ဟေရှာယ ၅၂:၁-၁၅

  • ဇိအုန်၊ နိုးထပါ (၁-၁၂)

    • သတင်းကောင်းသယ်ဆောင်သူတွေရဲ့ ခြေဟာ တင့်တယ် ()

    • ဇိအုန်ကင်းစောင့်တွေ သံပြိုင်ကြွေးကြော် ()

    • ယေဟောဝါရဲ့ အသုံးအဆောင်ပစ္စည်း သယ်ဆောင်သူတို့ သန့်ရှင်းရ (၁၁)

  • ယေဟောဝါရဲ့ကျွန် ချီးမြှောက်ခံရ (၁၃-၁၅)

    • ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ အသွင်အပြင် (၁၄)

၅၂  အို ဇိအုန်၊+ နိုးထပါ။ နိုးထပါ။ အစွမ်းခွန်အားကို ဝတ်ဆင်ပါ။+ သန့်ရှင်းတဲ့မြို့တော် ဂျေရုဆလင်၊ လှပတဲ့အဝတ်တွေ ဝတ်ဆင်ပါ။+ အရေဖျားမဖြတ်သူတွေ၊ မသန့်ရှင်းသူတွေ မင်းဆီ ဝင်လာတော့မှာ မဟုတ်ဘူး။+  ၂  အို ဂျေရုဆလင်၊ ဖုန်တွေကို ခါပစ်ပါ။ ထပြီး ခုံပေါ်မှာထိုင်ပါ။ သုံ့ပန်းဘဝရောက်နေတဲ့ ဇိအုန်သမီးပျို၊ လည်မှာချည်ထားတဲ့ ကြိုးတွေကို ဖြေလိုက်ပါ။+  ၃  “မင်းတို့ကို အဖိုးအခမရဘဲ ရောင်းခဲ့တယ်။+ အခမဲ့ ပြန်ဝယ်မယ်” လို့ ယေဟောဝါ ပြောတယ်။+  ၄  “အစတုန်းက အီဂျစ်ပြည်မှာ တိုင်းတစ်ပါးသားတွေအဖြစ် နေထိုင်ဖို့ ငါ့လူတွေ ဆင်းသွားတယ်။+ နောက်တော့ သူတို့ကို အဆီးရီးယားတွေ အကြောင်းမဲ့ ဖိနှိပ်တယ်” လို့ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်။  ၅  “အခုတော့ ငါဘာလုပ်ရမလဲ” လို့ ယေဟောဝါ ပြောတယ်။ ယေဟောဝါပြောတာက “အဖိုးအခမပေးဘဲ ငါ့လူတွေကို ခေါ်သွားကြပြီ။ သူတို့ကို အုပ်စိုးတဲ့သူတွေ အဆက်မပြတ် အောင်သံလွှင့်နေတယ်။+ ငါ့နာမည်ကို တစ်နေ့လုံး မခန့်လေးစား လုပ်နေကြတယ်။+  ၆  ဒါကြောင့် ငါ့လူတွေက ငါ့နာမည်ကို သိရလိမ့်မယ်။+ ဒီစကားတွေကို ပြောနေတာ ငါပဲဆိုတာ အဲဒီနေ့မှာ သိရကြလိမ့်မယ်။ ဒါကိုပြောနေတာ ငါပဲ။”  ၇  သတင်းကောင်း သယ်ဆောင်လာသူ၊ ငြိမ်သက်ခြင်းသတင်း ကြွေးကြော်သူ၊+ ကောင်းကျိုးချမ်းသာနဲ့ဆိုင်တဲ့ သတင်းကောင်း သယ်ဆောင်လာသူ၊ ကယ်တင်ခြင်းသတင်း ကြွေးကြော်သူ၊ “ဘုရားသခင် ဘုရင်ဖြစ်ပြီ”+ လို့ ဇိအုန်ကို ပြောတဲ့သူရဲ့ ခြေဟာ တောင်တန်းတွေပေါ်မှာ လှပတင့်တယ်လိုက်တာ။+  ၈  နားထောင်ပါ။ ကင်းစောင့်တွေ အော်ပြောနေတယ်။ ရွှင်လန်းစွာ သံပြိုင်ကြွေးကြော်နေတယ်။ ယေဟောဝါက ဇိအုန်ကို ပြန်စုသိမ်းတဲ့အခါ သူတို့ မျက်ဝါးထင်ထင် မြင်ရလိမ့်မယ်။  ၉  ဂျေရုဆလင်မြို့ရဲ့ အပျက်အယွင်းတို့၊ ပျော်မြူးကြ။ ရွှင်လန်းစွာ သံပြိုင်ကြွေးကြော်ကြ။+ ယေဟောဝါက မိမိရဲ့လူတွေကို နှစ်သိမ့်ပေးပြီ။+ ဂျေရုဆလင်မြို့ကို ပြန်ဝယ်လိုက်ပြီ။+ ၁၀  ယေဟောဝါက သန့်ရှင်းတဲ့ လက်ရုံးတော်ကို လူမျိုးအားလုံးမြင်အောင် ထင်ရှားပြပြီ။+ ဘုရားသခင် ကယ်တင်တာကို ကမ္ဘာမြေတစ်ခွင်လုံး မြင်ရလိမ့်မယ်။+ ၁၁  ထွက်သွားကြ။ ထွက်သွားကြ။ အဲဒီကနေ ထွက်သွားကြ။+ မသန့်ရှင်းတာမှန်သမျှ လက်နဲ့တောင် မထိကြနဲ့။+ ယေဟောဝါရဲ့ အသုံးအဆောင်ပစ္စည်းတွေကို သယ်ဆောင်သူတို့၊+ သူ့ဆီကနေ ထွက်သွားကြ။+ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းအောင်နေကြ။ ၁၂  မင်းတို့ ထိတ်ထိတ်ပျာပျာ ထွက်လာရမှာ မဟုတ်ဘူး။ ထွက်ပြေးလာရမှာ မဟုတ်ဘူး။ ယေဟောဝါက မင်းတို့ရှေ့ကနေ သွားမယ်။+ အစ္စရေးတို့ရဲ့ ဘုရားသခင်က နောက်ကနေ စောင့်ကြပ်မယ်။+ ၁၃  ကြည့်ပါ။ ငါ့ကျွန်က+ ထိုးထွင်းဉာဏ်ရှိရှိ လုပ်ဆောင်မယ်။ သူ ချီးမြှင့်ခံရလိမ့်မယ်။ ချီးမြှောက်ခံရပြီး ကြီးမြတ်လာမယ်။+ ၁၄  သူ့အသွင်အပြင်ဟာ တခြားလူတွေထက် ပုံပျက်ပန်းပျက် ဖြစ်နေလို့၊ ခံ့ညားတဲ့ သူ့အသွင်အပြင်ဟာ လူသားတွေထက် ရုပ်ပျက်ဆင်းပျက် ဖြစ်နေလို့ လူတွေ အံ့သြတကြီး စိုက်ကြည့်ကြလိမ့်မယ်။ ၁၅  သူဟာ လူမျိုးများစွာကို တအံ့တသြ ဖြစ်စေမယ်။+ ဘုရင်တွေဟာ သူ့ရှေ့မှာ နှုတ်ကို ပိတ်ထားမယ်။+ လူတွေ မပြောဖူးတဲ့အရာကို သူတို့မြင်ရလို့ပဲ။ မကြားဖူးတဲ့အရာကို ကြားရလို့ပဲ။+

အောက်ခြေမှတ်ချက်များ