ဟေရှာယ ၃:၁-၂၆
၃ ကြည့်ပါ။ စစ်မှန်တဲ့သခင်၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါကအစာရေစာ၊ ရိက္ခာအထောက်အပံ့ ရှိသမျှကိုဂျေရုဆလင်မြို့နဲ့ ယုဒပြည်ကနေ ဖယ်ရှားတယ်။+
၂ ခွန်အားကြီးသူ၊ စစ်သူရဲ၊တရားသူကြီး၊ ပရောဖက်၊+ နတ်ဆရာ၊ အကြီးအကဲ၊
၃ လူ ၅၀ ကို အုပ်ချုပ်ရသူ၊+ ရာထူးကြီးသူ၊ အကြံပေးသူ၊မှော်ဆရာနဲ့ မြွေအလမ္ပာယ်ဆရာတွေကိုလည်း ဖယ်ရှားနေတယ်။+
၄ ငါဟာ လူငယ်လေးတွေကို ခေါင်းဆောင်ဖြစ်စေမယ်။
စိတ်အပြောင်းအလဲမြန်သူက အုပ်ချုပ်လိမ့်မယ်။
၅ လူလူချင်း ဖိနှိပ်ကြမယ်။
အပေါင်းအဖော် အချင်းချင်း ဖိနှိပ်မယ်။+
လူငယ်လူရွယ်တွေက လူကြီးသူမတွေကို ကိုယ်ထိလက်ရောက် စော်ကားလိမ့်မယ်။
ယုတ်ညံ့သူက ဂုဏ်အသရေရှိသူကို အန်တုလိမ့်မယ်။+
၆ လူတွေက ဖခင်ရဲ့အိမ်မှာ ညီအစ်ကိုတစ်ယောက်ကို လှမ်းဆွဲပြီး“မင်းဆီမှာ ဝတ်လုံရှိတာပဲ။ ငါတို့ကို အုပ်ချုပ်ပါကွာ။
ဒီအပျက်အစီးပုံကြီးကိုလည်း မင်းပဲ တာဝန်ယူပေးပါ” လို့ပြောလိမ့်မယ်။
၇ ဒါပေမဲ့ အဲဒီနေ့မှာ သူက“ငါဟာ မင်းတို့ရဲ့အနာကို ဆေးထည့်ပေးမယ့်သူ မဟုတ်ဘူး။
ငါ့အိမ်မှာ စားစရာမရှိ၊ အဝတ်လည်း မရှိဘူး။
လူတွေကိုအုပ်ချုပ်ဖို့ ငါ့ကို မခန့်ကြပါနဲ့” ဆိုပြီး ငြင်းလိမ့်မယ်။
၈ ဂျေရုဆလင်မြို့ ပြိုလဲပြီ။ ယုဒပြည် ကျဆုံးပြီ။
သူတို့က အပြောနဲ့ရော အလုပ်နဲ့ပါယေဟောဝါကို ပုန်ကန်ကြတာကိုး။
ဘုန်းတန်ခိုးကြီးတဲ့အရှင်ရှေ့မှာ ကလန်ကဆန် လုပ်နေကြတာကိုး။+
၉ သူတို့ရဲ့ မျက်နှာအမူအရာက သူတို့မှာ အပြစ်ရှိမှန်း သက်သေခံနေတယ်။
သူတို့က သောဒုံမြို့သားတွေလို ကိုယ်လုပ်တဲ့ အပြစ်အကြောင်း ပေါ်ပေါ်ထင်ထင် ပြောနေကြတယ်။+
ဒုက္ခရောက်အောင် ကိုယ်တိုင်ဖန်တီးနေတဲ့အတွက်အဖြစ်ဆိုးကြုံရလိမ့်မယ်။
၁၀ ဖြောင့်မတ်သူတွေကိုတော့ မင်းတို့ကောင်းစားမယ်၊မင်းတို့ရဲ့ လုပ်ရပ်အတွက် ဆုချခံရမယ်ဆိုပြီး ပြောကြပါ။+
၁၁ ဆိုးညစ်သူတွေ အဖြစ်ဆိုးကြုံရလိမ့်မယ်။
ဒုက္ခရောက်လိမ့်မယ်။
သူတို့လုပ်ခဲ့တဲ့အတိုင်း ပြန်ခံရမယ်။
၁၂ ငါ့လူတွေကို အလုပ်တာဝန်ပေးသူတွေဟာ ရိုင်းစိုင်းတယ်။
မိန်းမတွေ အုပ်ချုပ်နေတယ်။
