ဟေရှာယ ၄၂:၁-၂၅

  • ဘုရားသခင့်ကျွန်၊ ရရှိတဲ့တာဝန် (၁-၉)

    • ‘ယေဟောဝါဟာ ငါ့နာမည်ပဲ’ ()

  • ယေဟောဝါကို ချီးမွမ်းတဲ့ သီချင်းသစ် (၁၀-၁၇)

  • အစ္စရေးတွေ မျက်စိကန်း၊ နားပင်း (၁၈-၂၅)

၄၂  ငါ့ကျွန်၊+ ငါထောက်မပေးတဲ့သူ၊ငါရွေးချယ်တဲ့သူ၊+ ငါမြတ်နိုးတဲ့သူကို ကြည့်ပါ။+ သူ့အပေါ် ငါ့ရဲ့စွမ်းအားတော် သက်ရောက်စေမယ်။+ လူမျိုးတွေကို တရားမျှတခြင်းအကြောင်း သူကြားသိစေမယ်။+  ၂  သူ အော်ဟစ်မှာ၊ ကြွေးကြော်မှာ မဟုတ်ဘူး။ လမ်းမှာ သူ့အသံကို လူတွေကြားအောင်လုပ်မှာ မဟုတ်ဘူး။+  ၃  နင်းခြေခံရတဲ့ ကျူပင်ကိုချိုးမှာ မဟုတ်ဘူး။ ငြိမ်းခါနီး မီးစာကိုလည်း ငြိမ်းသတ်မှာ မဟုတ်ဘူး။+ လူတွေကို တရားမျှတခြင်းအကြောင်း သစ္စာရှိရှိ ကြားပြောလိမ့်မယ်။+  ၄  သူဟာ မှေးမှိန်သွားမှာ၊ နင်းခြေခံရမှာ မဟုတ်ဘူး။ ကမ္ဘာပေါ်မှာ တရားမျှတမှုကို တည်တံ့စေမယ်။+ ကျွန်းတွေက သူ့တရားကို စောင့်မျှော်နေတယ်။  ၅  မိုးကောင်းကင်ကို ဖန်ဆင်းတဲ့အရှင်၊ မိုးကောင်းကင်ကို ဖြန့်မိုးတဲ့အရှင်၊+ကမ္ဘာနဲ့ ကမ္ဘာပေါ်ရှိသမျှကို ဖြန့်ခင်းတဲ့အရှင်၊+ကမ္ဘာသူကမ္ဘာသားတွေကို ထွက်သက်ဝင်သက် ပေးတဲ့အရှင်၊+ကမ္ဘာမြေပေါ် သွားလာတဲ့သူတွေကို အသက်စွမ်းအား ပေးတဲ့အရှင်၊+စစ်မှန်တဲ့ဘုရား ယေဟောဝါပြောတာက–  ၆  “ဖြောင့်မတ်ခြင်းနဲ့အညီ လုပ်ဆောင်တဲ့ ငါယေဟောဝါက မင်းကိုခေါ်တယ်။ မင်းရဲ့လက်ကို ဆွဲပြီး ကာကွယ်စောင့်ရှောက်ပေးမယ်။ မင်းကိုသုံးပြီး လူတွေနဲ့ ပဋိညာဉ်ဖွဲ့မယ်။+ မင်းကို လူမျိုးတွေအတွက် အလင်းဖြစ်စေမယ်။+  ၇  ဒါကြောင့် မင်းက ကန်းနေတဲ့ မျက်စိတွေကို ဖွင့်ပေးမယ်။+ အကျဉ်းသားတွေကို မြေအောက်အကျဉ်းတိုက်ထဲကနေ ခေါ်ထုတ်မယ်။ မှောင်မိုက်မှာနေထိုင်သူတွေကို အကျဉ်းထောင်ထဲကနေ ခေါ်ထုတ်မယ်။+  ၈  ငါဟာ ယေဟောဝါပဲ။ ဒါဟာ ငါ့နာမည်ပဲ။ ငါ့ရဲ့ဘုန်းအသရေကို ဘယ်သူ့ကိုမှ မပေးဘူး။ ငါရထိုက်တဲ့ ချီးမွမ်းခြင်းကိုလည်း ရုပ်တုတွေကို မပေးဘူး။+  ၉  ကြည့်ပါ။ အရင်က ငါဟောခဲ့တာတွေ ဖြစ်လာပြီ။ အခု အသစ်သောအရာတွေအကြောင်း ငါကြေညာနေတယ်။ အဲဒါတွေ မဖြစ်လာခင်ကတည်းက အခု ငါပြောပြနေတယ်။”+ ၁၀  ပင်လယ်နဲ့ ပင်လယ်သတ္တဝါတွေအလယ်မှာ သွားလာသူတို့၊ကျွန်းတွေနဲ့ ကျွန်းသူကျွန်းသားတို့၊+ယေဟောဝါကို ချီးမွမ်းတဲ့ သီချင်းအသစ်ကို သီဆိုကြ။+ ကမ္ဘာမြေအစွန်အဖျားကနေ ချီးမွမ်းကြပါ။+ ၁၁  တောကန္တာရနဲ့ တောကန္တာရမှာရှိတဲ့မြို့တွေ၊+ကေဒါလူတွေနေထိုင်တဲ့+ ယာယီတပ်စခန်းတွေ ကြွေးကြော်ကြပါစေ။ ကျောက်ဆောင်မှာ နေထိုင်သူတွေလည်း ရွှင်လန်းစွာ ကြွေးကြော်ကြပါစေ။ တောင်ထိပ်တွေပေါ်ကနေ အော်ဟစ်ကြပါစေ။ ၁၂  ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းကြ။ ကျွန်းတွေမှာလည်း ဘုရားကို ချီးမွမ်းကြ။+ ၁၃  ယေဟောဝါဟာ ခွန်အားကြီးသူလို ထွက်လာမယ်။+ စစ်သူရဲလို မိမိရဲ့ စိတ်ထက်သန်မှုကို နှိုးဆော်မယ်။+ ဟစ်အော်ပြီး စစ်ငြာသံပေးမယ်။ ရန်သူတွေထက် ခွန်အားကြီးကြောင်း ပြမယ်။+ ၁၄  “ငါ အတော်ကြာကြာ နှုတ်ဆိတ်နေခဲ့တယ်။ ဆက်ပြီး နှုတ်ဆိတ်နေခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းခဲ့တယ်။ သားဖွားလိုက်တဲ့ မိန်းမလို ရုတ်တရက် ပင့်သက်ရှိုက်ပြီး၊ မောဟိုက်ပြီး အော်ဟစ်မယ်။ ၁၅  တောင်တန်းတောင်ကုန်းတွေကို ငါဖျက်ဆီးမယ်။ အပင်တွေကို ခြောက်သွေ့စေမယ်။ မြစ်တွေကို ကုန်းမြေ* ဖြစ်စေမယ်။ ကျူပင်ပေါတဲ့ ရေအိုင်တွေကို ခန်းခြောက်စေမယ်။+ ၁၆  မျက်မမြင်တွေကို သူတို့ မသိတဲ့လမ်းပေါ်မှာ ငါဦးဆောင်ခေါ်သွားမယ်။+ သူတို့ အကျွမ်းတဝင်မရှိတဲ့ လမ်းတွေပေါ် လျှောက်စေမယ်။+ သူတို့ရှေ့မှာ အမှောင်ကို အလင်းဖြစ်စေမယ်။+ မညီညာတဲ့မြေကို ညီညာပြန့်ပြူးစေမယ်။+ သူတို့အတွက် အဲဒီလို