ဟေရှာယ ၂၇:၁-၁၃
၂၇ အဲဒီအချိန်ကျရင် ယေဟောဝါက လျှောခနဲပြေးတဲ့ မြွေကြီး လဝိသန်ကို၊*
ကွေ့ကောက်သွားတတ်တဲ့ မြွေကြီး လဝိသန်ကိုမာကျောထက်မြက်တဲ့ ဓားကြီးနဲ့+ ဒဏ်စီရင်မယ်။
ပင်လယ်သတ္တဝါကြီးကို သတ်ပစ်လိမ့်မယ်။
၂ အဲဒီအချိန်ကျရင် သူ့အတွက်* ဒီလိုသီချင်းဆိုပါ–
“အို အမြှုပ်ထနေတဲ့ စပျစ်ဝိုင်ထွက်ရာ စပျစ်ခြံ၊+
၃ ငါယေဟောဝါက သူ့ကို ကာကွယ်စောင့်ရှောက်တယ်။+
အမြဲတမ်း ရေလောင်းပေးတယ်။+
ဘယ်သူမှ အန္တရာယ်မပြုနိုင်အောင်နေ့ရောညပါ ကာကွယ်စောင့်ရှောက်တယ်။+
၄ ငါ့မှာ အမျက်ဒေါသ မရှိဘူး။+
ဆူးချုံတွေ၊ ပေါင်းပင်တွေနဲ့ပဲ ငါ့ကို ရင်ဆိုင်တိုက်ခိုက်ဝံ့သူ ရှိသလား။
အားလုံးကို ငါနင်းချေပြီး မီးရှို့ပစ်မယ်။
၅ ဒါကြောင့် ငါ့ကို ရင်ဆိုင်တိုက်ခိုက်မယ့်အစား ငါ့ရဲတိုက်ဆီပဲ လာလိုက်ပါတော့။
ငါနဲ့ သင့်မြတ်အောင် လုပ်ပါ။
ငါနဲ့ သင့်မြတ်အောင် လုပ်ပါ။”
၆ နောင်တစ်ချိန်မှာ ယာကုပ်ဟာ အမြစ်စွဲလိမ့်မယ်။
အစ္စရေးဟာ ဖူးပွင့်ပြီး အတက်ထွက်လာမယ်။+
ပြည်ကို အသီးအပွင့်တွေနဲ့ ပြည့်စေမယ်။+
၇ အစ္စရေးကို ဒီလောက်အထိ ပြင်းပြင်းထန်ထန် ဒဏ်ခတ်ဖို့ လိုအပ်သလား။
သူ့ကို ဒီလောက်အထိ ကွပ်မျက်ဖို့ လိုအပ်သလား။
၈ ကိုယ်တော်က သူ့ကို ခြောက်လှန့်အော်ဟစ်ပြီး မောင်းထုတ်မယ်။
အရှေ့လေ တိုက်ခတ်တဲ့နေ့မှာ လေပြင်းနဲ့ နှင်ထုတ်မယ်။+
၉ ဒီနည်းနဲ့ ယာကုပ်ရဲ့အပြစ် ပြေသွားမယ်။+
သူ့အပြစ်ကို ဖယ်ရှားတဲ့အခါ ရလာမယ့် အကျိုးကျေးဇူး ကတော့
ဘုရားသခင်က ယဇ်ပလ္လင်ရဲ့ ကျောက်တုံးတွေကိုညက်ညက်ကြေသွားတဲ့ ထုံးကျောက်လို လုပ်ပစ်လိမ့်မယ်။
ကိုးကွယ်ရာသစ်တိုင်တွေ၊* နံ့သာပေါင်းပလ္လင်တွေ တစ်ခုမှ မကျန်ရစ်တော့ဘူး။+
၁၀ ခံတပ်မြို့ဟာ လူသူကင်းမဲ့သွားမယ်။
စားကျက်တွေဟာ တောကန္တာရလို ဆိတ်ညံရာဖြစ်ပြီး စွန့်ပစ်ခံရမယ်။+
နွားသငယ်က အဲဒီမှာကျက်စားပြီး နားနေလိမ့်မယ်။
အဲဒီမြို့မှာရှိတဲ့ အကိုင်းအခက်တွေကို စားပစ်လိမ့်မယ်။+
၁၁ အဲဒီမြို့မှာရှိတဲ့ သစ်ကိုင်းတွေ ခြောက်သွေ့သွားတဲ့အခါမိန်းမတွေက လာချိုးယူပြီးထင်းဆိုက်ကြလိမ့်မယ်။
ဒီလူမျိုးဟာ သိနားလည်နိုင်စွမ်း မရှိကြဘူး။+
ဒါကြောင့် သူတို့ရဲ့ဖန်ဆင်းရှင်က ကရုဏာပြမှာ မဟုတ်ဘူး။
သူတို့ကို ပုံသွင်းတဲ့အရှင်က မျက်နှာသာပေးမှာ မဟုတ်ဘူး။+
၁၂ အစ္စရေးတို့၊ အသီးတွေကို ရိုက်ခြွေပြီးနောက် တစ်လုံးစီ ပြန်ကောက်သိမ်းတဲ့သူလို ယေဟောဝါက စီးဆင်းနေတဲ့ မြစ်ကြီး* ကနေ အီဂျစ်သဲချောင်းအထိ+ ကွဲလွင့်နေတဲ့ မင်းတို့ကို အဲဒီအချိန်ကျရင် ပြန်စုသိမ်းမယ်။+
၁၃ အဲဒီအချိန်ကျရင် တံပိုးကြီး မှုတ်လိမ့်မယ်။+ အဆီးရီးယားပြည်မှာ+ သေကျေပျက်စီးတော့မယ့်သူတွေ၊ အီဂျစ်ပြည်မှာ တကွဲတပြား ဖြစ်နေသူတွေက+ ဂျေရုဆလင်မြို့ရဲ့ သန့်ရှင်းတဲ့တောင်မှာရှိတဲ့ ယေဟောဝါဆီ လာပြီး ဦးညွှတ်ကြလိမ့်မယ်။+