ဟေရှာယ ၃၅:၁-၁၀
၃၅ တောကန္တာရနဲ့ ပူပြင်းခြောက်သွေ့တဲ့ မြေဟာ ပျော်မြူးလိမ့်မယ်။+
ကန္တာရလွင်ပြင်လည်း ရွှင်လန်းပြီး ကုံကုမံပန်းတွေလို ဝေဆာလိမ့်မယ်။+
၂ တိုင်းပြည်ဟာ ဖူးပွင့်ဝေဆာမယ်။+
ဝမ်းမြောက်ပြီး ရွှင်လန်းစွာ ကြွေးကြော်မယ်။
လက်ဘနွန်ရဲ့ ဂုဏ်ကျက်သရေမျိုး၊+ကရမေလတောင်နဲ့+ ရှာရုန်လွင်ပြင်ရဲ့+ ခမ်းနားမှုမျိုးကို ပိုင်ဆိုင်လိမ့်မယ်။
ယေဟောဝါရဲ့ ဘုန်းတန်ခိုး၊ ငါတို့ဘုရားသခင်ရဲ့ မြင့်မြတ်မှုကို လူတွေ မြင်ရလိမ့်မယ်။
၃ အားလျော့နေတဲ့ လက်တွေကို အားဖြည့်ပေးကြပါ။
တုန်ယင်နေတဲ့ ဒူးတွေကို ခိုင်ခံ့အောင်လုပ်ကြပါ။+
၄ စိတ်ပူပန်နေသူတွေကို “အားမာန်တင်းကြပါ။ မကြောက်ပါနဲ့။
မင်းရဲ့ဘုရားသခင်က ရန်သူတွေကို လက်စားချေဖို့ လာတော့မယ်။
ပြစ်ဒဏ်ပေးဖို့ လာတော့မယ်။+
ကိုယ်တိုင်ရောက်လာပြီး ကယ်တင်တော့မယ်”+ လို့အားပေးကြပါ။
၅ အဲဒီအချိန်ကျရင် မျက်မမြင်တွေ မျက်စိမြင်လာမယ်။+
နားမကြားသူတွေ နားကြားလာမယ်။+
၆ အဲဒီအချိန်ကျရင် ခြေဆွံ့သူဟာ သမင်လို ခုန်ပေါက်လိမ့်မယ်။+
ဆွံ့အသူက ရွှင်လန်းစွာ ကြွေးကြော်လိမ့်မယ်။+
တောကန္တာရမှာ ရေတွေ ပန်းထွက်လိမ့်မယ်။
ကန္တာရလွင်ပြင်မှာလည်း စမ်းချောင်းတွေ စီးဆင်းလိမ့်မယ်။
၇ ပူပြင်းခြောက်သွေ့တဲ့ မြေဟာ ကျူပင်ပေါတဲ့ရေအိုင် ဖြစ်လာမယ်။
ခြောက်သွေ့တဲ့မြေဟာ စမ်းချောင်းတွေစီးတဲ့မြေ ဖြစ်လာမယ်။+
ခွေးအတွေ ကျက်စားခဲ့တဲ့နေရာမှာ+
မြက်စိမ်း၊ ကျူပင်၊ ပပိုင်းရပ်ကျူပင်တွေ ပေါက်လာမယ်။
၈ အဲဒီမှာ လမ်းမကြီးတစ်ခု ရှိမယ်။+
သန့်ရှင်းတဲ့လမ်းလို့ ခေါ်တယ်။
အဲဒီလမ်းပေါ် မသန့်ရှင်းတဲ့သူ သွားလာမှာ မဟုတ်ဘူး။+
အဲဒီလမ်းကို လျှောက်လှမ်းမယ့်သူတွေအတွက်ပဲ သီးသန့်ဖယ်ထားတယ်။
လူမိုက်တစ်ယောက်မှ မျက်စိလည်ပြီး အဲဒီလမ်းပေါ် ရောက်လာမှာ မဟုတ်ဘူး။
၉ အဲဒီလမ်းမှာ ခြင်္သေ့တစ်ကောင်မှ မရှိဘူး။
ရက်စက်တဲ့ သားရဲတစ်ကောင်မှ လမ်းပေါ် တက်မလာတော့ဘူး။
သူတို့ကို လမ်းပေါ်မှာ တွေ့ရမှာ မဟုတ်ဘူး။+
ပြန်ဝယ်ယူခံရသူတွေပဲ အဲဒီမှာ သွားလာမယ်။+
၁၀ ယေဟောဝါ ရွေးယူတဲ့သူတွေ ပြန်လာမယ်။+ ရွှင်လန်းစွာကြွေးကြော်ရင်း ဇိအုန်ကို ပြန်လာကြမယ်။+
အဆုံးမဲ့ ပျော်ရွှင်ခြင်းကို သရဖူဆောင်းရမယ်။+
ရွှင်လန်းခြင်းနဲ့ ဝမ်းမြောက်ခြင်းကို ပိုင်ဆိုင်ရလိမ့်မယ်။
ဝမ်းနည်းပူဆွေးခြင်းနဲ့ သက်ပြင်းချခြင်းတွေ ပျောက်ကွယ်သွားမယ်။+