ဟေရှာယ ၃၀:၁-၃၃
၃၀ ယေဟောဝါ ပြောတာက “ခေါင်းမာတဲ့သားတွေ အဖြစ်ဆိုးကြုံရလိမ့်မယ်။+
သူတို့ အစီအစဉ်တွေ ဆွဲကြတယ်။ ငါ့အစီအစဉ်တော့ မဟုတ်ဘူး။+
မဟာမိတ်ဖွဲ့ကြတယ်။ ငါ့ရဲ့စွမ်းအားတော် လမ်းညွှန်မှုအတိုင်းတော့ မဟုတ်ဘူး။
ဒီနည်းနဲ့ အပြစ်တစ်ခုပေါ်တစ်ခု ထပ်ဆင့်ကြတယ်။
၂ ဖာရောရဲ့ အကာအကွယ်အောက်မှာ နားခိုဖို့၊အီဂျစ်ရဲ့ အရိပ်အောက်မှာ ခိုလှုံဖို့
ငါနဲ့မတိုင်ပင်ဘဲ+ အီဂျစ်ကို ဆင်းသွားကြတယ်။+
၃ ဒါပေမဲ့ ဖာရောရဲ့ အကာအကွယ်ကြောင့် မင်းတို့ အရှက်ကွဲမယ်။
အီဂျစ်ရဲ့ အရိပ်အောက်မှာ ခိုလှုံတဲ့အတွက်ကြောင့် အရှက်ရလိမ့်မယ်။+
၄ ဇောနမြို့မှာ မင်းညီမင်းသားတွေ ရှိနေတယ်။+
ဟာနက်အရပ်အထိ သံတမန်တွေ ရောက်လာတယ်။
၅ သူတို့အားလုံးဟာ အကျိုးမပေးနိုင်တဲ့၊ဘာအကူအညီ၊ ဘာအကျိုးကျေးဇူးမှ မပေးနိုင်တဲ့ လူတွေကြောင့်
အရှက်တကွဲ ဖြစ်မယ်။
အရှက်ခွဲတာ၊ အသရေဖျက်တာ ခံရလိမ့်မယ်။”+
၆ တောင်အရပ်မှာရှိတဲ့ သားရဲတွေနဲ့ပတ်သက်တဲ့ တရားစီရင်ချက်–
အခက်အခဲတွေ၊ ဒုက္ခတွေ ပြည့်နှက်နေတဲ့ပြည်၊ဟိန်းဟောက်တဲ့ ခြင်္သေ့တွေ ကျက်စားတဲ့ပြည်၊မြွေပွေးတွေ၊ ပျံတတ်တဲ့ မီးမြွေတွေရှိတဲ့ ပြည်ကို သူတို့ ဖြတ်သန်းသွားကြတယ်။
မြည်းတွေပေါ် ပစ္စည်းဥစ္စာတွေတင်ပြီး၊ကုလားအုတ်တွေပေါ် လက်ဆောင်ပဏ္ဏာတင်ပြီး သယ်သွားကြတယ်။
ဒါပေမဲ့ ဒါတွေဟာ ဘာမှအကျိုးမရှိဘူး။
၇ အီဂျစ်ရဲ့ အကူအညီဟာ ဘာမှအသုံးမဝင်ဘူး။+
ဒါကြောင့် သူ့ကို “တုတ်တုတ်မလှုပ်တဲ့ ရာခပ်”*+ လို့ ငါခေါ်တာ။
၈ “အခု သွားပါ။
ဒါတွေကို သူတို့ရှေ့မှာ သင်ပုန်းပေါ် ရေးထားပါ။+
အနာဂတ်မှာ ထာဝရသက်သေ ဖြစ်စေဖို့
စာစောင်ထဲမှာ ရေးမှတ်ပါ။+
၉ ဒီလူတွေဟာ ပုန်ကန်တတ်တဲ့သူတွေ၊+ လှည့်စားတတ်တဲ့သားတွေ၊+ယေဟောဝါရဲ့ပညတ်ကို နာယူချင်စိတ်မရှိတဲ့ သားတွေပဲ။+
၁၀ သူတို့က အကြားအမြင်ရသူတွေကို ‘စိတ်အာရုံတွေ မြင်မနေနဲ့တော့’ လို့ပြောတယ်။
