်။  ၈  တိုင်ရာဟာ သရဖူတွေ ဆောင်းပေးတဲ့မြို့ပဲ။ သူ့ကုန်သည်တွေဟာ မင်းညီမင်းသားတွေပဲ။ သူ့အရောင်းအဝယ်သမားတွေဟာ မြေတစ်ပြင်လုံးမှာ ဂုဏ်အသရေရှိသူတွေပဲ။+ သူ့ကို ဒီလိုလုပ်ဖို့ ဘယ်သူဆုံးဖြတ်တာလဲ။  ၉  ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါကိုယ်တိုင် ဆုံးဖြတ်တာပဲ။ ဘုရားက သူ့ရဲ့အလှမာန်ကို ချိုးနှိမ်မယ်။ မြေတစ်ပြင်လုံးမှာ ဂုဏ်အသရေရှိတဲ့ သူ့လူတွေကို နှိမ့်ချမယ်။+ ၁၀  အို တာရှိသမီးပျို၊ မင်းရဲ့ပြည်ကို နိုင်းမြစ်လို အနှံ့အပြား လွှမ်းပစ်လိုက်ပါ။ သင်္ဘောကျင်းတွေ* လုံးဝမရှိတော့ဘူး။+ ၁၁  ဘုရားက ပင်လယ်ပေါ် လက်ဆန့်ထားတယ်။ တိုင်းနိုင်ငံတွေကို ကိုင်လှုပ်တယ်။ ယေဟောဝါက ဖိုနီးရှားရဲတိုက်တွေကို ချေမှုန်းဖို့ အမိန့်ပေးတယ်။+ ၁၂  “အို ဖိနှိပ်ခံရတဲ့ ဆိုင်ဒုန်သမီးပျို၊မင်းဟာ အားရ ရွှင်လန်းတော့မှာ မဟုတ်ဘူး။+ ထပါ။ ခိတိမ်ပြည်ကို ကူးသွားပါ။+ ဒါပေမဲ့ အဲဒီကို ရောက်ရင်လည်း အေးအေးဆေးဆေး နေရမှာမဟုတ်ဘူး” လို့ ဘုရားသခင်ပြောတယ်။ ၁၃  ကြည့်ပါ။ ခါလဒဲတို့ရဲ့ပြည်ပဲ။+ တိုင်ရာကို ကန္တာရ အမဲလိုက်သမားတွေရဲ့နေရာ ဖြစ်စေတာ အဆီးရီးယား+ မဟုတ်ဘူး။ ခါလဒဲလူတွေပဲ။ သူတို့က ခံတပ်ဖြိုမျှော်စင်တွေ တည်ဆောက်ပြီးခံတပ်မျှော်စင်တွေကို ဖြိုချလိမ့်မယ်။+ တိုင်ရာကို ပြိုလဲပျက်စီးသွားအောင် လုပ်လိမ့်မယ်။ ၁၄  တာရှိသင်္ဘောတို့၊ ငိုကြွေးမြည်တမ်းကြ။ မင်းတို့ရဲ့ရဲတိုက် ပျက်စီးသွားပြီ။+ ၁၅  အဲဒီအချိန်ရောက်ရင် တိုင်ရာကို ဘုရင်တစ်ပါးရဲ့ နန်းသက်အတိုင်း အနှစ် ၇၀ လုံးလုံး မေ့လျော့သွားမယ်။+ အနှစ် ၇၀ စေ့တဲ့အခါ တိုင်ရာဟာ ဒီသီချင်းထဲက ပြည့်တန်ဆာလို ဖြစ်လိမ့်မယ်– ၁၆  “အို လူတွေမေ့သွားတဲ့ ပြည့်တန်ဆာ၊စောင်းကိုကိုင်ပြီး မြို့ထဲမှာ လှည့်လည်သွားလာပါ။ စောင်းကို ကျွမ်းကျွမ်းကျင်ကျင် တီးပါ။ သီချင်းတွေ အများကြီး ဆိုပါ။ ဒါမှ မင်းကို လူတွေ အမှတ်ရကြလိမ့်မယ်။” ၁၇  အနှစ် ၇၀ စေ့တဲ့အခါ ယေဟောဝါက တိုင်ရာမြို့ကို ပြန်အာရုံစိုက်မယ်။ သူက အခရဖို့ အလုပ်ပြန်လုပ်မယ်။ ကမ္ဘာ့တိုင်းနိုင်ငံအားလုံးနဲ့ ပြည့်တန်ဆာလုပ်လိမ့်မယ်။ ၁၈  သူရတဲ့ အကျိုးအမြတ်နဲ့ အခကို ယေဟောဝါဆီ ဆက်ကပ်လိမ့်မယ်။ အဲဒါကို သိမ်းဆည်းမှာ မဟုတ်ဘူး။ စုဆောင်းမှာ မဟုတ်ဘူး။ သူရတဲ့အခက ယေဟောဝါရဲ့လူတွေ ဝဝလင်လင် စားရဖို့အတွက်၊ လှလှပပ ဝတ်ဆင်ရဖို့အတွက် ဖြစ်လာမယ်။+

အောက်ခြေမှတ်ချက်များ

နိုင်းမြစ်ရဲ့ မြစ်လက်တက်။
“ဆိပ်ကမ်းတွေ” လည်းဖြစ်နိုင်။