ဟေရှာယ ၅၈:၁-၁၄
၅၈ “အသံကုန် အော်ပြောလိုက်ပါ။
တံပိုးမှုတ်သံလို မင်း အကျယ်ကြီး အော်လိုက်ပါ။
ငါ့လူတွေရဲ့ ပုန်ကန်မှုအကြောင်း၊+ယာကုပ်အမျိုးရဲ့ အပြစ်တွေအကြောင်း ကြေညာလိုက်ပါ။
၂ သူတို့က ငါ့လမ်းညွှန်ချက်တွေကို နေ့တိုင်းရှာကြတယ်။
ငါ့လမ်းစဉ်တွေအကြောင်း သိချင်ကြတယ်။
ဖြောင့်မတ်စွာ ကျင့်ကြံပြီး ဘုရားသခင့်ပညတ်တွေကို မပစ်ပယ်တဲ့လူမျိုး ပုံစံဖမ်းကြတယ်။+
ငါနဲ့ ရင်းနှီးချင်သလို ဟန်ဆောင်ပြီး+ ဖြောင့်မတ်တဲ့ တရားစီရင် ချက်တွေကို ငါ့ဆီမှာ တောင်းကြတယ်–
၃ ‘ကျွန်တော်တို့ အစာရှောင်တာကို ကိုယ်တော် ဘာလို့မမြင်တာလဲ။+
ကိုယ့်ကိုယ်ကိုယ် ဒဏ်ပေးတာကို ဘာလို့ သတိမပြုမိတာလဲ’+ ဆိုပြီး သူတို့ပြောကြတယ်။
မင်းတို့က အစာရှောင်တဲ့နေ့မှာ ကိုယ်ကျိုးအတွက်ပဲ လုပ်နေပြီး
အလုပ်သမားတွေကိုလည်း ဖိနှိပ်နေတာကိုး။+
၄ မင်းတို့ရဲ့ အစာရှောင်ချိန်ဟာ ငြင်းခုံရန်ဖြစ်တာတွေ၊
ထိုးကြိတ်တာတွေနဲ့ပဲ ပြီးသွားတယ်။
အခုလိုပုံစံမျိုးနဲ့ အစာရှောင်လို့ကတော့ မင်းတို့အသံကို ကောင်းကင်ကနေ ငါနားထောင်မှာ မဟုတ်ဘူး။
၅ ငါနှစ်သက်တဲ့ အစာရှောင်ခြင်းဟာ အဲဒီလိုဖြစ်သင့်သလား။
ကိုယ့်ကိုယ်ကိုယ် ဒဏ်ပေးပြီး၊ခေါင်းကို ကျူရိုးလို ကိုင်းညွှတ်ပြီး အထည်ကြမ်းနဲ့ ပြာတွေပေါ် အိပ်တာနဲ့ပဲ အဲဒီနေ့ကို အစာရှောင်တဲ့နေ့၊ ယေဟောဝါ နှစ်သက်တဲ့နေ့လို့ မင်းတို့ခေါ်နေတာလား။
၆ ငါနှစ်သက်တဲ့ အစာရှောင်ခြင်းကတော့–
ဆိုးညစ်တဲ့ အချုပ်အနှောင်တွေကို ဖယ်ရှားပေးတာ၊ထမ်းပိုးပေါ်က ကြိုးတွေကို ဖြေပေးတာ၊+ဖိနှိပ်ခံရသူတွေကို လွှတ်ပေးတာ+ ထမ်းပိုးမှန်သမျှကို ချိုးပစ်တာပဲ။
၇ ဆာလောင်နေသူတွေကို စားစရာဝေမျှတာ၊+ဆင်းရဲသားတွေ၊ အိုးမဲ့အိမ်မဲ့တွေကို အိမ်ထဲခေါ်လာတာ၊အဝတ်အစားမရှိတဲ့သူတွေကို တွေ့တဲ့အခါ ဝတ်စရာပေးတာ၊+သွေးရင်းသားရင်းတွေကို မပစ်ထားတာပဲ။
၈ ဒါဆိုရင် မင်းတို့ရဲ့အလင်းဟာ အရုဏ်ဦးလို ထွန်းလင်းလိမ့်မယ်။+