စိတ်အာရုံမြင်သူတွေကိုလည်း ‘စိတ်အာရုံတွေအကြောင်း အမှန်အတိုင်း မပြောပါနဲ့။+
မြှောက်ပင့်တဲ့ စကားတွေပဲ ပြောကြပါ။ လှည့်စားတဲ့ စိတ်အာရုံတွေကိုပဲ မြင်ကြပါ။+
၁၁ လမ်းလွဲသွားကြပါ။ လမ်းမှန်ပေါ်ကနေ သွေဖည်သွားကြပါ။
အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင်အကြောင်း ထပ်မပြောပါနဲ့တော့’+ လို့ပြောနေကြတယ်။”
၁၂ ဒါကြောင့် အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင်က“ဒီစကားကို မင်းတို့ငြင်းပယ်တဲ့အတွက်၊+လိမ်လည်လှည့်စားမှုကို ယုံကြည်ပြီးအားကိုးနေတဲ့အတွက်၊+
၁၃ မင်းတို့ရဲ့ အမှားဟာ မြို့ရိုးပေါ်က အက်ကွဲရာလို၊ပြိုလဲတော့မယ့် မြို့ရိုးအမြင့်ကြီးပေါ်က ကြွတက်လာတဲ့ အက်ကွဲရာတွေလို ဖြစ်လိမ့်မယ်။
တစ်ခဏချင်းမှာ ရုတ်တရက် ပြိုကျသွားမယ်။
၁၄ အိုးထိန်းသမားရဲ့ ရေတကောင်းကြီးလို ကွဲကြေသွားမယ်။
မီးဖိုထဲကမီးကို ကော်ယူဖို့၊အိုင်ထဲက* ရေကို ခပ်ယူဖို့
အိုးခြမ်းပဲ့တစ်စတောင် မကျန်တော့တဲ့အထိ ကြေမွသွားမယ်” လို့ပြောတယ်။
၁၅ အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင်၊ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက“မင်းတို့သာ ငါ့ဆီ ပြန်လှည့်လာပြီး အေးအေးဆေးဆေးနေရင် ကယ်တင်ခံရမယ်။
တည်ငြိမ်စွာ ယုံကြည်ကိုးစားမယ်ဆိုရင် ခွန်အားကြီးလိမ့်မယ်”+ လို့ပြောတယ်။
ဒါပေမဲ့ မင်းတို့ အဲဒီလိုလုပ်ချင်စိတ် မရှိကြဘူး။+
၁၆ အဲဒီအစား “မြင်းစီးပြီး ထွက်ပြေးကြမယ်” လို့ပြောတဲ့အတွက်မင်းတို့ ထွက်ပြေးရမှာပါ။
“အပြေးမြန်တဲ့ မြင်းတွေကို စီးသွားမယ်”+ လို့ ပြောတဲ့အတွက်အပြေးမြန်တဲ့သူတွေ လိုက်လာမှာပါ။+
၁၇ လူတစ်ယောက် ခြိမ်းခြောက်ရုံနဲ့ လူတစ်ထောင် တုန်လှုပ် ရလိမ့်မယ်။+
လူငါးယောက် ခြိမ်းခြောက်ရုံနဲ့ မင်းတို့ ထွက်ပြေးရလိမ့်မယ်။
