ဟေရှာယ ၅၇:၁-၂၁
၅၇ ဖြောင့်မတ်သူ သေဆုံးသွားပေမဲ့ ဘယ်သူမှ နှလုံးမသွင်းကြဘူး။
သစ္စာစောင့်သိသူတွေ သေဆုံးသွားတာ၊+ဖြောင့်မတ်သူတွေ ဘေးဆိုးကြောင့် သေဆုံးသွားတာကို*
ဘယ်သူမှ မသိကြဘူး။
၂ ငြိမ်းချမ်းတဲ့နေရာကို သူတို့ရောက်သွားတယ်။
ဖြောင့်မှန်စွာ လျှောက်လှမ်းသူတိုင်း သင်္ချိုင်းမှာ* နားနေခွင့်ရကြတယ်။
၃ “စုန်းမရဲ့သားတို့၊အိမ်ထောင်ရေး ဖောက်ပြန်သူနဲ့ ပြည့်တန်ဆာရဲ့ သားသမီးတို့၊ဒီနားကို လာကြ။
၄ မင်းတို့ ဘယ်သူ့ကို နောက်ပြောင်နေတာလဲ။
ဘယ်သူ့ကို ပါးစပ်ဟပြီး လျှာထုတ်ပြနေတာလဲ။
မင်းတို့ဟာ ပြစ်မှားမှုရဲ့ သားသမီးတွေ၊လှည့်စားမှုရဲ့ သားသမီးတွေပဲ။+
၅ သစ်ပင်ကြီးတွေကြားမှာ၊+စိမ်းလန်းတဲ့အပင်တွေ အောက်မှာ ရမ္မက်မီး တောက်လောင်နေသူတွေပဲ။+
ချိုင့်ဝှမ်းတွေမှာ၊ ကျောက်ကြိုကျောက်ကြားတွေမှာ သားသမီးတွေကို သတ်ဖြတ်တဲ့သူတွေပဲ။+
၆ ချိုင့်ဝှမ်းထဲက ကျောက်လုံးကြီးတွေဟာ မင်းတို့ရဲ့ဝေစု၊+ မင်းတို့ရဲ့ဝေပုံပဲ။
မင်းတို့က အဲဒီကျောက်တွေကိုတောင် သွန်းလောင်းရာအလှူတွေ လောင်းတယ်။
လက်ဆောင်တွေ ဆက်သတယ်။+
အဲဒါတွေနဲ့ ငါကျေနပ်နေရမှာလား။
၇ မင်းတို့က မြင့်မားတဲ့ တောင်ထိပ်ပေါ်မှာ အိပ်ရာခင်းတယ်။+
အဲဒီကိုတက်သွားပြီး ယဇ်ပူဇော်တယ်။+
၈ တံခါးနဲ့ တံခါးတိုင်နောက်မှာ အမှတ်သင်္ကေတကို ထားတယ်။
ငါ့ကို စွန့်ပစ်တယ်။ အဝတ်ချွတ်ပြီး အဲဒီကို တက်သွားတယ်။
ပြီးတော့ အိပ်ရာကို အကျယ်ကြီးခင်းတယ်။
သူတို့နဲ့ ပဋိညာဉ်ဖွဲ့တယ်။
သူတို့နဲ့အိပ်ရတာကို သဘောကျတယ်။+
ယောက်ျားတန်ဆာကို ကြည့်တယ်။*
၉ ဆီတွေ၊ ရေမွှေးတွေ အများကြီးယူပြီး မေလက်ဆီ* ဆင်းသွားတယ်။
သင်္ချိုင်းထဲ ဆင်းဖို့ တမန်တွေကို ရပ်ဝေးဆီ စေလွှတ်တယ်။
၁၀ မင်းတို့က လမ်းစဉ်အမျိုးမျိုးနောက် အပင်ပန်းခံပြီး လိုက်ပေမဲ့ ‘မျှော်လင့်ချက် မရှိဘူး’ လို့ မပြောဘူး။
အစွမ်းခွန်အား ပြန်ပြည့်လာတဲ့အတွက် လက်မလျှော့ဘူး။
၁၁ ဘယ်သူ့ကို ကြောက်လို့ လိမ်ပြောနေကြတာလဲ။+
မင်းတို့ ငါ့ကို သတိမရဘူး။+
ဘာကိုမှလည်း နှလုံးမသွင်းဘူး။+
မင်းတို့ရဲ့လုပ်ရပ်တွေကို ငါမထုတ်ဖော်ဘဲ နှုတ်ဆိတ်နေခဲ့တဲ့အတွက်+ ငါ့ကို လုံးဝမကြောက်ကြတာလား။
