ဟေရှာယ ၂၄:၁-၂၃

  • ယေဟောဝါက ပြည်ကို ဟာလာဟင်းလင်းဖြစ်စေ (၁-၂၃)

    • ဇိအုန်မှာ ယေဟောဝါ ဘုရင်ဖြစ် (၂၃)

၂၄  ကြည့်ပါ။ ယေဟောဝါက ပြည်ကို* ဟာလာဟင်းလင်းဖြစ်အောင်၊ လူသူကင်းမဲ့အောင် လုပ်မယ်။+ ပြည်ကို မှောက်ချလိုက်ပြီး+ ပြည်သူပြည်သားတွေကို တကွဲတပြား ဖြစ်စေမယ်။+  ၂  လူတွေနဲ့ ပုရောဟိတ်၊ကျွန်နဲ့ သခင်၊ကျွန်မနဲ့ သခင်မ၊ရောင်းသူနဲ့ ဝယ်သူ၊ချေးငှားပေးသူနဲ့ ချေးငှားယူသူ၊ကြွေးရှင်နဲ့ ကြွေးယူသူ အားလုံး တန်းတူဖြစ်သွားမယ်။+  ၃  ပြည်ဟာ ဟာလာဟင်းလင်း ဖြစ်သွားမယ်။ ဘာမှမကျန်အောင် တိုက်ခိုက်လုယက်ခံရမယ်။+ ဒါဟာ ယေဟောဝါရဲ့ အမိန့်ပဲ။  ၄  ပြည်က ညည်းတွားငိုကြွေးနေတယ်၊*+ လုံးပါးပါးနေတယ်။ ဖြစ်ထွန်းတဲ့မြေက ခြောက်သွေ့ဆုတ်ယုတ်နေတယ်။ ပြည်ထဲက အထင်ကရလူတွေလည်း အားလျော့နေတယ်။  ၅  ပြည်သူပြည်သားတွေက ပညတ်တွေကို လျစ်လျူရှုတယ်။+ စည်းမျဉ်းကို ပြောင်းလဲကြတယ်။+ တည်မြဲတဲ့ပဋိညာဉ်ကိုလည်း ချိုးဖောက်ကြတယ်။+ ပြည်ဟာ ညစ်ညူးနေတယ်။+  ၆  ဒါကြောင့် ပြည်ဟာ ကျိန်စာသင့်နေပြီ။+ ပြည်သူပြည်သားတွေဟာ အပြစ်ရှိသူလို့ သတ်မှတ်ခံရပြီ။ ပြည်သူပြည်သားတွေ တဖြည်းဖြည်း လျော့နည်းလာပြီးယောက်ျားသားတွေ မဆိုစလောက်ပဲ ကျန်တော့တယ်။+  ၇  စပျစ်ဝိုင်သစ် ညည်းတွားငိုကြွေးနေတယ်။* စပျစ်ပင်လည်း ညှိုးနွမ်းနေတယ်။+ ပျော်မြူးသူတွေ သက်ပြင်းချနေတယ်။+  ၈  ချူတပ်ဗုံတွေရဲ့ သာယာတဲ့အသံ တိတ်ဆိတ်သွားပြီ။ သောက်စားမြူးထူးသူတွေရဲ့ အသံ ရပ်စဲသွားပြီ။ သာယာနာပျော်ဖွယ် စောင်းသံလည်း တိတ်ဆိတ်သွားပြီ။+  ၉  သီချင်းသံမပါဘဲ စပျစ်ဝိုင်ကို သောက်နေရတယ်။ အရက်သောက်တော့လည်း ခါးတူးနေတယ်။ ၁၀  စွန့်ပစ်ခံရတဲ့မြို့ဟာ ပြိုပျက်သွားပြီ။+ ဘယ်သူမှ မဝင်နိုင်အောင် အိမ်တိုင်း တံခါးပိတ်ထားကြပြီ။ ၁၁  စပျစ်ဝိုင်မရှိလို့ လူတွေ လမ်းပေါ် အော်ဟစ်နေတယ်။ ဝမ်းမြောက်မှုမှန်သမျှ ဆိတ်သုဉ်းသွားပြီ။ ပြည်ရဲ့ ရွှင်လန်းမှုလည်း ကွယ်ပျောက်သွားပြီ။+ ၁၂  မြို့ဟာ ပျက်စီးသွားပြီ။ မြို့တံခါးလည်း အုတ်ကျိုးပုံဖြစ်သွားတဲ့အထိ ဖြိုဖျက်ခံရပြီ။+ ၁၃  သံလွင်ပင်ကို ရိုက်ခြွေပြီးနောက်၊+စပျစ်သီးကို ဆွတ်ခူးပြီးနောက် အသီးတွေ ကျန်ကြွင်းတတ်သလို+ငါ့လူတွေလည်း ပြည်မှာ၊ လူမျိုးခြားတွေအလယ်မှာ ကျန်ကြွင်းနေမယ်။ ၁၄  သူတို့ ကြွေးကြော်ကြလိမ့်မယ်။ ရွှင်လန်းစွာ သီချင်းဆိုကြလိမ့်မယ်။ ယေဟောဝါရဲ့ ဘုန်းတန်ခိုးအကြောင်း ပင်လယ်ကနေ ကြွေးကြော်လိမ့်မယ်။+ ၁၅  ဒါကြောင့် အလင်းထွက်ပေါ်တဲ့အရပ်မှာ ယေဟောဝါကို သူတို့ ဂုဏ်တင်ချီးမွမ်းမယ်။+ ပင်လယ်ထဲက ကျွန်းတွေမှာ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါရဲ့ နာမည်ကို ဂုဏ်တင်ချီးမွမ်းမယ်။+ ၁၆  “ဖြောင့်မတ်တဲ့အရှင်ကို ဂုဏ်တင်ချီးမွမ်းကြပါ”+ ဆိုတဲ့သီချင်းသံတွေကိုကမ္ဘာမြေ အစွန်အဖျားကနေ ငါတို့ကြားရတယ်။ “ငါကတော့ ချုံးချုံးကျနေပြီ။ ချုံးချုံးကျနေပါပြီ။ ငါ့အဖြစ်ဆိုးလိုက်တာ။ သစ္စာဖောက်ဟာ သစ္စာမဲ့စွာပြုမူပြီ။ သစ္စာဖောက်က သစ္စာဖောက်ပြီး သစ္စာမဲ့စွာပြုမူပြီ”+ လို့ ငါပြောမယ်။ ၁၇  အို ပြည်သား၊ မင်းကို ကြောက်စရာတွေ၊ တွင်းတွေ၊ ထောင်ချောက်တွေ စောင့်နေတယ်။+ ၁၈  ကြောက်စရာကောင်းတဲ့ အသံကြောင့် ထွက်ပြေးသူတွေ တွင်းထဲကျမယ်။ တွင်းထဲက တက်လာရင်လည်း ထောင်ချောက်မိမယ်။+ ကောင်းကင် ရေတံခါးတွေ ပွင့်သွားမယ်။ ပြည်ရဲ့အုတ်မြစ်တွေ လှုပ်ခါလိမ့်မယ်။ ၁၉  ပြည်ဟာ ကွဲအက်သွားမယ်။ တုန်ခါသွားမယ်။ သွက်သွက်ခါသွားမယ်။+ ၂၀  အရက်မူးသမားလို ယိမ်းယိုင်နေမယ်။ လေတိုက်ရာ ယိမ်းထိုးတဲ့ တဲလို ဖြစ်မယ်။ ပြည်ဟာ အပြစ်ဝန်ထုပ်အောက် ပိနေမယ်။+ ပြန်မထနိုင်အောင် ပြိုလဲသွားမယ်။ ၂၁  အဲဒီအချိန်ကျရင် ယေဟောဝါက အထက်အရပ်မှာရှိတဲ့ ဗိုလ်ခြေကိုရော ကမ္ဘာမြေပေါ်က ဘုရင်တွေကိုပါ အရေးယူမယ်။ ၂၂  သူတို့ကို အကျဉ်းသားတွေလို တွင်းထဲမှာ စုပြီးထည့်ထားမယ်။ မြေအောက်အကျဉ်းတိုက်ထဲမှာ ပိတ်လှောင်ထားမယ်။ ရက်ပေါင်းများစွာ ကုန်လွန်ပြီးနောက်စစ်ကြောစီရင်မယ်။ ၂၃  ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဟာ ဇိအုန်တောင်နဲ့+ ဂျေရုဆလင်မြို့မှာ ဘုရင်ဖြစ်ပြီ။+ လူမျိုးတော်ရဲ့ အကြီးအကဲတွေရှေ့မှာ ဘုန်းထင်ရှားပြီ။+ ဒါကြောင့် လပြည့်ဝန်းဟာ ရှက်သွားမယ်။ ထွန်းတောက်တဲ့ နေမင်းလည်း ရှက်ကြောက်သွားမယ်။+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ကမ္ဘာမြေကို။”
“ခြောက်သွေ့နေတယ်” လည်းဖြစ်နိုင်။
“ခန်းခြောက်နေတယ်” လည်းဖြစ်နိုင်။