ဟေရှာယ ၅၀:၁-၁၁

  • အစ္စရေးရဲ့အပြစ်တွေ ပြဿနာပေါ်စေ (၁-၃)

  • ယေဟောဝါရဲ့ကျွန် နာခံမှုမရှိ (၄-၁၁)

    • စာသင်သားလို ပြောဆို၊ နားထောင် ()

၅၀  ယေဟောဝါ ပြောတာက– “မင်းတို့ရဲ့မိခင်ကို ငါထွက်သွားခိုင်းတုန်းက ကွာရှင်းစာချုပ် ပေးခဲ့လို့လား။+ မင်းတို့ကို ကြွေးရှင်ဆီ ရောင်းစားခဲ့လို့လား။ မင်းတို့ရဲ့ အမှားတွေကြောင့်သာ+ ရောင်းစားခံခဲ့ရတာ။ မင်းတို့ရဲ့ အပြစ်တွေကြောင့်သာ မင်းတို့ရဲ့မိခင် ထွက်သွားခဲ့ရတာ။+  ၂  ငါရောက်လာတော့ ဘာလို့ တစ်ယောက်မှ မရှိတာလဲ။ ငါခေါ်တော့ ဘာလို့ တစ်ယောက်မှ မထူးတာလဲ။+ မရွေးယူနိုင်လောက်အောင် ငါ့လက် တိုလွန်းသလား။ မကယ်တင်နိုင်လောက်အောင် ငါ့မှာ တန်ခိုးမရှိဘူးလား။+ ငါဆုံးမလိုက်လို့ ပင်လယ် ခန်းခြောက်သွားတယ်။+ မြစ်တွေကိုလည်း ကန္တာရ ဖြစ်စေတယ်။+ ရေမရှိလို့ ငါးတွေ ပုပ်ကုန်တယ်။ ရေခန်းသွားလို့ သေကုန်တယ်။  ၃  ငါက မိုးကောင်းကင်ကို အမှောင်ထု ဝတ်ဆင်ပေးပြီး+ အထည်ကြမ်း ခြုံလွှမ်းပေးတယ်။”  ၄  ပင်ပန်းနေသူကို စကားပြောဆိုတတ်ဖို့*+ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက ငါ့ကို သင်ပေးတယ်။+ ငါ့ကို မနက်တိုင်း နှိုးတယ်။ စာသင်သားတွေလို နားထောင်တတ်အောင် ငါ့ကိုနှိုးပြီး သင်ပေးတယ်။+  ၅  အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက ငါ့နားကို ဖွင့်ပေးတယ်။ ငါ ကလန်ကဆန် မလုပ်ဘူး။+ လှည့်ထွက်မသွားဘူး။+  ၆  ငါက ရိုက်နှက်တဲ့သူတွေဆီ ကျောပြင်ကို အပ်တယ်။ မုတ်ဆိတ်မွေး ဆွဲနုတ်တဲ့သူတွေဆီ ပါးပြင်ကို အပ်တယ်။ အရှက်ခွဲခံရတဲ့အခါ၊ တံတွေးထွေးခံရတဲ့အခါ မျက်နှာမလွှဲဘူး။+  ၇  အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ကူညီပေးလိမ့်မယ်။+ ဒါကြောင့် ငါအရှက်ခွဲခံရတယ်လို့ မခံစားရဘူး။ မျက်နှာကို မီးခတ်ကျောက်လို ထားတယ်။+ အရှက်ကွဲမှာ မဟုတ်မှန်း သိတယ်။  ၈  ငါ့ကိုဖြောင့်မတ်တယ်လို့ သတ်မှတ်တဲ့အရှင်ဟာ အနားမှာရှိတယ်။ ငါ့ကို ဘယ်သူ စွဲချက်တင်မလဲ။+ အမှုရင်ဆိုင်ကြစို့။ ငါ့ကို ဘယ်သူ အမှုဖွင့်မလဲ။ အနားကို လာပါစေ။  ၉  အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ကူညီပေးမယ်။ ငါ့ကို အပြစ်ရှိသူလို့ ဘယ်သူပြောမလဲ။ သူတို့ဟာ အဝတ်လို ဟောင်းနွမ်းသွားမယ်။ ပိုးတွေ ကိုက်စားသွားမယ်။ ၁၀  ယေဟောဝါကို ကြောက်ရွံ့ရိုသေတဲ့သူ၊ဘုရားကျွန်ပြောတာကို+ နားထောင်တဲ့သူ ဘယ်သူရှိသလဲ။ အလင်းမရှိတဲ့ အမှောင်ထုထဲ လျှောက်တဲ့သူ ဘယ်သူရှိသလဲ။ ရှိရင် ယေဟောဝါရဲ့နာမည်ကို ယုံကြည်ကိုးစားပါစေ။ ဘုရားသခင်ကို မှီခိုအားထားပါစေ။ ၁၁  “မီးမွှေးပြီး မီးပွားလွင့်စင်စေသူတို့၊မီးရောင်အောက်မှာ၊ မင်းတို့တောက်လောင်စေတဲ့ မီးပွားတွေကြားမှာလျှောက်ကြပါ။ မင်းတို့ စူးစူးရှရှ နာကျင်ပြီး လဲကျသွားလိမ့်မယ်။ ဒါဟာ မင်းတို့ခံရမယ့် ပြစ်ဒဏ်ပဲ။

အောက်ခြေမှတ်ချက်များ

“ခွန်အားပေးဖို့” လည်းဖြစ်နိုင်။