လုပ်ဆောင်ပေးမယ်။ သူတို့ကို စွန့်ပစ်မှာ မဟုတ်ဘူး။” ၁၇  ထွင်းထုတဲ့ရုပ်တုကို ကိုးစားတဲ့သူတွေ၊သွန်းထားတဲ့ရုပ်တုကို “ဒါ ငါတို့ရဲ့ဘုရားပဲ” လို့ပြောတဲ့သူတွေဟာ လှည့်ပြန်သွားရလိမ့်မယ်။ လုံးလုံး အရှက်ကွဲရလိမ့်မယ်။+ ၁၈  နားမကြားသူတို့၊ နားထောင်ကြ။ မျက်စိမမြင်သူတို့၊ မြင်အောင် ကြည့်ကြ။+ ၁၉  ငါ့ကျွန်လောက် မျက်စိကန်းတဲ့သူ၊ငါလွှတ်လိုက်တဲ့ တမန်လောက် နားပင်းတဲ့သူ ဘယ်သူရှိသလဲ။ ငါဆုချခဲ့တဲ့သူလောက် မျက်စိကန်းတဲ့သူ၊ယေဟောဝါရဲ့ကျွန်လောက် မျက်စိကန်းတဲ့သူ ဘယ်သူရှိသလဲ။+ ၂၀  မင်းက အများကြီးမြင်ရပေမဲ့ ဆက်ပြီး စောင့်ကြည့်မနေဘူး။ နားကိုစွင့်ပေမဲ့ နားမထောင်ဘူး။+ ၂၁  ယေဟောဝါဟာ မိမိရဲ့ဖြောင့်မတ်မှုအတွက် ပညတ်ကို ကြီးမြတ်အောင်၊ဂုဏ်ကျက်သရေရှိအောင် လုပ်ရတာကို နှစ်သက်တယ်။ ၂၂  ဒါပေမဲ့ ဒီလူတွေဟာ တိုက်ခိုက်ခံရသူတွေ၊ လုယက်ခံရသူတွေပဲ။+ သူတို့အားလုံးက တွင်းတွေမှာ ပိတ်မိပြီး အကျဉ်းထောင်တွေမှာ ပိတ်လှောင်ခံရတယ်။+ တိုက်ခိုက်ခံရတယ်။ ကယ်မယ့်သူ မရှိဘူး။+ လုယက်ခံရတယ်။ “ပြန်ခေါ်ခဲ့” လို့ပြောမယ့်သူ မရှိဘူး။ ၂၃  မင်းတို့ထဲမှာ ဒါကိုကြားတဲ့သူ ဘယ်သူရှိသလဲ။ အနာဂတ်အတွက် ဘယ်သူ အာရုံစိုက်နားထောင်မလဲ။ ၂၄  လုယက်သူတွေလက်ထဲ ယာကုပ်ကို ဘယ်သူအပ်သလဲ။ တိုက်ခိုက်သူတွေလက်ထဲ အစ္စရေးကို ဘယ်သူအပ်သလဲ။ ငါတို့ပြစ်မှားခဲ့တဲ့အရှင် ယေဟောဝါပဲ မဟုတ်လား။ သူတို့က ဘုရားရဲ့လမ်းစဉ်အတိုင်း မလိုက်လျှောက်ဘူး။ ဘုရားရဲ့ပညတ်ကို မနာခံဘူး။+ ၂၅  ဒါကြောင့် ဘုရားက အစ္စရေးအပေါ် အမျက်ဒေါသ သွန်းလောင်းတယ်။ ပြင်းထန်တဲ့စစ်ပွဲ ကျရောက်စေတယ်။+ ပတ်လည်မှာ ရှိသမျှကို စစ်မီးလျှံတွေ ဝါးမျိုပေမဲ့ သူဂရုမစိုက်ဘူး။+ သူ့ကိုလောင်ကျွမ်းပေမဲ့ နှလုံးမသွင်းဘူး။+

အောက်ခြေမှတ်ချက်များ

မူရင်း၊ “ကျွန်းတွေ။”