ဟေရှာယ ၇:၁-၂၅

  • အာခတ်မင်းအတွက် သတင်း (၁-၉)

    • ရှာယာရှပ် ()

  • ဧမာနွေလနဲ့ပတ်သက်တဲ့ နိမိတ် (၁၀-၁၇)

  • သစ္စာမဲ့ခြင်းရဲ့ ဆိုးကျိုး (၁၈-၂၅)

၇  သြဇိရဲ့မြေး၊ ယောသံရဲ့သား ယုဒဘုရင် အာခတ် လက်ထက်မှာ+ ဆီးရီးယားဘုရင် ရေဇိန်နဲ့ ရေမလိရဲ့သား အစ္စရေးဘုရင် ပေကာတို့က+ ဂျေရုဆလင်မြို့ကို တိုက်ဖို့ ချီတက်လာတယ်။ ဒါပေမဲ့ မြို့ကို သူ* မသိမ်းပိုက်နိုင်ဘူး။+ ၂  “ဆီးရီးယားက ဧဖရိမ်စစ်တပ်နဲ့ ပူးပေါင်းလိုက်ပြီ” ဆိုတဲ့ သတင်းကို ဒါဝိဒ်အမျိုး ကြားတဲ့အခါ အာခတ်နဲ့ ပြည်သူပြည်သားတွေဟာ လေတိုက်လို့ လှုပ်ခတ်သွားတဲ့ သစ်ရွက်တွေလို အကြီးအကျယ် တုန်လှုပ်သွားတယ်။ ၃  အဲဒီအခါ ယေဟောဝါက ဟေရှာယကို ပြောတယ်– “မင်းရဲ့သား ရှာယာရှပ်*+ ကိုခေါ်ပြီး အာခတ်ကို သွားတွေ့ပါ။ အဝတ်လျှော်သည်ရဲ့လယ်ကို ဦးတည်တဲ့ လမ်းမအတိုင်း သွားလိုက်ရင် အထက်ရေကန်ရဲ့ ရေသွယ်ပြွန်အဆုံးကို+ ရောက်တဲ့အခါ သူနဲ့ဆုံလိမ့်မယ်။ ၄  သူ့ကို ပြောရမှာက ‘စိတ်ငြိမ်ငြိမ်ထားပါ။ မကြောက်ပါနဲ့။ မီးခိုးတငွေ့ငွေ့ ထွက်နေတဲ့ ထင်းစနှစ်ခုနဲ့တူတဲ့ ဆီးရီးယားဘုရင် ရေဇိန်နဲ့ ရေမလိရဲ့သားက ဒေါသထွက်နေတာ မှန်ပေမဲ့ သူတို့ကို မကြောက်ပါနဲ့။+ ၅  ဆီးရီးယားပြည်က ဧဖရိမ်ပြည်၊ ရေမလိရဲ့သားနဲ့ ပူးပေါင်းပြီး မင်းကြီးကို တိုက်ဖို့ လျှို့ဝှက်ကြံစည်နေတယ်။ ၆  “ယုဒပြည်ကို သွားတိုက်ခိုက်ကြရအောင်။ အဲဒီပြည်ကို တစ်စစီဖြစ်အောင်လုပ်ပြီး* သိမ်းပိုက်ကြမယ်။ ပြီးတော့ တဗေလရဲ့သားကို မင်းမြှောက်ကြမယ်”+ လို့ပြောနေတယ်။ ၇  “‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “အဲဒီအကြံ အောင်မြင်မှာ မဟုတ်ဘူး။ အကောင်အထည်ပေါ်မှာ မဟုတ်ဘူး။  ၈  ဆီးရီးယားပြည်ရဲ့ ခေါင်းဟာ ဒမတ်စကတ်မြို့ပဲ၊ဒမတ်စကတ်ရဲ့ ခေါင်းဟာ ရေဇိန်ပဲ။ ၆၅ နှစ်အတွင်းမှာ ဧဖရိမ်ဟာ တစ်စစီ ပြိုကွဲသွားမယ်။ လူမျိုးတစ်မျိုးအဖြစ် မတည်ရှိတော့ဘူး။+  ၉  ဧဖရိမ်ပြည်ရဲ့ ခေါင်းဟာ ရှမာရိပဲ၊+ရှမာရိရဲ့ ခေါင်းဟာ ရေမလိရဲ့သားပဲ။+ မင်းမှာ ခိုင်မာတဲ့ယုံကြည်ခြင်း မရှိရင်မင်းရဲ့နိုင်ငံ ခိုင်မြဲမှာ မဟုတ်ဘူး။”’” ၁၀  အဲဒီနောက်  ယေဟောဝါက အာခတ်မင်းကို၊ ၁၁  “မင်းရဲ့ဘုရား ယေဟောဝါဆီက နိမိတ်တစ်ခု တောင်းပါ။+  သင်္ချိုင်းအထိ  နက်ပါစေ၊ ကောင်းကင်အထိ မြင့်ပါစေ အဲဒီနိမိတ်ကို  ငါပေးမယ်”  လို့ပြောတော့၊ ၁၂  အာခတ်မင်းက “မတောင်းတော့ပါဘူး။ ယေဟောဝါဘုရားကို မစမ်းသပ်ချင်ဘူး” လို့ပြန်ပြောတယ်။ ၁၃  အဲဒီအခါ ဟေရှာယက “ဒါဝိဒ်အမျိုး၊ နားထောင်ပါ။ လူတွေရဲ့ စိတ်ရှည်မှုကို စမ်းသပ်ရတာ မကျေနပ်သေးလို့ ဘုရားသခင်ရဲ့ စိတ်ရှည်မှုကိုပါ စမ်းသပ်နေတာလား။+ ၁၄  ဘာပဲဖြစ်ဖြစ် ယေဟောဝါဘုရားက နိမိတ်တစ်ခု ပေးမယ်– မိန်းမပျိုတစ်ယောက် ကိုယ်ဝန်ရှိပြီး သားလေး မွေးလာမယ်။+ အဲဒီသားကို ဧမာနွေလ*+ ဆိုပြီး နာမည်ပေးလိမ့်မယ်။ ၁၅  အဲဒီကလေးက မကောင်းတာကို ပယ်ပြီး ကောင်းတာကို ရွေးချယ်တတ်တဲ့အရွယ် ရောက်တဲ့အခါ ထောပတ်နဲ့ တောထဲက ပျားရည်ကိုပဲ စားရလိမ့်မယ်။ ၁၆  အဲဒီကလေးက မကောင်းတာကို ပယ်ပြီး ကောင်းတာကို ရွေးချယ်တတ်တဲ့အရွယ် မရောက်ခင်မှာပဲ မင်းကြီး ဒူးတုန်အောင်ကြောက်ရတဲ့ ဘုရင်နှစ်ပါးရဲ့ တိုင်းပြည်ဟာ လွင်တီးခေါင်  ဖြစ်သွားမယ်။+ ၁၇  အဲဒီနောက် ယေဟောဝါဘုရားက မင်းကြီးကိုတိုက်ခိုက်ဖို့ အဆီးရီးယားဘုရင်ကို စေလွှတ်မယ်။+ ယုဒပြည်ကနေ ဧဖရိမ် ခွဲထွက်သွားချိန်ကစပြီး တစ်ခါမှမဖြစ်ဖူးသေးတဲ့ ဒုက္ခကာလကို မင်းကြီးနဲ့ ပြည်သူပြည်သားတွေ၊ ခမည်းတော်ရဲ့အမျိုးတွေကို ကြုံတွေ့စေမယ်။+ ၁၈  “အဲဒီအချိန် ရောက်လာတဲ့အခါ ယေဟောဝါဘုရားက အီဂျစ်ပြည်၊ နိုင်းမြစ်ရဲ့ မြစ်လက်တက် တစ်လျှောက်မှာရှိတဲ့ ယင်ကောင်တွေ၊ အဆီးရီးယားပြည်မှာရှိတဲ့ ပျားတွေကို လေချွန်ပြီး ခေါ်မယ်။ ၁၉  သူတို့အားလုံး ရောက်လာပြီး မတ်စောက်တဲ့ ချိုင့်ဝှမ်း၊ ကျောက်ကြိုကျောက်ကြား၊ ဆူးချုံ၊ ရေပေါများတဲ့နေရာတွေမှာ နားနေကြမယ်။ ၂၀  “အဲဒီအချိန်မှာ  ယေဟောဝါဘုရားက မြစ်ကြီး* အနီးမှာနေတဲ့ အဆီးရီးယားဘုရင်ကို သုံးပြီး၊+ ငှားရမ်းထားတဲ့ အဲဒီသင်တုန်းဓားကို သုံးပြီး ဆံပင်မွေး၊ ခြေသလုံးမွေးနဲ့ မုတ်ဆိတ်မွေးပါမကျန် ရိတ်ပစ်မယ်။ ၂၁  “အဲဒီအချိန်ရောက်ရင် လူတစ်ယောက်မှာ နွားမပျိုတစ်ကောင်၊ သိုးနှစ်ကောင်ပဲ ရှိတာတောင်၊ ၂၂  ထွက်တဲ့နို့က ပိုလျှံနေလို့ ထောပတ်စားရလိမ့်မယ်။ တိုင်းပြည်မှာ ကျန်ရစ်ခဲ့သူတွေဟာ ထောပတ်နဲ့ တောထဲက ပျားရည်ကိုပဲ စားရလိမ့်မယ်။ ၂၃  “အရင်က ငွေစ ၁,၀၀၀ တန်ဖိုးရှိပြီး စပျစ်ပင် ၁,၀၀၀ ပေါက်ခဲ့တဲ့နေရာတွေမှာ အဲဒီအချိန်ရောက်ရင် ဆူးချုံနဲ့ပေါင်းပင်တွေ  တောထနေမယ်။ ၂၄  တစ်ပြည်လုံးမှာ ဆူးချုံနဲ့ ပေါင်းပင်တွေပဲ ပေါက်နေမှာဖြစ်လို့ လူတွေက   လေးမြားတွေကိုင်ပြီး သွားလာရလိမ့်မယ်။ ၂၅  ပေါက်တူးနဲ့ ရှင်းလင်းခဲ့ဖူးတဲ့ တောင်တန်းတွေမှာ ဆူးချုံတွေ၊ ပေါင်းပင်တွေပဲ ပေါက်နေမှာဖြစ်လို့ အဲဒီနားကို ဘယ်သူမှသွားရဲမှာ မဟုတ်ဘူး။ အဲဒီနေရာတွေဟာ  သိုးနွားတွေရဲ့ စားကျက်မြေ ဖြစ်သွားမယ်။”

အောက်ခြေမှတ်ချက်များ

“သူတို့” လည်းဖြစ်နိုင်။
အဓိပ္ပာယ်၊ “ကျန်ကြွင်းသူတွေပဲ ပြန်လာမယ်။”
“ဖျက်ဆီးပြီး” လည်းဖြစ်နိုင်။
အဓိပ္ပာယ်၊ “ငါတို့နဲ့အတူ ဘုရားသခင်ရှိတယ်။”
ယူဖရေးတီးမြစ်။