ဟေရှာယ ၆၃:၁-၁၉
၆၃ ဧဒုံပြည်၊+ ဗောဇရမြို့ကနေ+ လာနေတာ ဘယ်သူလဲ။
ခမ်းနားတောက်ပတဲ့* အဝတ်ကို ဝတ်ပြီး ကြီးမားတဲ့တန်ခိုးနဲ့ ချီတက်လာနေတာ ဘယ်သူလဲ။
“ဖြောင့်မတ်မှုနဲ့အညီ ပြောဆိုတဲ့အရှင်၊ကယ်တင်နိုင်တဲ့ တန်ခိုးကြီးရှင် ငါပဲ။”
၂ ကိုယ်တော့်အဝတ်ဟာ ဘာလို့ နီရဲနေတာလဲ။
ဝတ်ရုံဟာ စပျစ်သီးနင်းနယ်သူတွေရဲ့ ဝတ်ရုံလို ဘာလို့ဖြစ်နေတာလဲ။+
၃ “စပျစ်ကျင်းမှာ ငါတစ်ယောက်တည်း နင်းနယ်ရတယ်။
ငါနဲ့အတူ လူတစ်ယောက်မှ မရှိဘူး။
ဒေါသတကြီး ငါနင်းနယ်ပစ်တယ်။
အမျက်ဒေါသနဲ့ နင်းခြေပစ်တယ်။+
ဒါကြောင့် သူတို့ရဲ့သွေးတွေ ငါ့ဝတ်ရုံမှာ စဉ်ကုန်ပြီ။
ငါ့အဝတ်တွေ ပေကုန်ပြီ။
၄ လက်စားချေမယ့်နေ့ဟာ ငါ့စိတ်ထဲမှာ ရှိတယ်။+
ငါပြန်ဝယ်ထားသူတွေရဲ့ နှစ်လည်း ရောက်လာပြီ။
၅ ငါကြည့်လိုက်တော့ ကူညီမယ့်သူ မရှိဘူး။
ထောက်မကူညီသူ မရှိတော့ ငါစိတ်ပျက်မိတယ်။
ဒါကြောင့် ငါကိုယ်တိုင် လက်ရုံးနဲ့ ကယ်တင်မယ်။+
ငါ့ကို ထောက်မကူညီနေတာ ငါ့အမျက်ဒေါသပဲ။
၆ လူတွေကို ဒေါသနဲ့ ငါနင်းခြေပစ်ပြီ။
သူတို့ကို ငါ့အမျက်နဲ့ မူးယစ်စေပြီ။+
သူတို့ရဲ့သွေးကို မြေပေါ် သွန်းလောင်းလိုက်ပြီ။”
၇ ယေဟောဝါက ကရုဏာတော်နဲ့ ကြီးမားလှတဲ့ ခိုင်မြဲတဲ့မေတ္တာတော်နဲ့အညီ ငါတို့အတွက် များစွာ လုပ်ဆောင်ပေးခဲ့တယ်၊+အစ္စရေးတွေအတွက် ကောင်းမှုများစွာ လုပ်ပေးခဲ့တယ်။
ဒါကြောင့် ယေဟောဝါရဲ့ ခိုင်မြဲတဲ့ မေတ္တာပါလုပ်ရပ်တွေ၊ယေဟောဝါရဲ့ ချီးမွမ်းထိုက်တဲ့ လုပ်ရပ်တွေအကြောင်း ငါထုတ်ဖော်ပြောမယ်။
၈ “သူတို့ဟာ ဧကန်မုချ ငါ့လူတွေပဲ၊
သစ္စာမဖောက်မယ့် သားတွေပဲ”+ လို့ ဘုရားပြောခဲ့တယ်။
ဒါကြောင့် ဘုရားက သူတို့ရဲ့ကယ်တင်ရှင် ဖြစ်လာတယ်။+
၉ သူတို့ဒုက္ခရောက်ချိန် တစ်လျှောက်လုံးမှာ ဘုရားလည်း နာကျင်ခံစားခဲ့ရတယ်။+
ဘုရားရဲ့စေတမန်* ကိုယ်တိုင် သူတို့ကို ကယ်တင်ခဲ့တယ်။+
ဘုရားက မေတ္တာ၊ သနားစာနာမှုနဲ့အညီ သူတို့ကိုပြန်ဝယ်ပြီး ထူမပေးခဲ့တယ်။+
အတိတ်ကာလတစ်လျှောက်လုံး ချီပိုက်ပြီး ခေါ်ဆောင်ခဲ့တယ်။+
၁၀ ဒါပေမဲ့ သူတို့က ပုန်ကန်ပြီး+ သန့်ရှင်းသော စွမ်းအားတော်ကို ဝမ်းနည်းစေတယ်။+
ဒါကြောင့် ဘုရားဟာ သူတို့ရန်သူဖြစ်လာပြီး+ သူတို့ကို တိုက်ခိုက်ခဲ့တယ်။+