ကျန်ရစ်ခဲ့သူတွေဟာ တောင်ထိပ်ပေါ်က အလံတိုင်လို၊ တောင်ကုန်းပေါ် လွင့်နေတဲ့ အလံလိုထီးတည်းဖြစ် ကျန်ခဲ့မယ်။+
၁၈ ဒါပေမဲ့ ယေဟောဝါက မင်းတို့ကို မျက်နှာသာပေးဖို့ စိတ်ရှည်ရှည် စောင့်နေတယ်။+
မင်းတို့ကို ကရုဏာပြဖို့ ကြွလာမယ်။+
ယေဟောဝါဟာ တရားမျှတတဲ့ ဘုရားသခင်ပဲ။+
ဘုရားကို မျှော်လင့်စောင့်စားနေသူတွေ ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်။+
၁၉ ဇိအုန်မှာ၊ ဂျေရုဆလင်မှာ လူတွေနေထိုင်တဲ့အခါ+ မင်း မငိုကြွေးရတော့ဘူး။+ ဘုရားက မင်း အော်ဟစ်အကူအညီတောင်းတဲ့အခါ ကျိန်းသေ မျက်နှာသာပေးမယ်။ မင်းရဲ့အသံကိုကြားတာနဲ့ ပြန်ဖြေမယ်။+
၂၀ ယေဟောဝါက ဒုက္ခမုန့်ကို ကျွေးပြီး ဖိနှိပ်ခြင်းရေကို တိုက်လိမ့်မယ်။+ ဒါပေမဲ့ မဟာသွန်သင်ရှင်က ပုန်းရှောင်မနေတော့ဘူး။ မဟာသွန်သင်ရှင်ကို မင်းမျက်စိနဲ့ တပ်အပ်မြင်ရလိမ့်မယ်။+
၂၁ လက်ယာဘက်၊ လက်ဝဲဘက်ကို မင်း လမ်းလွဲသွားတဲ့အခါ+ “လမ်းမှန်က ဒီမှာ။+ ဒီလမ်းအတိုင်း လျှောက်ပါ” လို့ နောက်ကနေပြောတဲ့အသံကို နားနဲ့ ဆတ်ဆတ်ကြားရလိမ့်မယ်။
၂၂ အဲဒီအခါ မင်းက ငွေနဲ့မွမ်းမံထားတဲ့ ရုပ်တုတွေ၊ ရွှေပြားကပ်ထားတဲ့ ဆင်းတုတွေကို ညစ်ညူးစေလိမ့်မယ်။+ အဲဒါတွေကို ရာသီသွေးပေတဲ့ အဝတ်စလို “သွားပေတော့”* ဆိုပြီး လွှင့်ပစ်လိမ့်မယ်။+
၂၃ မြေမှာမျိုးစေ့ကြဲတဲ့အခါ ဘုရားက မိုးရွာစေမယ်။+ မြေထွက်သီးနှံကနေရတဲ့ မုန့်တွေ ပေါများပြီး အဆီအနှစ် ပြည့်နေမယ်။+ အဲဒီအချိန်ရောက်ရင် မင်းရဲ့ ခြံမွေးတိရစ္ဆာန်တွေက ကျယ်ပြောတဲ့စားကျက်မှာ ကျက်စားရလိမ့်မယ်။+
၂၄ မြေကိုထွန်ယက်တဲ့ နွားမြည်းတွေကလည်း ဂေါ်ပြားတွေ၊ ကောက်ဆွတွေနဲ့ လှေ့ထားပြီး မှော်ချဉ်ပင်နဲ့ ရောစပ်ထားတဲ့အစာကို စားရလိမ့်မယ်။
၂၅ လူတွေ အတုံးအရုံးသေပြီး မျှော်စင်တွေ ပြိုကျတဲ့အချိန်ရောက်ရင် မြင့်မားတဲ့ တောင်တန်းတောင်ကုန်းတွေပေါ်မှာ စမ်းချောင်းတွေ၊ စမ်းရေတွေ စီးဆင်းမယ်။+
