ဟေရှာယ ၄၇:၁-၁၅
၄၇ အို ဗာဗုလုန်သမီးပျို၊ဆင်းလာပြီး မြေမှုန့်မှာ ထိုင်ပါ။+
ခါလဒဲသမီးပျို၊ရာဇပလ္လင်မရှိတဲ့ မြေပေါ်မှာ ဆင်းထိုင်ပါ။+
မင်းကို နူးညံ့သူ၊ လိုတရသူလို့ ခေါ်ကြတော့မှာ မဟုတ်ဘူး။
၂ ကြိတ်ဆုံယူပြီး ဂျုံကြိတ်ပါ။
ဇာပဝါကို ချွတ်လိုက်ပါ။
ဝတ်ရုံကိုလည်း ချွတ်လိုက်ပါ။
အဝတ်ကို ပေါင်အထိ မပြီး မြစ်တွေကို ဖြတ်ကူးပါ။
၃ မင်းအဝတ်ဗလာ ဖြစ်နေတာကို လူတွေ တွေ့ရလိမ့်မယ်။
မင်း အရှက်ကွဲသွားတာကိုလည်း မြင်ရလိမ့်မယ်။
ငါလက်စားချေမယ်။+ ငါ့ကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ဘူး။*
၄ “ငါတို့ကို ပြန်ဝယ်တဲ့အရှင်ဟာ အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင်ပဲ။
နာမတော်ဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပဲ။”+
၅ အို ခါလဒဲသမီးပျို၊+နှုတ်ဆိတ်ပြီး ထိုင်နေပါ။ အမှောင်ထဲ ဝင်သွားပါ။
မင်းကို တိုင်းနိုင်ငံတို့ရဲ့ သခင်မလို့ ခေါ်ကြတော့မှာ မဟုတ်ဘူး။+
၆ ငါ့လူတွေကို ငါစိတ်ဆိုးတယ်။+
ဒါကြောင့် ငါ့အမွေကို ရှုတ်ချပြီး+ မင်းလက်ထဲ အပ်ခဲ့တယ်။+
ဒါပေမဲ့ မင်းက သူတို့ကို ကရုဏာမပြဘူး။+
အသက်ကြီးသူတွေကိုတောင် လေးလံတဲ့ထမ်းပိုး ထမ်းခိုင်းတယ်။+
၇ “ငါဟာ အမြဲထာဝရ သခင်မပဲ” လို့ မင်းပြောခဲ့တယ်။+
ကိုယ့်လုပ်ရပ်ကို ပြန်မသုံးသပ်ဘူး။
ဘယ်လို ဇာတ်သိမ်းသွားနိုင်တယ်ဆိုတာ မစဉ်းစားဘူး။
၈ ဘေးကင်းလုံခြုံစွာ ထိုင်နေတဲ့သူ၊ အပျော်အပါးမက်တဲ့သူ၊+မင်းက “ငါဟာ ကြီးမြတ်တဲ့သူပဲ။ ငါကလွဲလို့ ဘယ်သူမှမရှိဘူး။+
ဘယ်တော့မှ မုဆိုးမဘဝ မရောက်ဘူး။
သားသမီးတွေ ဆုံးပါးတဲ့အဖြစ်မျိုး ဘယ်တော့မှ ကြုံရမှာ မဟုတ်ဘူး”+ လို့ အောက်မေ့ခဲ့တယ်။
အခုတော့၊ နားထောင်ပါ။
၉ တစ်နေ့ချင်းမှာ မင်း ရုတ်တရက်ကြုံရမယ့်အရာ နှစ်ခုရှိတယ်–+
သားသမီးတွေ ဆုံးပါးမယ်။ မုဆိုးမဘဝ ရောက်သွားမယ်။
ပယောဂအတတ်၊ ပြုစားတဲ့အတတ်ကို အကြီးအကျယ် လိုက်စားခဲ့တဲ့အတွက်*+ အဲဒီဒဏ်ကို အပြည့်အဝခံရမယ်။+
၁၀ မင်းက ဆိုးညစ်မှုကို ယုံကြည်ကိုးစားခဲ့တယ်။
“ငါ့ကို ဘယ်သူမှ မတွေ့ပါဘူး” လို့ပြောတယ်။
မင်းရဲ့ဉာဏ်ပညာနဲ့ အသိပညာကြောင့် လမ်းလွဲခဲ့တယ်။
“ငါဟာ ကြီးမြတ်တဲ့သူပဲ။ ငါကလွဲလို့ ဘယ်သူမှမရှိဘူး” လို့ ကိုယ့်ကိုယ်ကိုယ် အောက်မေ့နေတယ်။
၁၁ ဒါပေမဲ့ မင်းအပေါ် ဘေးဆိုးကျရောက်မယ်။
မင်းရွတ်တဲ့ ဂါထာတစ်ခုကမှ မတားဆီးပေးနိုင်ဘူး။
ဘေးဒုက္ခကျရောက်တဲ့အခါ မင်း ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး။
မင်းမကြားမသိဖူးတဲ့ ပျက်စီးခြင်းဘေး ရုတ်တရက် ကျရောက်မယ်။+
၁၂ ငယ်ငယ်ကတည်းက မင်းလိုက်စားခဲ့တဲ့ ပြုစားတဲ့အတတ်နဲ့ မှော်အတတ်တွေကိုပဲ ဆက်ပြီး လိုက်စားနေပေတော့။+
အကျိုးရကောင်းရမှာပေါ့။
လူတွေလန့်ဖျပ်သွားအောင် လုပ်ကောင်းလုပ်နိုင်မှာပေါ့။
၁၃ အကြံပေးသူတွေ များလွန်းလို့ မင်း ပင်ပန်းရောပေါ့။
မိုးကောင်းကင်ကို ကိုးကွယ်တဲ့သူတွေ၊* ကြယ်နက္ခတ်ကို ကြည့်ရှုတဲ့သူတွေ၊+လဆန်းနေ့တွေမှာ လကို ကြည့်ပြီး မင်းကြုံရမယ့်အရာတွေကို အသိပေးတဲ့သူတွေ အခု ထပြီး မင်းကို ကယ်တင်ပါစေ။
၁၄ ကြည့်ပါ။ သူတို့ဟာ ရိုးပြတ်တွေလို ဖြစ်နေပြီ။
သူတို့ မီးလောင်သွားလိမ့်မယ်။
မီးရှိန်ကနေ လွတ်အောင် ကိုယ့်ကိုယ်ကိုယ် မကယ်တင်နိုင်ကြဘူး။
အဲဒီမီးဟာ အနွေးဓာတ်ရစေတဲ့ မီးကျီးခဲလိုမျိုး၊ထိုင်ပြီးလှုံလို့ရတဲ့ မီးလိုမျိုး မဟုတ်ဘူး။
၁၅ ငယ်ငယ်ကတည်းက အတူဒုက္ခခံခဲ့တဲ့ မင်းရဲ့မှော်ဆရာတွေ အဲဒီလို ဖြစ်သွားမယ်။
ခြေဦးတည့်ရာ လျှောက်သွားကြလိမ့်မယ်။
မင်းကိုကယ်မယ့်သူ ရှိမှာမဟုတ်ဘူး။+