၁၁ အဲဒီအခါ အတိတ်ကနေ့ရက်တွေ၊ဘုရားကျွန် မောရှေရဲ့ခေတ်ကို သူတို့ပြန်သတိရပြီး “သိုးအုပ်ကို သိုးထိန်းတွေနဲ့အတူ+ ပင်လယ်ထဲကနေ ခေါ်ထုတ်လာတဲ့အရှင်က ဘယ်မှာလဲ။+
သူ့ကို သန့်ရှင်းသော စွမ်းအားတော်ပေးတဲ့အရှင် ဘယ်မှာလဲ။+
၁၂ ဘုန်းတန်ခိုးကြီးတဲ့ လက်ရုံးတော်ကို မောရှေရဲ့ ညာလက်နဲ့အတူ ရှိစေတဲ့အရှင်၊+နာမတော်ကို ထာဝစဉ်ထင်ရှားစေဖို့+ သူတို့ရှေ့မှာ ရေကိုခွဲပစ်တဲ့အရှင် ဘယ်မှာလဲ။+
၁၃ လွင်ပြင်မှာပြေးတဲ့ မြင်းလို သူတို့ကို ဟုန်းဟုန်းထတဲ့ ရေထဲမှာ တိုက်မိမလဲဘဲ ဖြတ်လျှောက်သွားစေတဲ့အရှင် ဘယ်မှာလဲ။
၁၄ ချိုင့်ဝှမ်းလွင်ပြင်ထဲ ဆင်းသွားပြီး နားနေတဲ့ တိရစ္ဆာန်တွေလို ယေဟောဝါရဲ့ စွမ်းအားတော်ကြောင့် သူတို့နားနေခဲ့ရတာပဲ”+ လို့ပြောကြတယ်။
ကိုယ်တော်က တင့်တယ်တဲ့ နာမတော်ကို ထင်ရှားစေဖို့ လူမျိုးတော်ကို အဲဒီလို ဦးဆောင်လမ်းပြခဲ့တယ်။+
၁၅ ကောင်းကင်ပေါ်ကနေ ငုံ့ကြည့်လှည့်ပါ။
သန့်ရှင်းပြီး ဂုဏ်ကျက်သရေရှိတဲ့ မြင့်မြတ်တဲ့စံအိမ်ကနေ ကြည့်လှည့်ပါ။
ကိုယ်တော်ရဲ့ စိတ်ထက်သန်မှုနဲ့ အစွမ်းခွန်အားတွေ၊သနားစာနာစိတ်နဲ့+ ကရုဏာစိတ်တွေ ဘယ်ရောက်ကုန်ပြီလဲ။+
အဲဒါတွေကို ကျွန်တော်တို့ဆီကနေ ရုပ်သိမ်းလိုက်ပြီ။
၁၆ ကိုယ်တော်ဟာ ကျွန်တော်တို့ရဲ့ ဖခင်ပါ။+
အာဗြဟံက ကျွန်တော်တို့ကို သိချင်မှ သိမယ်။
အစ္စရေးကလည်း အသိအမှတ်ပြုချင်မှ ပြုမယ်။
အို ယေဟောဝါ၊ ကိုယ်တော်သာ ကျွန်တော်တို့ရဲ့ဖခင်ပါ။
ကျွန်တော်တို့ကို ဟိုးအရင်ကတည်းက ပြန်ဝယ်တဲ့အရှင်ဆိုပြီး နာမည်တွင်ခဲ့တာ ကိုယ်တော်ပါ။+
၁၇ အို ယေဟောဝါ၊ ကျွန်တော်တို့ လမ်းတော်ကနေ လွဲဖယ်သွားတာကို ဘာကြောင့် ခွင့်ပြုတာလဲ။
ကိုယ်တော့်ကို မကြောက်ရွံ့တော့တဲ့အထိ ခေါင်းမာသွားတာကို ဘာကြောင့် ခွင့်ပြုတာလဲ။+
ကျွန်တော်မျိုးတို့အတွက်၊ အမွေတော်ဖြစ်တဲ့ မျိုးနွယ်တွေအတွက် ပြန်လာလှည့်ပါ။+
၁၈ သန့်ရှင်းတဲ့ လူမျိုးတော်က တိုင်း ပြည်ကို ခဏပဲပိုင်ဆိုင်ခဲ့ရပါတယ်။
သန့်ရှင်းရာဌာနတော်ကို ရန်သူတွေ နင်းခြေပစ်ပြီ။+
၁၉ ကျွန်တော်တို့ဟာ ကိုယ်တော် မအုပ်ချုပ်ဖူးတဲ့သူတွေလို၊နာမတော်နဲ့ မှည့်ခေါ်မခံရသူတွေလို ဖြစ်နေတာ ကြာလှပါပြီ။