ဟေရှာယ ၅၃:၁-၁၂

  • ယေဟောဝါရဲ့ကျွန် ခံစားရတဲ့ ဝေဒနာ၊ သေခြင်း၊ သင်္ဂြိုဟ်ခံရခြင်း (၁-၁၂)

    • အထင်သေးကြ၊ ကြဉ်ထားကြ ()

    • ဖျားနာမှု၊ နာကျင်မှုကို သယ်ဆောင် ()

    • “အသတ်ခံရမယ့် သိုးတစ်ကောင်လို” ()

    • လူများစွာရဲ့အပြစ်ကို သယ်ဆောင် (၁၂)

၅၃  ငါတို့ပြောတဲ့ သတင်းကို ဘယ်သူယုံလို့လဲ။+ ယေဟောဝါရဲ့ လက်ရုံးတော်+ ဘယ်သူ့ကို ထင်ရှားပြခဲ့ပြီလဲ။+  ၂  သူဟာ ခြောက်သွေ့တဲ့မြေမှာ ပေါက်တဲ့အမြစ်လို၊ အတက်လို+ ရှေ့မှာ* ထွက်ပေါ်လာလိမ့်မယ်။ သူ့အသွင်အပြင်ဟာ မခံ့ညားဘူး၊ မခမ်းနားဘူး။+ ငါတို့အမြင်မှာ သူ့ရုပ်သွင်ဟာ ဆွဲဆောင်မှုမရှိဘူး။  ၃  သူ့ကို လူတွေ အထင်သေးကြတယ်၊ ကြဉ်ထားကြတယ်။+ သူဟာ နာကျင်မှုတွေ၊ ဖျားနာမှုတွေနဲ့ အကျွမ်းဝင်တဲ့သူပဲ။ ငါတို့မမြင်အောင် သူ့မျက်နှာကို ဖုံးထားသလို ဖြစ်နေတယ်။* သူဟာ အထင်သေးခံရတယ်။ သူ့ကို ငါတို့ အရေးမလုပ်ခဲ့ကြဘူး။+  ၄  သူက တကယ်ပဲ ငါတို့ရဲ့ ဖျားနာမှုကို သယ်ဆောင်ခဲ့တယ်။+ ငါတို့ရဲ့ နာကျင်မှုတွေကို ထမ်းပေးခဲ့တယ်။+ ငါတို့ကတော့ သူ့ကို ရောဂါဆိုးရှိသူ၊ ဘုရားသခင် ဒဏ်ခတ်တဲ့သူ၊ အတိဒုက္ခရောက်သူလို့ ယူမှတ်ခဲ့တယ်။  ၅  ငါတို့ရဲ့ အပြစ်အတွက်+ သူထိုးဖောက်ခံခဲ့ရတယ်။+ ငါတို့ရဲ့ အမှားအတွက် နင်းခြေခံခဲ့ရတယ်။+ ငါတို့သင့်မြတ်ငြိမ်းချမ်းဖို့ သူပြစ်ဒဏ်ခံခဲ့ရတယ်။+ သူ့ဒဏ်ရာတွေကြောင့် ငါတို့ အနာရောဂါ ပျောက်ကင်းသွားတယ်။+  ၆  ငါတို့အားလုံး သိုးတွေလို လမ်းလွဲသွားတဲ့အတွက်+ ကိုယ့်လမ်းကိုယ် လျှောက်ကြတယ်။ ယေဟောဝါက ငါတို့အားလုံးရဲ့ အမှားတွေကို သူ့အပေါ်တင်ခဲ့တယ်။+  ၇  သူဟာ ဖိနှိပ်ခံရတယ်၊+ ဒုက္ခခံခဲ့ရတယ်။+ ဒါပေမဲ့ စကားတစ်ခွန်းမှ မဟခဲ့ဘူး။ အသတ်ခံရမယ့် သိုးလို သူ့ကိုခေါ်သွားတယ်။+ အမွေးညှပ်သူရှေ့မှာ တိတ်တိတ်လေးနေတဲ့ သိုးမလို စကားတစ်ခွန်းမှ မဟခဲ့ဘူး။+  ၈  သူ့ကို ဖိနှိပ်ကြတယ်။ မျှမျှတတ မစီရင်ဘဲ ဖယ်ရှားပစ်ကြတယ်။ သူ့မျိုးရိုးဇာတိအကြောင်း အသေးစိတ်ကို ဘယ်သူအရေးလုပ်လို့လဲ။ သူ့ကို သက်ရှိလောကထဲကနေ ပယ်ရှင်းကြတယ်။+ ငါ့လူတွေရဲ့ အပြစ်ကြောင့် သူရိုက်နှက်ခံရတယ်။+  ၉  သူဟာ အမှားတစ်ခုမှ မကျူးလွန်ခဲ့ဘူး။ လှည့်စားတဲ့စကားတွေ မပြောခဲ့ဘူး။+ ဒါပေမဲ့ သူသေဆုံးတဲ့အခါ လူဆိုးတွေနဲ့အတူ သင်္ဂြိုဟ်ခံရတယ်။+ သူဌေးတွေနဲ့လည်း သင်္ဂြိုဟ်ခံရတယ်။+ ၁၀  သူနင်းခြေခံရဖို့ ယေဟောဝါ အလိုရှိတယ်။ သူ့ကို ဒုက္ခခံဖို့ ခွင့်ပြုခဲ့တယ်။ သူ့အသက်ကို ဒုစရိုက်ဖြေရာအလှူအဖြစ် ဘုရားသခင် ပေးမယ်ဆိုရင်+ သူ့မျိုးနွယ်ကို သူမြင်ရလိမ့်မယ်။ သူ့အသက် ရှည်လိမ့်မယ်။+ ယေဟောဝါ အားရနှစ်သက်တဲ့အရာက သူကတစ်ဆင့် အောင်မြင်လာမယ်။+ ၁၁  ခံရတဲ့ဝေဒနာကြောင့် ရလာမယ့် အကျိုးကိုမြင်ပြီး ကျေနပ်လိမ့်မယ်။ ငါ့ရဲ့ ဖြောင့်မတ်တဲ့ကျွန်ဟာ ရထားတဲ့ အသိပညာအားဖြင့်+ လူများစွာကို ဖြောင့်မတ်တဲ့အနေအထား ရရှိစေလိမ့်မယ်။+ လူတွေရဲ့အမှားတွေကို ထမ်းလိမ့်မယ်။+ ၁၂  သူဟာ အသက်စွန့်ပြီး ပေးဆက်ခဲ့တယ်။+ အပြစ်ကျူးလွန်သူတွေနဲ့အတူ ရေတွက်ခံခဲ့တယ်။+ လူများစွာရဲ့ အပြစ်ကို သယ်ဆောင်ပေးခဲ့တယ်။+ အပြစ်ကျူးလွန်သူတွေအတွက် ကြားဝင် အသနားခံပေးခဲ့တယ်။+ ဒါကြောင့် သူ့ကို လူများစွာနဲ့အတူ ဝေစုတစ်စု ပေးမယ်။ ခွန်အားကြီးသူတွေနဲ့အတူ တိုက်ရာပါဥစ္စာတွေကို သူခွဲဝေယူရလိမ့်မယ်။

အောက်ခြေမှတ်ချက်များ

ကြည့်နေသူရှေ့ ဒါမှမဟုတ် ဘုရားသခင်ရှေ့မှာ ဖြစ်နိုင်။
“သူဟာ မျက်နှာလွှဲခံရသူလို ဖြစ်နေတယ်” လည်းဖြစ်နိုင်။