ဟေရှာယ ၃၉:၁-၈
-
ဗာဗုလုန်မှ တမန်များ (၁-၈)
၃၉ ဟေဇကိမင်း နာမကျန်းဖြစ်ပြီးနောက် ပြန်သက်သာလာပြီဆိုတဲ့ သတင်းကို ကြားတဲ့အခါ+ ဗာလဒန်မင်းရဲ့သား၊ ဗာဗုလုန်ဘုရင် မေရောဒဗာလဒန်က သဝဏ်လွှာတွေ၊ လက်ဆောင်တွေ ပါးလိုက်တယ်။+
၂ ဟေဇကိက တမန်တွေကို ဝမ်းသာအားရ ကြိုဆိုပြီး ရွှေငွေ၊ ဗာလစံဆီမွှေး၊ အဖိုးတန်ဆီ၊ လက်နက်တိုက်နဲ့ ဘဏ္ဍာတိုက်တွေထဲမှာ ရှိသမျှကို လိုက်ပြတယ်။+ နန်းတော်နဲ့ နိုင်ငံတစ်ဝန်းလုံးမှာ ရှိတာတွေကို တစ်ခုမကျန် လိုက်ပြတယ်။
၃ အဲဒီနောက် ပရောဖက်ဟေရှာယ ရောက်လာပြီး “ဒီလူတွေ ဘယ်ကလာတာလဲ။ ဘာပြောသွားလဲ” လို့မေးတော့ ဟေဇကိမင်းက “ဝေးလံတဲ့ ဗာဗုလုန်ပြည်ကနေ လာကြတာ” လို့ဖြေတယ်။+
၄ “နန်းတော်ထဲက ဘာတွေကိုတွေ့သွားလဲ” လို့ဆက်မေးတဲ့အခါ ဟေဇကိမင်းက “နန်းတော်မှာ ရှိသမျှကိုတွေ့သွားတယ်။ စည်းစိမ်ဘဏ္ဍာတွေကို တစ်ခုမကျန်ပြလိုက်တယ်” လို့ဖြေတယ်။
၅ ဒါနဲ့ ဟေရှာယက “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတာကို နားထောင်ပါ။
၆ ယေဟောဝါဘုရား ပြောတာက+ ‘မင်းရဲ့နန်းတော်မှာရှိသမျှ၊ ဒီနေ့အထိ ဘိုးဘေးတွေ စုဆောင်းခဲ့သမျှကို ဗာဗုလုန်ဆီ သိမ်းယူသွားမယ့်နေ့ ရောက်လာမယ်။ ဘာတစ်ခုမှ ကျန်မှာမဟုတ်ဘူး။+
၇ မင်းကနေ ဆင်းသက်လာမယ့် သားမြေးတွေကို ဖမ်းသွားမယ်။ သူတို့ဟာ ဗာဗုလုန်ဘုရင်ရဲ့ နန်းတော်မှာ နန်းတွင်းအရာရှိတွေ ဖြစ်လာမယ်’”+ လို့ပြောတယ်။
၈ အဲဒီအခါ ဟေဇကိမင်းက “ယေဟောဝါဘုရား ပြောခိုင်းလိုက်တဲ့ စကားတွေ သင့်လျော်ပါတယ်။ ကျုပ်ရဲ့လက်ထက်မှာ တိုင်းပြည် ငြိမ်းချမ်းပြီး တည်ငြိမ်နေရင် ပြီးတာပဲ” လို့ ဟေရှာယကို ပြောတယ်။+