ဟေရှာယ ၆၂:၁-၁၂

  • ဇိအုန်ရဲ့ နာမည်အသစ် (၁-၁၂)

၆၂  ဖြောင့်မတ်ခြင်းဟာ တောက်ပစွာ မထွန်းလင်းမချင်း၊+ကယ်တင်ခြင်းဟာ မီးတုတ်လို မတောက်လောင်မချင်း+ ငါက ဇိအုန်အတွက်၊ ဂျေရုဆလင်အတွက် ငြိမ်နေမှာ မဟုတ်ဘူး။+  ၂  “အို အမျိုးသမီး၊ မင်းရဲ့ ဖြောင့်မတ်ခြင်းကို လူမျိုးတွေ မြင်ရလိမ့်မယ်။+ မင်းရဲ့ ဂုဏ်ကျက်သရေကို ဘုရင်တွေ မြင်ရလိမ့်မယ်။+ ယေဟောဝါကိုယ်တိုင် မှည့်ထားတဲ့ နာမည်အသစ်နဲ့ မင်းကိုခေါ်ကြလိမ့်မယ်။+  ၃  မင်းဟာ ယေဟောဝါရဲ့လက်ထဲက အလှသရဖူ၊ဘုရားသခင်ရဲ့ လက်ဖဝါးထဲက တော်ဝင်ခေါင်းပေါင်း ဖြစ်ရလိမ့်မယ်။  ၄  မင်းကို စွန့်ပစ်ခံရတဲ့မိန်းမလို့ မခေါ်ကြတော့ဘူး။+ မင်းရဲ့ပြည်ကို လူသူဆိတ်ညံတဲ့ပြည်လို့ မခေါ်ကြတော့ဘူး။+ ငါယေဟောဝါက မင်းကို နှစ်သက်မြတ်နိုးမယ်။ မင်းရဲ့ပြည်ကလည်း ထိမ်းမြားထားတဲ့သူလို ဖြစ်လာမယ်။ ဒါကြောင့် မင်းကို ‘ငါနှစ်သက်မြတ်နိုးတဲ့သူ၊’+မင်းရဲ့ပြည်ကို ‘ထိမ်းမြားထားတဲ့သူ’ လို့ ခေါ်ကြလိမ့်မယ်။  ၅  လူပျိုက အပျိုစင်ကို လက်ထပ်ယူသလို မင်းရဲ့သားတွေက မင်းကို လက်ထပ်ယူမယ်။ သတို့သားက သတို့သမီးကြောင့် ဝမ်းမြောက်သလို ငါက မင်းကြောင့် ဝမ်းမြောက်မယ်။+  ၆  အို ဂျေရုဆလင်၊ မင်းရဲ့မြို့ရိုးတွေပေါ် ကင်းစောင့်တွေ ငါချထားတယ်။ သူတို့က နေ့ရောညပါ နှုတ်ဆိတ်နေကြမှာ မဟုတ်ဘူး။ ယေဟောဝါကို ချီးမွမ်းသူတို့၊ မနားကြနဲ့။  ၇  ဂျေရုဆလင်ကို အခိုင်အမာ မတည်မချင်း၊ကမ္ဘာမြေပေါ်မှာ ချီးမွမ်းစရာဖြစ်အောင် မလုပ်မချင်း ဘုရားဆီ မပြတ်တောင်းလျှောက်ကြ။”+  ၈  အားကြီးတဲ့ ညာလက်ရုံးကို မြှောက်ပြီး ယေဟောဝါ ကျိန်ဆိုတာက– “မင်းရဲ့ကောက်နှံကို ရန်သူတွေစားဖို့ ငါမပေးတော့ဘူး။ ပင်ပင်ပန်းပန်း လုပ်ထားတဲ့ စပျစ်ဝိုင်အသစ်ကိုလည်း တိုင်းတစ်ပါးသားတွေ မသောက်စေရဘူး။+  ၉  ရိတ်သိမ်းသူတွေပဲ ကောက်နှံတွေကို စားသုံးပြီး ယေဟောဝါကို ချီးမွမ်းကြလိမ့်မယ်။ စပျစ်သီးဆွတ်တဲ့သူတွေပဲ ငါ့ရဲ့ သန့်ရှင်းတဲ့ရင်ပြင်တွေမှာ စပျစ်ဝိုင်သောက်ရလိမ့်မယ်။”+ ၁၀  မြို့တံခါးတွေကနေ ထွက်ကြ။ ထွက်သွားကြ။ လူတွေအတွက် လမ်းရှင်းပေးကြ။+ လမ်းဖောက်ကြ။ လမ်းဖောက်ကြ။ ကျောက်တုံးတွေ ရှင်းထုတ်ပြီး+ အလံစိုက်ထူကြ။+ ၁၁  ကမ္ဘာမြေရဲ့ အစွန်အဖျားဒေသတွေကို ယေဟောဝါ ကြေညာတာက– “‘မင်းရဲ့ကယ်တင်ခြင်း လာနေပြီ။+ ဆုလာဘ်တော်ဟာ ဘုရားဆီမှာ ရှိနေတယ်။ ဘုရားပေးမယ့် လုပ်ခကလည်း ရှေ့တော်မှာ ရှိနေတယ်’+ လို့ ဇိအုန်သမီးပျိုကို ပြောလိုက်ပါ။” ၁၂  သူတို့ကို သန့်ရှင်းတဲ့လူမျိုး၊ ယေဟောဝါ ပြန်ဝယ်ထားသူတွေလို့ ခေါ်ကြလိမ့်မယ်။+ မင်းကိုလည်း ပြန်ရှာဖွေထားတဲ့မြို့၊ စွန့်ပစ်မထားတဲ့မြို့လို့ ခေါ်ကြလိမ့်မယ်။+

အောက်ခြေမှတ်ချက်များ