၂၆ ယေဟောဝါက လူမျိုးတော်ရဲ့ ဒဏ်ရာကို ပတ်စည်းပေးချိန်၊+ ရိုက်ထားတဲ့ ဒဏ်ရာကြီးကို ပြန်ကုသပေးချိန်ရောက်ရင်+ လပြည့်ဝန်းရဲ့ အရောင်ဟာ နေမင်း အလင်းရောင်လို ဖြစ်မယ်။ နေမင်းရဲ့ အလင်းရောင်ဟာ ခုနစ်ရက်စာ အလင်းရောင်လို ခုနစ်ဆတိုးပြီး လင်းထိန်နေလိမ့်မယ်။+
၂၇ ယေဟောဝါရဲ့ နာမည်ဟာဒေါသမီးနဲ့အတူ၊ တိမ်ထုကြီးနဲ့အတူ အဝေးကနေ လာနေတယ်။
နှုတ်တော်ဟာ ဒေါသနဲ့ပြည့်နေတယ်။
လျှာကလည်း ဝါးမျိုတဲ့မီးလို ဖြစ်နေတယ်။+
၂၈ စွမ်းအားတော်ဟာ လည်ပင်းအထိတက်လာတဲ့ တောင်ကျချောင်းရေလို ဖြစ်နေတယ်။
လူမျိုးတွေကို ဖျက်ဆီးခြင်းဆန်ခါနဲ့ ခါချမယ်။
လူတွေကို လမ်းလွဲသွားအောင် မေးရိုးမှာ ဇက်ကြိုးတပ်ပြီး ထိန်းချုပ်မယ်။+
၂၉ မင်းတို့ရဲ့သီချင်းသံကတော့
ပွဲတော်အတွက် အသင့်ပြင်တဲ့ညမှာ သီဆိုတဲ့သီချင်းလို ဖြစ်မယ်။+
ယေဟောဝါရဲ့ တောင်ပေါ်ကို၊ အစ္စရေးတို့ရဲ့ ကျောက်ဆောင် ဆီကို+ပလွေမှုတ်ပြီး လျှောက်လာတဲ့သူလို ဝမ်းမြောက်လိမ့်မယ်။
၃၀ ယေဟောဝါက မိမိရဲ့ အားမာန်ပါတဲ့အသံကို ကြားစေမယ်။+
ပြင်းထန်တဲ့ဒေါသ၊+ ဝါးမျိုတဲ့မီးလျှံ၊+ထစ်ချုန်းမိုး၊+ မိုးကြိုးမုန်တိုင်း၊မိုးသီးတွေနဲ့အတူ+ ကျရောက်လာတဲ့ လက်ရုံးတော်ကို တွေ့မြင်စေမယ်။+
၃၁ ယေဟောဝါရဲ့ အသံကြောင့် အဆီးရီးယား ထိတ်လန့်သွားမယ်။+
ဘုရားက သူ့ကို တုတ်နဲ့ရိုက်မယ်။+
၃၂ ယေဟောဝါက အဆီးရီးယားကိုရိုက်ဖို့ ပြစ်ဒဏ်ကြိမ်လုံးကို မြှောက်လိုက်တိုင်း ချူတပ်ဗုံသံ စောင်းသံတွေ ညံနေလိမ့်မယ်။+
လက်ရုံးတော် ဆန့်တန်းပြီး သူတို့ကို တိုက်ခိုက်မယ်။+
၃၃ အဆီးရီးယားအတွက် တောဖက်အရပ်ကို*+ ပြင်ဆင်ထားပြီးပြီ။
သူ့ဘုရင်အတွက်လည်း ပြင်ဆင်ထားပြီးပြီ။+
ဘုရားက ချောက်နက်ထဲမှာ ထင်းတွေ အများကြီးပုံပြီး မီးဟုန်းဟုန်းတောက်အောင် လုပ်ထားလိုက်ပြီ။
ယေဟောဝါရဲ့ ထွက်သက်ဝင်သက်ဟာ ကန့်ပုံကြီးလို တောဖက်အရပ်ကို လောင်ကျွမ်းစေမယ်။