ချက်ချင်း ကျန်းမာလာမယ်။
ဖြောင့်မတ်ခြင်းက မင်းတို့ရှေ့က သွားမယ်။
ယေဟောဝါရဲ့ ဘုန်းတန်ခိုးက နောက်ရံတပ်လို ဖြစ်မယ်။+
၉ မင်းတို့ခေါ်တဲ့အခါ ယေဟောဝါ ထူးမယ်။
မင်းတို့ အော်ဟစ်အကူအညီတောင်းတဲ့အခါ ‘ငါရှိတယ်’ လို့ပြောမယ်။
မင်းတို့တင်ထားတဲ့ ထမ်းပိုးကို ဖယ်ရှားမယ်ဆိုရင်၊သူများကို လက်ညှိုးထိုးတာ၊ မလိုတမာစိတ်နဲ့ ပြောတာတွေကို ရပ်တန့်မယ်ဆိုရင်၊+
၁၀ ဆာလောင်နေသူကို ကိုယ်ကြိုက်တဲ့အရာ ပေးမယ်ဆိုရင်၊+
ဒုက္ခရောက်နေသူတွေရဲ့ လိုအပ်ရာကို ဖြည့်ဆည်းပေးမယ်ဆိုရင် မင်းတို့ရဲ့အလင်းဟာ အမှောင်ထဲမှာတောင် ထွန်းလင်းနေလိမ့်မယ်။
မင်းတို့ရဲ့ ညအမှောင်ဟာ မွန်းတည့်အလင်းလို ဖြစ်လာမယ်။+
၁၁ ငါယေဟောဝါက မင်းတို့ကို အမြဲဦးဆောင်မယ်။
ခြောက်သွေ့တဲ့ ပြည်မှာတောင် မင်းတို့ကို စိတ်ကျေနပ်စေမယ်။+
မင်းတို့ရဲ့ အရိုးတွေကို သန်မာစေမယ်။
မင်းတို့ဟာ ရေဝတဲ့ ဥယျာဉ်လို၊+ဘယ်တော့မှ မခန်းတဲ့ စမ်းချောင်းလို ဖြစ်လာမယ်။
၁၂ မင်းတို့အတွက် ရှေးဟောင်းအပျက်အယွင်းတွေကို ပြန်တည်ဆောက်ကြလိမ့်မယ်။+
လူမျိုးအဆက်ဆက် ပျက်စီးနေတဲ့ အုတ်မြစ်တွေကို မင်းတို့ပြန်ချမယ်။+
မြို့ရိုးပျက်တွေကို ပြုပြင်တဲ့သူတွေ၊+လူစည်ကားတဲ့လမ်းတွေကို ပြန်ခင်းတဲ့သူတွေလို့ သမုတ်ခံရမယ်။
၁၃ ဥပုသ်ပညတ် စောင့်ထိန်းတဲ့အနေနဲ့ မြင့်မြတ်တဲ့နေ့မှာ ကိုယ်ကျိုးမရှာဘူးဆိုရင်၊+ဥပုသ်နေ့ကို ပျော်ရွှင်ကြည်နူးရတဲ့နေ့၊ယေဟောဝါရဲ့ မြင့်မြတ်တဲ့နေ့၊ နေ့ထူးနေ့မြတ်လို့ သတ်မှတ်မယ်ဆိုရင်၊+
ကိုယ်ကျိုးရှာပြီး အကျိုးမရှိတာတွေ ပြောနေမယ့်အစား အဲဒီနေ့ကို အလေးထားမယ်ဆိုရင်၊
၁၄ ယေဟောဝါကြောင့် မင်းတို့ ပျော်ရွှင်ကြည်နူးရလိမ့်မယ်။
ငါက မင်းတို့ကို ကမ္ဘာမြေပေါ်က မြင့်တဲ့အရပ်တွေကို အုပ်စိုးခွင့်ပေးမယ်။+
ဘိုးဘေးယာကုပ်ရဲ့ အမွေကို စားသုံးခွင့်ပေးမယ်။+
ဒါဟာ ယေဟောဝါရဲ့ နှုတ်ထွက်စကားပဲ။”