၁၂ အခု မင်းတို့ရဲ့ လုပ်ရပ်တွေ၊+ ‘ဖြောင့်မတ်မှုတွေ’ ကို ငါဖော်ထုတ်တော့မယ်။+
အဲဒါတွေက ဘာမှ အကျိုးပေးမှာ မဟုတ်ဘူး။+
၁၃ ရုပ်တုတွေ အပုံလိုက်ကြီးရှိပေမဲ့ မင်းတို့ အော်ဟစ်အကူအညီတောင်းတဲ့အခါ ကယ်နိုင်မှာ မဟုတ်ဘူး။+
လေတိုက်ရာဆီ အားလုံးလွင့်ပါသွားမယ်။
လေတစ်ချက် မှုတ်လိုက်ရုံနဲ့ လွင့်ထွက်သွားမယ်။
ငါ့ဆီမှာ ခိုလှုံသူတွေကတော့ ပြည်တော်ကို အမွေရမယ်။
သန့်ရှင်းတဲ့တောင်ကို ပိုင်ဆိုင်ရလိမ့်မယ်။+
၁၄ ‘လမ်းဖောက်ကြ။ လမ်းဖောက်ပြီး အသင့်ပြင်ကြ။+
ငါ့လူတွေသွားမယ့် လမ်းပေါ်က အတားအဆီးမှန်သမျှ ဖယ်ရှားကြ’ လို့ပြောလိမ့်မယ်။”
၁၅ သန့်ရှင်းမြင့်မြတ်တဲ့ နာမည်ကို ပိုင်ဆိုင်ပြီး+
ထာဝစဉ်အသက်ရှင်တဲ့+ အမြင့်မြတ်ဆုံးအရှင် ပြောတာက–
“မြင့်တဲ့နေရာ၊ သန့်ရှင်းတဲ့နေရာမှာ ငါစံမြန်းပေမဲ့+ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေ၊ စိတ်နှိမ့်ချသူတွေဆီမှာလည်း ငါနေတယ်။
စိတ်နှိမ့်ချသူကို အားသစ်လောင်းပေးမယ်။
ကြေကွဲနေသူတွေကို အားသစ်လောင်းပေးမယ်။+
၁၆ သူတို့ကို ငါအမြဲ ဆန့်ကျင်နေမှာ မဟုတ်ဘူး။
အမြဲ ဒေါသထွက်နေမှာ မဟုတ်ဘူး။+
အဲဒီလိုသာဆိုရင် လူတွေရော၊ ငါဖန်ဆင်းထားတဲ့ သတ္တဝါတွေပါ ငါ့ကြောင့် စိတ်အားလျော့လိမ့်မယ်။+
၁၇ မသမာနည်းနဲ့ စီးပွားရှာတဲ့ အပြစ်ကြောင့် သူတို့ကို ငါအမျက်ထွက်ပြီး ဒဏ်ခတ်တယ်။+
အမျက်ထွက်ပြီး မျက်နှာလွှဲထားတယ်။
ဒါပေမဲ့ သူတို့ကတော့ ကိုယ်ကြိုက်တဲ့ လမ်းစဉ်အတိုင်း လိုက်ပြီး ဖောက်ပြန်သူတွေလို ဆက်လျှောက်လှမ်းတယ်။+
၁၈ သူတို့ရဲ့ လမ်းစဉ်တွေကိုငါမြင်တယ်။
ဒါပေမဲ့ သူတို့ကို ငါကုသမယ်၊+ လမ်းပြမယ်။+
သူတို့ကိုရော အတူညည်းတွားပြီး ငိုကြွေးနေသူတွေကိုပါ+ ငါနှစ်သိမ့်ပေးမယ်။”+
၁၉ “ချီးမွမ်းစကား ထွက်ပေါ်လာအောင် ငါလုပ်မယ်။
ရပ်ဝေးရပ်နီးမှာ နေထိုင်သူတွေကို တည်မြဲတဲ့ငြိမ်သက်ခြင်း ပေးမယ်။+
သူတို့ကို ကုသပေးမယ်” လို့ ယေဟောဝါဘုရား ပြောတယ်။
၂၀ “လူဆိုးတွေကတော့ မငြိမ်သက်နိုင်ဘဲ ဟုန်းဟုန်းထနေတဲ့ ပင်လယ်၊ရေညှိတွေ၊ ရွှံ့တွေကို ကမ်းပေါ်ပက်တင်နေတဲ့ ပင်လယ်နဲ့ တူတယ်။
၂၁ လူဆိုးတွေဆီမှာ ငြိမ်သက်ခြင်း မရှိဘူး”+ လို့ ဘုရားသခင် ပြောတယ်။