ဟေရှာယ ၄:၁-၆
၄ အဲဒီနေ့မှာ မိန်းမခုနစ်ယောက်က ယောက်ျားတစ်ယောက်ကို လှမ်းဆွဲပြီး+“စားဝတ်နေရေးအတွက် ကိုယ့်ဘာသာကိုယ် တာဝန်ယူပါ့မယ်။
တစ်ခုပဲ တောင်းဆိုပါရစေ။
ကျွန်မတို့ အရှက်မရစေဖို့*ရှင့်နာမည်နဲ့ မှည့်ခေါ်ခွင့်လေးပဲ ပေးပါ”+ လို့ပြောလိမ့်မယ်။
၂ အဲဒီနေ့မှာ ယေဟောဝါပေါက်စေတဲ့ အညွန့်ဟာ လှပတင့်တယ်ပြီး ဂုဏ်ကျက်သရေရှိလိမ့်မယ်။ ပြည်ရဲ့ အသီးအပွင့်တွေဟာ အသက်ရှင်ကျန်ရစ်တဲ့ အစ္စရေးတွေအတွက် ဂုဏ်ယူစရာ၊ လှပတဲ့အရာ ဖြစ်မယ်။+
၃ ဇိအုန်မှာ ကျန်ရစ်သူတွေ၊ ဂျေရုဆလင်မြို့မှာ ကျန်ကြွင်းသူတွေ၊ ဂျေရုဆလင်မှာ အသက်ရှင်နေထိုင်ဖို့ ရေးမှတ်ခံရသူတွေကို သန့်ရှင်းသူတွေလို့ ခေါ်ကြလိမ့်မယ်။+
၄ ယေဟောဝါက ဂျေရုဆလင်ကို အမျက်ထွက်ပြီး တရားစီရင်မယ်။+ ဒီနည်းနဲ့ ဇိအုန်သမီးပျိုတွေရဲ့ အညစ်အကြေး၊ ဂျေရုဆလင်ရဲ့ သွေးစွန်းမှုကို ဆေးကြောမယ်။+
၅ အဲဒီအပြင် ယေဟောဝါက ဇိအုန်တောင်တစ်ပြင်လုံးနဲ့ စည်းဝေးတဲ့နေရာပေါ်မှာ နေ့အချိန်အတွက် မိုးတိမ်နဲ့မီးခိုး၊ ညအချိန်အတွက် တောက်ပတဲ့ မီးလျှံကို ဖန်ဆင်းပေးမယ်။+ ဂုဏ်ကျက်သရေရှိတဲ့ အဲဒီနေရာတစ်ခုလုံးကို လွှမ်းခြုံပြီး ကာကွယ်ပေးမယ်။
၆ နေ့အချိန်မှာ ချစ်ချစ်တောက်ပူတဲ့ နေရှိန်ကနေ လွတ်ဖို့၊+ မိုးသက်မုန်တိုင်းဒဏ်ကနေ အကာအကွယ်ရဖို့ ခိုနားစရာ တဲတစ်လုံး ရှိနေမယ်။+
အောက်ခြေမှတ်ချက်များ
^ အိမ်ထောင်မရှိ၊ သားသမီးမရှိလို့ အရှက်ရတာကို ဆိုလို။