ဟေရှာယ ၅:၁-၃၀

  • ယေဟောဝါရဲ့စပျစ်ခြံအကြောင်း သီချင်း (၁-၇)

  • ယေဟောဝါရဲ့စပျစ်ခြံ အဖြစ်ဆိုးကြုံရ (၈-၂၄)

  • လူမျိုးတော်ကို ဘုရား အမျက်ထွက် (၂၅-၃၀)

၅  ငါချစ်ရသူအတွက် သီချင်းတစ်ပုဒ် ဆိုပါရစေ။ ငါချစ်ရသူနဲ့ သူ့စပျစ်ခြံအကြောင်းပေါ့။+ သီးပွင့်ဖြစ်ထွန်းတဲ့ တောင်စောင်းမှာ ငါချစ်ရသူရဲ့စပျစ်ခြံ ရှိတယ်။  ၂  သူက မြေကိုတူးပြီး ကျောက်ခဲတွေကို ရှင်းထုတ်တယ်။ အကောင်းဆုံး စပျစ်နီမျိုးကို စိုက်ပျိုးပြီးခြံအလယ်မှာ မျှော်စင်ကို ဆောက်တယ်။ စပျစ်သီးနယ်ရာကျင်းကိုလည်း ထွင်းတယ်။+ အဲဒီနောက် စပျစ်သီး သီးမယ်လို့ မျှော်လင့်နေတယ်။ ဒါပေမဲ့ အရိုင်းတွေပဲ သီးလာတယ်။+  ၃  ဒါကြောင့် သူပြောတာက “ဂျေရုဆလင်မြို့သူမြို့သားတို့၊ ယုဒလူတို့၊အခု ငါနဲ့ ငါ့စပျစ်ခြံရဲ့အမှုကို တရားစီရင်ပေးကြပါဦး။+  ၄  စပျစ်ခြံအတွက် ငါမလုပ်ပေးတာဘာများရှိသေးလို့လဲ။+ စပျစ်သီး သီးမယ်လို့ မျှော်လင့်ပေမဲ့ဘာကြောင့် အရိုင်းတွေပဲ သီးရတာလဲ။  ၅  အခု ငါ့စပျစ်ခြံကို ငါဘာလုပ်တော့မယ်ဆိုတာပြောပြပါရစေ– ခြံစည်းရိုးကို ငါဖယ်ရှားမယ်။ ခြံကို မီးရှို့မယ်။+ ကျောက်တံတိုင်းကို ဖြိုချမယ်။ ငါ့စပျစ်ခြံဟာ နင်းခြေခံရမယ်။  ၆  ငါက စပျစ်ခြံကို မြေရိုင်းဖြစ်စေမယ်။+ အပင်တွေ မချိုင်ဘူး။ ပေါင်းပင်တွေ မရှင်းဘူး။ ဆူးချုံတွေ၊ ပေါင်းပင်တွေနဲ့ တောထနေလိမ့်မယ်။+ လုံးဝ မိုးမရွာဖို့ မိုးတိမ်တွေကိုငါအမိန့်ပေးထားမယ်။+  ၇  အစ္စရေးအမျိုးဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါရဲ့ စပျစ်ခြံပဲ။+ ယုဒလူတွေဟာ ငါမြတ်နိုးတဲ့ စိုက်ခင်းပဲ။ တရားမျှတမှုကို ငါမျှော်လင့်နေပေမဲ့+မတရားမှုတွေပဲ ရှိနေတယ်။ ဖြောင့်မတ်မှုကို မျှော်လင့်နေပေမဲ့ဒုက္ခရောက်လို့ ငိုကြွေးတဲ့အသံကိုပဲ ကြားနေရတယ်။”+  ၈  အိမ်တစ်လုံးပြီးတစ်လုံး သိမ်းယူရုံမက+မြေလပ်မကျန်တဲ့အထိ လယ်တစ်ကွက်ပြီးတစ်ကွက် သိမ်းယူတဲ့သူတွေ၊+တစ်ပြည်လုံးမှာ ကိုယ်ပဲနေထိုင်ချင်တဲ့သူတွေအဖြစ်ဆိုးကြုံရလိမ့်မယ်။  ၉  ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက‘အိမ်ကြီးအိမ်ကောင်းတွေနေထိုင်သူမရှိဘဲလူတွေထိတ်လန့်စရာ ဖြစ်သွားမယ်။+ ၁၀  စပျစ်ခြံဆယ်ဧကမှာ စပျစ်ဝိုင် တစ်ဗတ်ပဲ* ထွက်လိမ့်မယ်။ မျိုးစေ့ တစ်ဟောမဲ* ကြဲရင် တစ် ဧဖာပဲ* ထွက်လိမ့်မယ်’+ လို့ ကျိန်ဆိုလိုက်တာကို ငါကြားတယ်။ ၁၁  အရက်သောက်ဖို့ မနက်စောစော ထတဲ့သူတွေ၊+စပျစ်ဝိုင်မမူးမချင်း မိုးချုပ်တဲ့အထိ တမြမြသောက်နေတဲ့သူတွေ အဖြစ်ဆိုးကြုံရလိမ့်မယ်။ ၁၂  သူတို့ရဲ့ စားသောက်ပွဲတွေမှာ စောင်း၊ ကြိုးတပ်တူရိယာ၊ချူတပ်ဗုံ၊ ပလွေနဲ့ စပျစ်ဝိုင်တွေ ပါတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ လုပ်ဆောင်မှုအကြောင်းကို မစဉ်းစားကြဘူး။ ဘုရားရဲ့လက်ရာတွေကို မမြင်ကြဘူး။ ၁၃  ငါ့လူတွေဟာ အသိပညာမရှိတဲ့အတွက်ပြည်နှင်ခံရမယ်။+ မှူးမတ်တွေ ဆာလောင်နေရလိမ့်မယ်။+ လူအားလုံး ရေငတ်လို့ အာခြောက်ရလိမ့်မယ်။ ၁၄  ဒါကြောင့် သင်္ချိုင်း* က ချဲ့ထွင်ပြီးပါးစပ်ကို အစွမ်းကုန်ဟထားတယ်။+ ဂျေရုဆလင်မြို့မှာရှိတဲ့ ဂုဏ်အသရေရှိသူတွေ၊ ဆူညံနေတဲ့ လူအုပ်တွေ၊သောက်စားပျော်ပါးနေသူတွေဟာ သင်္ချိုင်းထဲ ဆင်းရလိမ့်မယ်။ ၁၅  လူတွေ ပျပ်ဝပ်ရလိမ့်မယ်။ နှိမ့်ချခံရလိမ့်မယ်။ မောက်မာသူတွေ နှိမ့်ချခံရလိမ့်မယ်။ ၁၆  ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက တရားစီရင်ချက်အားဖြင့် မိမိရဲ့ကြီးမြတ်မှုကို ထင်ရှားစေမယ်။ စစ်မှန်တဲ့ဘုရားသခင်၊ သန့်ရှင်းတဲ့အရှင်က+ ဖြောင့်မတ်ခြင်းအားဖြင့် မိမိရဲ့သန့်ရှင်းမြင့်မြတ်မှုကို ဖော်ပြမယ်။+ ၁၇  သိုးသငယ်တွေက ကိုယ့်စားကျက်မှာလို လွတ်လွတ်လပ်လပ် ကျက်စားနေလိမ့်မယ်။ တိုင်းတစ်ပါးသားတွေကလည်း ဆူဖြိုးတဲ့တိရစ္ဆာန်တွေ ကျက်စားခဲ့ဖူးတဲ့ လူသူကင်းမဲ့တဲ့ နေရာတွေမှာ စားသောက်နေမယ်။ ၁၈  လှည်းကို ကြိုးနဲ့ဆွဲသလိုအမှားတွေ၊ အပြစ်တွေကို လှည့်စားခြင်းကြိုးနဲ့ ဆွဲတဲ့သူတွေ  အဖြစ်ဆိုးကြုံရလိမ့်မယ်။ ၁၉  “ဘုရားက လုပ်စရာရှိတာ မြန်မြန်လုပ်ပါစေ။ အဲဒါတွေ အမြန်ဖြစ်လာပါစေ။ ဒါမှ ငါတို့မြင်ရမှာ။ အစ္စရေးတွေ ကိုးကွယ်တဲ့ သန့်ရှင်းတဲ့အရှင်ရဲ့ ရည်ရွယ်ချက် ပြည့်စုံလာပါစေ။ ဒါမှ ငါတို့သိရမှာ” လို့ပြောတဲ့သူတွေ အဖြစ်ဆိုးကြုံရလိမ့်မယ်။+ ၂၀  အကောင်းကို အဆိုး၊ အဆိုးကို အကောင်းလို့ ပြောတဲ့သူတွေ၊+အလင်းနေရာမှာ အမှောင်၊ အမှောင်နေရာမှာ အလင်းကို အစားထိုးတဲ့သူတွေ၊အချိုနေရာမှာ အခါး၊ အခါးနေရာမှာ အချိုကိုထားတဲ့သူတွေ အဖြစ်ဆိုးကြုံရလိမ့်မယ်။ ၂၁  ကိုယ့်ကိုယ်ကိုယ် ပညာရှိတယ်လို့ ထင်နေသူတွေ၊ကိုယ့်ကိုယ်ကိုယ် သတိပညာရှိတယ်လို့ ထင်နေသူတွေ အဖြစ်ဆိုးကြုံရလိမ့်မယ်။+ ၂၂  စပျစ်ဝိုင်အများကြီး သောက်နိုင်သူတွေ၊အရက်ယမကာ ရောစပ်ရာမှာ ကျွမ်းကျင်သူတွေ အဖြစ်ဆိုးကြုံရလိမ့်မယ်။+ ၂၃  လာဘ်စားနိုင်ဖို့ လူဆိုးကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးပြီး+ဖြောင့်မတ်သူကို တရားမျှတစွာ မစီရင်ပေးတဲ့သူတွေ အဖြစ်ဆိုးကြုံရလိမ့်မယ်။+ ၂၄  ကောက်ရိုးတွေကို မီးတောက်တွေ ဝါးမျိုပစ်သလို၊မြက်ခြောက်တွေ မီးလျှံထဲမှာ ရှုံ့တွသွားသလိုသူတို့ရဲ့အမြစ်တွေ ပုပ်ဆွေးပြီးပန်းပွင့်တွေလည်း ဖုန်မှုန့်လို လွင့်သွားမယ်။ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါရဲ့ပညတ်ကို ငြင်းပယ်ပြီးအစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင် စကားကို သူတို့ မခန့်လေးစား လုပ်ခဲ့ကြလို့ပဲ။+ ၂၅  ဒါကြောင့် ယေဟောဝါက လူမျိုးတော်ကို အမျက်ထွက်တယ်။ လက်ကိုဆန့်ပြီး ဒဏ်ခတ်မယ်။+ တောင်တန်းတွေ တုန်လှုပ်မယ်။ လူသေအလောင်းတွေဟာ လမ်းပေါ်မှာ အမှိုက်သရိုက်လို ဖြစ်လိမ့်မယ်။+ ဒါတောင် ဘုရားက အမျက်မပြေဘူး။ ဒဏ်ခတ်ဖို့ လက်ကို ဆန့်မြဲဆန့်ထားတယ်။ ၂၆  ဘုရားက တိုင်ကို စိုက်ထူပြီး ရပ်ဝေးက လူမျိုးကို အချက်ပြလိုက်ပြီ။+ ကမ္ဘာမြေအစွန်အဖျားကနေ လာဖို့ လေချွန်ပြီး ခေါ်လိုက်ပြီ။+ ဒါကြောင့် သူတို့ အလျင်အမြန် လာနေကြပြီ။+ ၂၇  သူတို့ထဲမှာ မောပန်းသူ၊ တိုက်မိလဲသူ၊အိပ်ငိုက်နေသူ၊ အိပ်ပျော်နေသူ တစ်ယောက်မှ မပါဘူး။ သူတို့ပတ်ထားတဲ့ ခါးစည်းဟာ ပြေလျော့မနေဘူး။ ဖိနပ်ကြိုးလည်း မပြတ်ဘူး။ ၂၈  သူတို့ရဲ့မြားတွေ ချွန်ထက်နေတယ်။ လေးညှို့တင်ထားတယ်။ မြင်းခွာတွေဟာ မီးခတ်ကျောက်လို မာကျောပြီးရထားဘီးတွေဟာ လေပွေလို မွှတ်နေအောင် လည်နေတယ်။+ ၂၉  သူတို့ရဲ့ ကြွေးကြော်သံဟာ ခြင်္သေ့ဟိန်းသံနဲ့ တူတယ်။ ခြင်္သေ့ပျိုတွေလို ဟိန်းကြတယ်။+ မာန်ဖီပြီး သားကောင်ကို ကိုက်ဆွဲသွားလိမ့်မယ်။ ကယ်မယ့်သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး။ ၃၀  အဲဒီနေ့မှာ သူတို့ရဲ့မာန်ဖီသံဟာ ပင်လယ်အော်သံလို ဖြစ်မယ်။+ ပြည်ကို လှမ်းကြည့်တဲ့အခါ စိတ်ပျက်စရာ အမှောင်ထုကိုပဲ တွေ့ရမယ်။ တိမ်ထုကြီးတွေကြောင့် ကောင်းကင်တောင် မည်းမှောင်နေမယ်။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။