ငါ့လူတို့၊ ခေါင်းဆောင်တွေက မင်းတို့ ယောင်ချာချာဖြစ်အောင်၊လမ်းလွဲအောင် လုပ်နေတယ်။+
၁၃ ယေဟောဝါက စွဲချက်တင်ဖို့ အသင့်ဖြစ်နေတယ်။
လူတွေကို စီရင်ချက်ချဖို့ မတ်တတ်ရပ်နေတယ်။
၁၄ ယေဟောဝါက မိမိလူတွေရဲ့ အကြီးအကဲတွေ၊ ခေါင်းဆောင်တွေကို တရားစီရင်မယ်။
“မင်းတို့က စပျစ်ခြံတွေကို မီးရှို့တယ်။
မင်းတို့အိမ်ထဲမှာလည်း ဆင်းရဲသားတွေဆီကနေ ခိုးယူထား တာတွေ ရှိတယ်။+
၁၅ မင်းတို့ အတင့်ရဲလှချေလား။ ငါ့လူတွေကို နင်းခြေပြီး ဆင်းရဲသားတွေကို မတရားဖိနှိပ်နေကြပါလား”+ လို့
အချုပ်အခြာအာဏာပိုင်ရှင်၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။
၁၆ ယေဟောဝါပြောတာက–
“ဇိအုန်သမီးပျိုတွေဟာ စိတ်နေမြင့်တယ်။
ခေါင်းမော့ပြီး လမ်းလျှောက်တတ်တယ်။ မျက်လုံးနဲ့ ကြာပစ်တယ်။
လှုပ်လီလှုပ်လဲ့ လမ်းလျှောက်ပြီး ခြေချင်းသံ တချွင်ချွင်ပေးကြတယ်။
၁၇ ဒါကြောင့် ယေဟောဝါက ဇိအုန်သမီးပျိုတွေရဲ့ခေါင်းမှာ ဝဲပေါက်စေမယ်။
ယေဟောဝါက သူတို့ကို ခေါင်းတုံးဖြစ်စေမယ်။+
၁၈ အဲဒီနေ့မှာ ယေဟောဝါက လှပတဲ့ခြေချင်း၊ခေါင်းစည်းပဝါ၊ လခြမ်းပုံ အဆင်တန်ဆာတွေကို ဖယ်ရှားမယ်။+
၁၉ နားဆွဲ၊ လက်ကောက်၊ မျက်နှာဖုံးဇာပဝါ၊
၂၀ ခေါင်းပေါင်း၊ ခြေချင်း၊ ရင်စည်း၊ရေမွှေးဘူး၊ အဆောင်ပစ္စည်း၊
၂၁ လက်စွပ်၊ နှာခေါင်းကွင်း၊
၂၂ ပွဲတက်ဝတ်ရုံရှည်၊ အပေါ်ဝတ်ရုံ၊ခြုံထည်၊ လက်ကိုင်အိတ်၊
၂၃ လက်ကိုင်ပါတဲ့ ကြေးမုံ၊+ ချည်ထည်အင်္ကျီ၊ခေါင်းပေါင်း၊ မျက်နှာဖုံး ဇာပဝါတွေကိုလည်း ဖယ်ရှားမယ်။
၂၄ ဗာလစံဆီရနံ့အစား+ အပုပ်နံ့ပဲ ရလိမ့်မယ်။
ခါးစည်းအစား ကြိုးကြမ်းတွေနဲ့ စည်းရမယ်။
ကျော့နေတဲ့ ဆံပင်ပုံစံအစား ခေါင်းတုံးပြောင်ပဲ ထားရမယ်။+
တန်ဖိုးကြီးဝတ်ရုံအစား အထည်ကြမ်း* ဝတ်ရမယ်။+
အလှအပအစား သံပူခတ်တဲ့ ဒဏ်ရာပဲ ရှိလိမ့်မယ်။
၂၅ ဇိအုန်မြို့သူမြို့သားတွေဟာ ဓားဘေးနဲ့ ဆုံးပါးရမယ်။
ခွန်အားကြီးသူတွေလည်း စစ်ပွဲမှာ ကျဆုံးမယ်။+
၂၆ မြို့တံခါးတွေ ငိုကြွေးပြီး ပူဆွေးရလိမ့်မယ်။+
ဇိအုန်ဟာ လွင်တီးခေါင်မြေပေါ်မှာ ထိုင်နေတဲ့ မိန်းမနဲ့ တူလိမ့်မယ်။”+